မြေပိုင်တွင် အိမ်ဆောက် လိုသူများအတွက် နှစ်ရှည် ချေးငွေ ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
22507 Views

မြေပိုင်တွင် အိမ်ဆောက် လိုသူများအတွက် နှစ်ရှည် ချေးငွေ ထုတ်ချေးမည်

မြေပိုင်ရှိပြီး အိမ်ဆောက်ရန် သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ကိုင်ရန် အဆောက်အအုံ ဆောက်လုပ်ရန် အရင်းအနှီးမရှိသူများကို အရစ်ကျချေးငွေထုတ်ချေး ပေးမည့် ဝန်ဆောင်မှုအစီအစဉ်သစ်တစ်ခုကို KBZ Bank, Myanmar Art Construction & Development Co.Ltd နှင့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် မေလဆန်းပိုင်းမှ စတင်မိတ်ဆက်ခဲ့သည်။

ချေးငွေရယူလိုသူများအတွက် ကမ္ဘောဇဘဏ်မှ ချေးငွေထုတ်ချေးပေးမည်ဖြစ်ပြီး အဓိကတည်ဆောက်ပေးမည့်သူမှာ Myanmar Art Construction & Development Co.Ltd ဖြစ်သည်။ ချေးငွေရယူလိုသူများ၏ ချေးငွေရရှိရန် လိုအပ်သည့် စာရွက်စာတမ်း ခိုင်မာမှုတို့ကိုစိစစ်ပြီး ဆောက်လုပ်ပြီးအဆောက်အအုံတို့ကို ဈေးကွက်အတွင်း ပြန်လည်ရောက်ရှိရန် ပို့ဆောင်ပေးမည့် ဈေးကွက်ရှာဖွေရေးတာဝန်ကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် ချေးငွေလျှောက်ထားရန် လာရောက်စုံစမ်းသူ ၅၀ဝ နီးပါးခန့် ရှိနေပြီး အချို့လျှောက်ထားသူများမှာ ချေးငွေရရှိပြီး အဆောက်အအုံဆောက်လုပ်ရန် လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း၊ လာရောက်စုံစမ်းသူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ကိုယ်ပိုင်လုံးချင်းအိမ်ဆောက်လုပ်လိုသူများဖြစ်ကြကြောင်း iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။

"ဈေးကွက်ထဲမှာကြည့်မယ်ဆိုရင် မြေကွက်ပိုင်ဆိုင်ပြီး အိမ်ဆောက်ချင်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ အိမ်ဆောက်ဖို့ အရင်းအနှီးလုံလုံလောက်လောက်မရှိတာကို တွေ့ရတယ်၊ ဒါကြောင့် ဒီဝန်ဆောင်မှုကိုလုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်"ဟု ဦးနေမင်းသူ က ဆိုသည်။

အစိုးရအသိအမှတ်ပြု ဂရန်မြေ သို့မဟုတ် ဘိုးဘွားပိုင်မြေပေါ်တွင် လုံးချင်းအိမ်၊ အထပ်မြင့်၊ ဟိုတယ်၊ ဂိုဒေါင်နှင့် အဆောက်အအုံများ ဆောက်လုပ်လိုပြီး ငွေကြေး အရင်းအနှီး မလုံလောက်သောသူများကို အဓိကရည်ရွယ်ပြီး ချေးငွေထုတ်ချေးမည့် အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းများအတွက် Myanmar Art Construction မှ ပျမ်းမျှ တစ်နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အထပ်မြင့် အဆောက်အအုံများအတွက် တစ်နှစ်မှ နှစ်နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်ပေးမည်ဖြစ်သည်။

ချေးငွေများကို မြေတန်ဖိုးအပေါ်တွင် မူတည်ကာ အများဆုံးချေးယူနိုင်မည့် ပမာဏကို သတ်မှတ်ပေးမည်ဖြစ်ပြီး သတ်မှတ်ပမာဏထက် ကျော်လွန်သော ချေးငွေများကို ထုတ်ချေးပေးမည်မဟုတ်ကြောင်းလည်း သိရသည်။ (ဥပမာအားဖြင့် မြေတန်ဖိုး သိန်း ၅၀ဝ တန်သော မြေပေါ်တွင် သိန်း တစ်သောင်းတန် အဆောက်အအုံဆောက်လုပ်လိုသော ချေးငွေလျှောက်လွှာများကို ခွင့်ပြုပေးမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်)

" ချေးငွေတွေကို လုပ်ငန်းတန်ဖိုး (အိမ်တန်ဖိုး)ရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်ချေးပေး မှာဖြစ်ပြီး လူနေအိမ် အဆောက်အအုံများအတွက် ဂရန်သက်တမ်းပေါ် မူတည်ပြီး အရစ်ကျငွေပေးချေနိုင်တဲ့ သက်တမ်းကို အများဆုံး ၂၅ နှစ်ထိ ချေးငွေရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ကိုယ်ပိုင်အဆောက်အအုံကို ပြန်လည်ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းတွေအတွက်လည်း ချေးငွေလျှောက်ထားနိုင်ပါတယ်" ဟု ကမ္ဘောဇ ဘဏ်မှ အိမ်ရာချေးငွေဌာနမှူး ဦးဌေးအောင်ကျော်က ပြောသည်။

အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံများ (ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ အဆောင်၊ စက်ရုံ၊ ဂိုဒေါင်နှင့် အခြားအဆောက်အအုံ) များအတွက် လုပ်ငန်းအပေါ် မူတည်ပြီး အရစ်ကျငွေပေးချေနိုင်သော သက်တမ်းကို သုံးနှစ်အထိ ပေးမည်ဖြစ်ကြောင်းလည်း ဦးဌေးအောင်ကျော်က ဆိုသည်။ အဆိုပါအရစ်ကျ ချေးငွေများအတွက် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်သည်။

နှစ်ရှည်အရစ်ကျချေးငွေဝန်ဆောင်မှု လျှောက်ထားလိုသူများကို ပထမဦးဆုံးအနေဖြင့် နိုင်ငံတော် အသိအမှတ်ပြု ပိုင်ဆိုင်မှုခိုင်မာသော မြေဖြစ်မဖြစ် စစ်ဆေးသွားမည်ဖြစ်ပြီး ဒုတိယ အချက်အနေဖြင့် လျှောက်ထားလိုသူ၏ ချေးငွေပြန်လည်ပေးဆပ်နိုင်ရန် ဝင်ငွေခိုင်မာမှုရှိမရှိကို စစ်ဆေးပြီး ခိုင်မာမှုရှိမှသာ ဝန်ဆောင်မှုကို လျှောက်ထားရယူနိုင်မည်ဖြစ်သည်။

ချေးငွေစတင်လျှောက်ထားရာတွင် မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ၊ ဝင်ငွေရလမ်း ဖော်ပြချက်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ အသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း (၆) လစာတို့ဖြင့် စတင်လျှောက်ထားရမည်ဖြစ်သည်။

Myanmar Art Construction & Development Co.Ltd မှ ချေးငွေစတင်လျှောက်ထား ချိန်မှစတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်းပြီးစီးပြီး BCC ကျသည်အထိ ဆက်လက် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Myanmar Art Construction & Development Co.Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်စွာဟိန်းက ပြောသည်။

" ကမ္ဘောဇဘဏ်က ချေးငွေခွင့်ပြုမိန့် ကျလာပြီဆိုရင် ဘဏ်ကို ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းတွေကို အပ်နှံရပါမယ်။ ပြီးရင် ချေးငွေ ကို စတင်အသုံးပြုနိုင်ပါပြီ။ ဒီအချိန်အတွင်းမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

ဘဏ်မှ Home Construction Loan ရရှိကြောင်း အကြောင်းပြန်မှသာ ဆောက်လုပ်လိုသည့် အဆောက်အအုံဒီဇိုင်းပုံစံများရေးဆွဲခြင်း၊ ဈေးနှုန်းတွက်ချက်ခြင်းများကို ချေးငွေလျှောက်ထားသူနှင့် Myanmar Art Construction တို့ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိပါက ဘဏ်သို့ ပြန်လည်တင်ပြပြီး အတည်ပြုချက်ရယူရမည်ဖြစ်သည်။

ဘဏ်မှ အတည်ပြုချက်ရရှိပြီးပါက အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ခြင်း၊ ဘဏ်ချေးငွေမြေပုံထုတ်ခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

လုပ်ငန်းစတင်ဆောင်ရွက်မည့်အချိန်တွင် ချေးငွေလျှောက်ထား သူနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ နှစ်ဦးသဘောတူစာချုပ်၊ ဆောက်လုပ်ခွင့်၊ ဘဏ်ချေးငွေမြေပုံထုတ် စာရွက်စာတမ်းများ၊ ဝင်ငွေရလမ်းဖော်ပြချက်များကို ကမ္ဘောဇဘဏ်သို့ တရားဝင်ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ ထိုသို့ ချေးငွေရရှိရန် လုပ်ငန်းဆောင်ရွက်မှုများအတွက် ဘဏ်မှ ၁၄ ရက် (၂ ပတ်)အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းသာမက မြန်မာနိုင်ငံအနှံ့ရှိ မည်သည့်နေရာတွင်မဆို ဆောက်လုပ်လိုသော မြေပိုင်ရှင်များအတွက် ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဦးနေမင်းသူ က ဆိုသည်။

" နယ်ကလူတွေအနေနဲ့ ချေးငွေယူချင်ရင် ကျွန်တော်တို့ဆီ ဆက်သွယ်လိုက်ရုံပါပဲ၊ ရန်ကုန်ထိ လာစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ စိစစ်ရေးအဖွဲ့က ကွင်းဆင်းပြီး ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေကို ရှင်းလင်းပေးမှာ ဖြစ်ပါတယ်၊ ဒီအတွက် ဝန်ဆောင်ခထပ်မံပေးဆောင်ဖို့မလိုပါဘူး"ဟု ဦးနေမင်းသူ က ဆိုသည်။

 

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service