Local Property News | Posted by Shwe Zin Win
ရန်ကုန် အိမ်ခြံမြေ ဈေးကွက် တန်ဖိုးမြင့်အိမ်ရာများအရောင်းအဝယ်အေးနေပြီး တန်ဖိုးနည်း တိုက်ခန်း များသာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
ကျပ်သိန်းနှစ်ရာကနေ သိန်းငါးရာပတ်ဝန်းကျင်လောက် တကယ်တမ်းနေမယ့်သူလောက်ပဲ ဝယ်တာများတယ်။ အရောင်းအဝယ်ဖြစ်တယ်။ တန်ဖိုးနည်းလေးတွေပဲအရောင်းအဝယ်ဖြစ်နေတယ်။
လုံးချင်းအိမ်ရာတွေဆိုရင်ပိုဆိုးပါတယ်။ အရောင်းအဝယ်ဖြစ်တယ်ဆိုရင် သိန်းငါးထောင် သိန်းတစ်သောင်းတွေဆိုရင် လက်ချိုး ရေတွက်လို့ရအောင်ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ကတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ကျပ် နှစ်သိန်းနှင့် နှစ်သိန်းခွဲခန့်ရှိ အငှားတိုက်ခန်း များ အခြေအနေကောင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၂ မှ ၂၀၁၄ အထိ ဈေးအမြင့်ဆုံးရွှေခေတ်ဖြစ်ခဲ့ပြီး အစိုးရအပြောင်းအလဲကြောင့် ၂၀၁၄ - ၂၀၁၅ တွင် အိမ်ခြံမြေအခြေအနေငြိမ်သက်ခဲ့တာပါ။
အိမ်ခြံမြေဈေးကွက်ပြန်လည်ကောင်းမွန်ဖို့  အစိုးရဘက်ကအခွန်နှုန်းထားတွေ ပြန်လည်ပြင်ဆင်ပေးဖို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေကတောင်းဆိုထားပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com