လှည်းကူးမှာ မြေဈေးပြန်ကောင်းနေ - Property News in Myanmar from iMyanmarHouse.com
8084 Views

လှည်းကူးမှာ မြေဈေးပြန်ကောင်းနေ

လှည်းကူးမြို့နယ် တွင် ဖော်ဆောင်မယ့် မြို့ သစ်စီမံကိန်းတွေကြောင့် အိမ်ခြံမြေ ဈေ များ ဆက်တိုက်မြင့်တက်လာပြီး အရောင်းအ၀ယ်ဖြစ်နေကြောင်း လှည်းကူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။

‘‘ဈေးတွေက ရက်ပိုင်းအတွင်း အရင်ဆယ်ဂဏန်းရှိတဲ့အကွက်က ရာဂဏန်းပြောင်းသွားတယ်’’ဟု မြမြင့်မိုရ်အိမ်ခြံမြေအကျိုးဆောင်က ပြောသည်။

အဓိကအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းနေရာအနီး လှည်းကူးမြို့အ၀င် ကျွန်းကုန်းကျေးရွာအနီးတွင် ပေ ၁၀၀ ကျယ် မြေကွက် တစ်ကွက်လျှင် ယခင် ကျပ်သိန်း ၆၀၀ တန်မြေကွက်မှာ ယခုရက်ပိုင်းအတွင်း ကျပ် သိန်း ၈၀၀၀ မှ သိန်းတစ်သောင်းကျော်အထိ မြင့်တက်သွားကြောင်း လှည်းကူးကျွန်းကလေးရွာ ဒေသခံကိုစိုးမင်းက ပြောသည်။

ထို့အပြင် စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်မည့် ရန်ကုန်-သင်္ဃန်းကျွန်းဘက်မှ ပဲခူးဘက်သို့ လာသည့်ကားလမ်းကြောင်းပေါ်ရှိသည့် ဆားတလင်းနှင့် ကျွန်းကုန်းရွာကြား လယ်မြေအများစုလည်း ယခင်ဆယ်ဂဏန်းဝန်းကျင်ရှိခဲ့ရာမှ ယခုရာဂဏန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားပြီဖြစ်ကြောင်း အထက်ပါဒေသခံက ပြောသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် ကျွန်းကုန်းနှင့် နဘဲပင်ကျေးရွာကြားရှိ မြေကွက်များတွင်လည်း တစ်ဧကလျှင် သိန်း ၃၅၀ ကျော်အထိ ဈေးကောင်းပေးဝယ်ယူနေကြကြောင်း အဆိုပါ ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

‘‘ ဖြစ်လာနိုင်တဲ့လမ်းကို ရွေးချယ်ပြီး လာဝယ်နေကြတာ’’ဟု လှည်းကူးမြို့ဒေသခံတစ်ဦးကဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service