ဆောက်လုပ်ရေးနှင့် လယ်ယာသုံး စက်ကိရိယာတင်သွင်းသည့်ကုမ္ပဏီများ လက်လီ/လက်ကားရောင်းချခွင့် မှတ်ပုံတင်ရမည် - Property News in Myanmar from iMyanmarHouse.com
886 Views

ဆောက်လုပ်ရေးနှင့် လယ်ယာသုံး စက်ကိရိယာတင်သွင်းသည့်ကုမ္ပဏီများ လက်လီ/လက်ကားရောင်းချခွင့် မှတ်ပုံတင်ရမည်

ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရောင်းချခြင်း (ကုန်သွယ်ခြင်း) ဆောင်ရွက်လျက်ရှိသည့် လက်လီ/လက်ကား ရောင်းချခွင့်လုပ်ငန်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်ပမှ ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ စသည့် ကုန်ပစ္စည်းခြောက်မျိုးကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ရယူ၍ တင်သွင်းရောင်းချခြင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာ နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများသည် မှတ်ပုံတင်ရန် ကြေညာချက်ထုတ်ပြန်သည့် မေလ ၂၃ ရက်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း လုပ်ငန်းမှတ်ပုံတင်ရမည်ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်လီ၊ လက်ကားလုပ်ငန်းများကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၈ ခုနှစ် မေလအတွင်းက စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ဦးစားပေးရောင်းချခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စု ၂၄ မျိုးစာရင်းကို သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများသည် သတ်မှတ်စည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရောင်းချသည့် ကုန်ပစ္စည်းအပေါ် ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ရောင်းချသည့်ဆိုင်၏ အကျယ်အဝန်းတို့သည် ပြဋ္ဌာန်းထားသည့် ပမာဏပြည့်မီမှုမရှိသေးလျှင် ယင်းလိုအပ်ချက်များကို မှတ်ပုံတင်ပြီးငါးနှစ်အတွင်း ပြည့်မီစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်လီ၊ လက်ကားလုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သည့်လုပ်ငန်းများသည် လက်လီလုပ်ငန်းလုပ်ကိုင်ပါက မြေငှားရမ်းခမပါဝင်ဘဲ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကာ စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် စူပါမားကတ်အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သည့် ကုမ္ပဏီများကို သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာ၊ အမိန့်၊ ညွှန်ကြားချက်၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service