လူသားအရင်းအနှီးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု - Property News in Myanmar from iMyanmarHouse.com
1013 Views

လူသားအရင်းအနှီးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားတိုးတက်မှုအခြေအနေ တွေဟာ လူသားအရင်းအနှီးအပေါ်မှာ မှီတည်နေ သလို ဆက်စပ်မှုတွေကလည်း ရှိနေပါတယ်။ လူသားအရင်းအနှီး(Human Capital) ဟာ နိုင်ငံတစ်နိုင်အတွက် မရှိမဖြစ်လိုအပ်သလို အဆိုပါအချက်ဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု လည်း ဖြစ်နေပါတယ်။ လူသားအရင်းအနှီးဆိုတာဟာ လူသားတို့ရဲ့ အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန် မှု စသည့်အချက်တွေက စီးပွားရေးဆိုင်ရာ (Economic Value) ကို ထောက်ပံ့ပေးနိုင်တဲ့ကဏ္ဍရပ်ကို ဆိုလိုတာပဲဖြစ်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု (Economic Growth) ဟာ လက်ရှိကာလအတိုင်းအတာမှာ ယခင်ကလများစွာထက် ထုတ်ကုန်နဲ့ ၀န်ဆောင်မှုကဏ္ဍရပ်တို့ ပိုမိုကောင်းမွန်လာပြီး စီးပွားရေးစွမ်းရည် (Ability of Economy) မြင့်မားလာခြင်း ဖြစ်ပါတယ်။ ယခင်က အခြေအနေတွေအတွက် နိုင်ငံတစ်နိုင်ငံ ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို GDP ဆိုသောအရာနဲ့တိုင်းတာ ကြပြီး အနည်းဆုံး ၂ ရာခိုင်နှုန်းကျော်မြင့်မားလာပါက အဆိုပါ နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှုလမ်းစပေါ်ရောက်လာပြီလို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

အကယ်၍ လူတစ်ဦးစီမှာအသိပညာနှင့် ကျွမ်းကျင်မှု မရှိကြဘူးဆိုရင် အလုပ်အရည်အသွေး (Quality of work) တိုးတက်စေဖို့ ပညာရေးကဏ္ဍရပ်မှာ ရင်းနှီးမြှုပ်နှံမှုကောင်းတွေ ကို လုပ်ဆောင်ကြတော့တာပဲဖြစ်ပါတယ်။ ဒါဟာ လူသားအရင်း အနှီးနဲ့ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ ချိတ်ဆက်နေမှုပဲဖြစ်ပါတယ်။

ယင်းသို့ ဆက်နွယ်နေမှုအတွက် အကောင်းဆုံးဥပမာ အဖြစ် တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အချို့သောသူတွေက စင်ကာပူကို အကောင်းဆုံးအဖြစ် ထောက်ပြ မှုတွေ ရှိနေနိုင်သော်လည်း စာရေးသူကတော့ စင်ကာပူဟာ မကြီးမားတဲ့ နိုင်ငံတစ်ခုအဖြစ်သာ မှတ်ယူထားတဲ့အတွက် နှိုင်း ယှဉ်ပြမှုကို ငြင်းပယ်လေ့ရှိပါတယ်။

ဦးစွာ တရုတ်နိုင်ငံရဲ့ လူသားအရင်းအနှီးတည်ဆောက် မှု ကဏ္ဍရပ်ဟာ တွန်းအားများစွာ ပါဝင်သလိုအကောင်းဆုံး ပုံဖော်နေနိုင်တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ကမ်္ဘာ့အင်အား ကြီးအမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေဟာ ၂၁ ရာစု တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီးရေရှည် အစီအမံတွေနဲ့ ကန့်ကွက်ရတဲ့အထိ ဖြစ်လာနေပါပြီ။

တရုတ်နိုင်ငံဟာ ၂၁ ရာစုအစ အကူးအပြောင်းကာလ စတင်ချိန်မှာ တရုတ်နိုင်ငံကကျောင်းသားတွေ အထောက်အပံ့ ဖြစ်စေဖို့ကို ရည်ရွယ်ခဲ့တာကြောင့် ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေး ကို ဖွင့်လှစ်လိုက်ပြီး အသိပညာတွေကို လေ့လာစေခဲ့ပါတယ်။ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်မှုမှာလည်းအထူးသဖြင့် အနောက်နိုင်ငံ တွေကို ဦးတည်ခဲ့တာဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ တရုတ်အစိုးရဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြည်ပနိုင်ငံတွေမှာ ပညာဆည်းပူးနိုင်ဖို့အတွက် ငွေကြေးထောက်ပံ့ရေး အစီအစဉ်တွေ ကို ချမှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၀ ပြည့်နှစ်မှာ တရုတ် ကျောင်းသား ၂၈၄,၀၀၀ ဟာ ပြည်ပနိုင်ငံတွေမှာ ပညာသင်ဖို့ နဲ့ လေ့လာရေးအတွက် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်မှာတော့ တရုတ် ကျောင်းသား ၁၀၀၀ နီးပါးဟာ ကိန်းဘရစ်ခ်ျတက်္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ကြိုနဲ့ ဘွဲ့လွန်တွေရှိသလိုသိပ်္ပံ၊ သင်္ချာ၊ နိုင်ငံ တကာဆက်ဆံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဘွဲ့တွေ ယူပြီး တရုတ်ပြည်မကြီးကို ပြန်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ တရုတ်ကျောင်းသားခြောက်သိန်းကျော်ဟာ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားပြီး တရုတ်နိုင်ငံကို ပြန် လည်အကျိုးပြုဖို့ ပြန်သွားခဲ့တယ်လို့ ၂၀၁၁ ခုနှစ်မှာထုတ်ပြန် တဲ့ စစ်တမ်းတစ်ရပ်ကို BBC က ဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာ တော့ အဲဒီလူတွေဟာ တရုတ်နိုင်ငံ ဆက်လက်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကဏ္ဍရပ်တွေမှာ ဆက်လက်ပါဝင်နိုင်သေးတယ်လို့ လည်း ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ပထမခြေလှမ်းဟာလူသား အရင်းအနှီး စတင်တည်ဆောက်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် လည်း နိုင်ငံတွေဟာ ရှေ့မျိုးဆက်အတွက် လူသားအရင်းအနှီး ကို အလေးပေး တည်ဆောက်လာကြတာဖြစ်ပါတယ်။ အဲဒီအတွက် ကိုအစိုးရတွေဟာ အဆင့်မြင့်ပညာရေးစနစ်မှာ အခမဲ့စနစ်အဖြစ် သတ်မှတ်လိုက်ပြီးအစိုးရက အကုန်အကျများစွာ စိုက်ထုတ်ပြီး အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေကိုလည်း လေ့လာနိုင်ပါတယ်။

လူသားတွေဟာ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ အသိပညာ တိုးတက်လာမှုတွေကြောင့် စီးပွားရေးတိုးပွာလာပြီး လုပ်ခလစာ နှုန်းထားတွေဟာလည်း မြင့်မားလာကြပါတယ်။ လုပ်ခလစာ မြင့်မားလာခြင်းက လူသားတွေရဲ့ ဖျော်ဖြေရေးကဏ္ဍတွေနဲ့ ငွေအသုံးချမှုစနစ်တွေမှာ ငွေကြေးစနစ်လည်ပတ်လာနိုင်တာကြောင့် လည်း စီးပွားရေးစနစ်ဟာ ပိုမိုလည်ပတ်လာနိုင်တာဖြစ်ပါတယ်။

ဒါအပြင် ယနေ့ခေတ်ရဲ့ ဓလေ့တစ်ခုဖြစ်လာခဲ့တဲ့ CEO ယှဉ်ပြိုင်မှုကဏ္ဍရပ်တွေမှာလည်း အရေးပါလာခဲ့ပြီး ပိုမို တတ်ကျွမ်းတဲ့ ပညာရှင်တွေဟာကုမ္ပဏီတွေအတွက် စိတ်ကူး သစ်၊ အကြံဉဏ်သစ်တွေကို ဖန်တီးပေးပြီး ထုတ်ကုန်သစ်များ ဖန်တီးလာနိုင်မှုကလည်း စိန်ခေါ်မှုများစွာကို ဦးဆောင်နိုင်မယ့် အခွင့်အရေးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

လူသားအရင်းအနှီးဟာ အဆိုပါနေရာတွင်ပင် ရပ်တန့် မသွားဘဲ အချို့သောစွန့်ဦးတီထွင်သူများအတွက်ပါ နယ်ပယ် တစ်ခုဖြစ်လာပြီး ကိုယ်ပိုင်ကုမ္ပဏီငယ်ပေါင်းများကနေ ကြီးမား သော ကုမ္ပဏီများစွာကို ဖြစ်ပေါ်လာစေမှုဟာ လူသားအရင်း အနှီးရဲ့ အရေးပါတဲ့ ကဏ္ဍရပ်ပဲဖြစ်ပါတယ်။

လူသားအရင်းအနှီးအကြောင်းကို လေ့လာနေသူတွေ အနေနဲ့ စီးပွားရေးရှုထောင့်အမြင် (Business owner’s perspective) အဖြစ် လေ့လာကြရပြီး လူတစ်ဦးတစ်ယောက်ရဲ့ ရှုထောင့်ကို မြင်ကြည့်စေခြင်းပဲဖြစ်ပါတယ်။ ဒီအရာဟာ ကနဦးအစမှာ ခက်ခဲနိုင်ပေမယ့် စီးပွားရေးသမားတစ်ဦးအနေနဲ့ ကိုယ့်ကုမ္ပဏီဝန်ထမ်းအပေါ်ထားရှိတဲ့ လူသားအရင်းအနှီးထုတ်ယူမှုနဲ့ အလေး ပေး တန်ဖိုးထားနိုင်မှုတွေဟာ လက်ရှိတန်ဖိုး (Present Value) ပဲဖြစ်ပါတယ်။

လက်ရှိတရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ဟာ လူသားအရင်းအနှီးပေါ်မှာ များစွာတည်မှီနေကြောင်းကို သိရှိနိုင်တဲ့အခါ မိမိတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲသင့်တှဲ့နခအသမ ထဲမှာ အဆိုပါအချက်ကလည်း ပါဝင်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကုမ္ပဏီတွေအနေနဲ့လည်း မိမိတို့ရဲ့ ၀န်ထမ်းတွေမှာရှိတဲ့ လူသားအရင်းအနှီးကို ဖော်ရွေစွာ ထုတ် ဖော်သုံးစွဲနိုင်ခြင်းဟာလည်း အနာဂတ်ကာလအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ၀င်ငွေတွေဖြစ်လာနိုင်သလို နိုင်ငံစီးပွားကိုလည်း အကောင်းဆုံးထောက်ပံ့နိုင်မှာ ဖြစ်ပါကြောင်း...။

 

Ref ; Transitional China in the 21st Century Human Cpital for the Economic

မောင်ညိမ်းအောင်(ကမ္ဘာ့မြေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service