အိမ္ေဆာက္သင့္တဲ့ ေျမကြက္အေနအထားအေႀကာင္း သိေကာင္းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
11266 Views

အိမ္ေဆာက္သင့္တဲ့ ေျမကြက္အေနအထားအေႀကာင္း သိေကာင္းစရာ

Knowledge | Posted by Si Thu Aung

[Zawgyi]

တေခါက္မွာေတာ့ အိမ္ေဆာက္သင့္တဲ့ ေျမကြက္အေနအထား နဲ႔ ပတ္သက္တဲ့ ဖုန္းေရႊ အေၾကာင္း တင္ဆက္ေပးပါမယ္။

ေျမကြက္ပံုစံကိုအရင္ဆံုးေျပာျပပါမယ္။ ဖုန္းေရႊပညာမွာ အိမ္ေဆာက္ဖို႔ အေကာင္းဆံုး ေျမကြက္ပံုစံႏွစ္ခုရွိတယ္။ စတုရန္းပံုေျမကြက္နဲ႕ ေထာင့္မွန္စတုဂံပံုေျမကြက္ႏွစ္ခုကိုပဲ အိမ္ေဆာက္ဖို့ အသင့္ေတာ္ဆံုးလို့ ဖုန္းေရႊပညာကညႊန္းပါတယ္။

စတုရန္းပံုေျမကြက္က ဟန္ခ်က္ညီတယ္။ ေကာင္းတဲ့ေကာင္းကင္ခ်ီေတြကိုစုတ္ယူအားေကာင္းတဲ့အတြက္ ေကာင္းတဲ့ကမၻာေျမျပင္ခ်ီေတြနဲ႕ ျပည့္ဝေနတယ္။ ယင္းနဲ႕ယန္ ညီညြတ္မ်ွတမႈရွိတယ္။ ဖုန္းေရႊ အားေကာင္းတယ္လို႕သာမန္အားျဖင့္ေျပာလို့ရတယ္။ ယင္နဲ့ ယန္ညီညြတ္မ်ွတေအာင္ ျပဳျပင္စရာမလိုေတာ့ဘူး။ စတုရန္းပံု ေျမကြက္ေပၚမွာ စတုရန္းပံု...ဒါမွမဟုတ္ ေထာင့္မွန္စတုဂံပံုက်တဲ့ အိမ္ပံုစံမ်ိဳးကို ေဆာက္သင့္တယ္။ ဒါမွ...ဖုန္းေရႊအားေတြကို တိုးပြားေစမယ္။

ကမၻာေက်ာ္အေဆာက္အဦၾကီးေတြ၊ တိဗက္ဘုန္းေတာ္ျကီးေက်ာင္းေတြ၊ ေရွာင္လင္ေက်ာင္းေတာ္ၾကီးေတြဟာ စတုရန္းပံုေျမကြက္ေပၚမွာပဲ တည္ေဆာက္တယ္။ စတုရန္းပံုေျမကြက္ေပၚမွာ တည္ေဆာက္တဲ့ အိမ္ေတြ၊ အေဆာက္အဦးေတြဟာ ေျမငလ်င္ဒဏ္၊ ေျမသားျပတ္ေရြ႔တဲ့ဒဏ္ေတြကို ခံႏိုင္စြမ္းရည္ရွိတယ္။

ဖုန္းေရႊအား ေကာင္းတဲ့ စတုရန္းပံုေျမကြက္ေပၚမွာ ေဆာက္တဲ့ အိမ္ေတြဟာ က်က္သေရမဂၤလာရွိတယ္။ ေနထိုင္ၾကတဲ့ အိမ္သူအိမ္သားေတြဟာ က်န္းမာသန္စြမ္းျပီး အဆင္းရႈပကာလွပလိမ့္မယ္။ ရုပ္ရွင္မင္းသား၊ မင္းသမီးေတြေနသင့္တဲ့ ေျမကြက္ေပါ့ကြာ။ စတုရန္းပံုေျမကြက္ေပၚမွာ အိမ္ေဆာက္ျပီးေနေနသမ်ွ ကာလပတ္လံုး အမႈအခင္း အခ်ဳပ္အေႏွာင္နဲ့ ကင္းေဝးတယ္လို့ ဖုန္းေရႊပညာမွာ အဆိုရွိတယ္။

စတုရန္းပံုအေၾကာင္းေလး ေျပာရဦးမယ္။ လကၡဏာ ပညာမွာလဲ...ညာဘက္အသက္လမ္းေျကာင္းရဲ့ အသက္လမ္း ေၾကာင္းေပၚမွာ စတုရန္းကြက္ေလးပါရင္...ဥပေစၦဒကကံနဲ႕ မေသဘူး။ အမႈအခ်ဳပ္၊ ေထာင္က်တဲ့ေဘးမ်ိဳး မက်ေရာက္ဘူး လို့အဆိုရွိတယ္။ တို႕ျမန္မာေတြရဲ့ ဂမီ႓ရပညာ၊ ဂႏၶာရပညာရပ္တစ္ရပ္ျဖစ္တဲ့ အင္းပညာမွာ အင္းေဘာင္၊ အင္းကြက္ေတြဟာ စတုရန္းပံုေတြပဲမ်ားတယ္။ ပိုလည္းအစြမ္းထက္တယ္။

စတုရန္းပံုေျမကြက္ျပီးရင္ ေထာင့္မွန္စတုဂံပံုေျမကြက္ အေျကာင္းေျပာျပမယ္။ ေထာင့္မွန္စတုဂံပံုေျမကြက္ကလည္း ဖုန္းေရႊအားေကာင္းတယ္။ ေထာင့္မွန္စတုဂံပံုေျမကြက္မွာလည္း ေနာက္ဘက္သို့ရွည္တဲ့ေျမကြက္က ေဘးဘက္ကို ရွည္ထြက္တဲ့ ေျမကြက္ထက္ ဖုန္းေရႊအားေကာင္းတယ္။ အဲ့ဒီလိုေျမကြက္ေပၚမွာ အိမ္ေဆာက္မိရင္ စီးပြားတိုးတတ္မယ္။ မိသားစုဘဝေပ်ာ္ရႊင္ခ်မ္းေျမ႔မႈရမယ္။ စိတ္ခ်မ္းသာစြာ၊ က်န္းမာစြာ ေနထိုင္ႏိုင္ၾကလိမ့္မယ္။

အယ္လ္(L)ပံုစံျဖစ္ေနတဲ့ ေျမကြက္ေပၚမွာ အိမ္မေဆာက္သင့္ဘူး။ သားခုတ္ဓါးနဲတူတယ္ဆိုတဲ့ အယူမ်ိဳးနဲ႕ အယ္လ္(L)ပံုစံေျမကြက္ေပၚမွာ အိမ္မေဆာက္သင့္ဘူးလို့ ဆိုတာထက္ ဖုန္းေရႊညံ့လို့ဆိုတာက ပိုမွန္ပါတယ္။ အယ္လ္(L)ပံုစံေျမကြက္မွာ ယင္၊ ယန္ေတြ ညီညြတ္မႈမရွိပါဘူး။ေကာင္းတဲ့ကမၻာေျမျပင္ခ်ီေတြ မရဘူး။ အယ္လ္(L) ပံုစံေျမကြက္ေပၚမွာ အိမ္ေဆာက္မိရင္...အိမ္သူ အိမ္သားေတြဟာ ေကာင္းမြန္တဲ့ အခြင့္အလမ္းေတြနဲ႔ လြဲလိမ့္မယ္။ စီးပြားေရးမွာပိတ္ဆို့ နားစီးမႈခံရလိမ့္မယ္။ ဒုကၡမ်ိဳးစံုျကံုရမယ့္ သေဘာေပါ့။

အယ္လ္(L)ပံုစံေျမကြက္ေပၚမွာ အယ္လ္(L)ပံုစံ အိမ္မေဆာက္မိဖို႕ အေရးျကီးပါတယ္။ အယ္လ္(L) ပံုစံေျမကြက္ကို ႏွစ္ပိုင္းပိုင္းျပီး ေထာင့္မွန္စတုဂံေျမကြက္ႏွစ္ခု ျဖစ္ေအာင္လုပ္ပါ။ ေထာင့္မွန္စတုဂံ ေျမကြက္တစ္ကြက္မွာ စတုရန္းပံုစံက်တဲ့ အိမ္ကိုေဆာက္ရလိမ့္မယ္။

အိမ္ေနာက္ဖက္မွာ ေရစင္ၾကီးၾကီး ဒါမွမဟုတ္ရင္...မီးတုိင္ျမင့္ျမင့္စိုက္ေပးရမယ္။ သစ္ပင္ျကီး စိုက္ေပးရင္လည္း ရပါတယ္။ ေျမပိုေတြမွာ ပန္းလွလွေလးေတြ ပြင့္တဲ့ ပန္းပင္စိုက္ပါ။ တတ္ႏိုင္ရင္ေတာ့...အင္ၾကင္းေက်ာက္တံုးၾကီးေတြနဲ႕ ေက်ာက္တံုးဥယ်ာဥ္(Stone qarden) ေလးလုပ္ထားပါ။အဲ့ဒီအင္ျကင္းေက်ာက္ေတြဟာ ေကာက္းတဲ့ကမၻာေျမျပင္ခ်ီေတြကို ပြားမ်ားေစတဲ့ အစြမ္းသတၱိရွိတယ္။

ျမန္မာျပည္အလယ္ပိုင္းက အင္ျကင္းေက်ာက္ေတြ တရုတ္ျပည္ ယူနန္ျပည္နယ္မွာ ေတာ္ေတာ္မ်ားမ်ားေတြ့ရတယ္။ ဟိုတယ္ၾကီးေတြ၊ စားေသာက္ဆိုင္ၾကီးေတြရဲ႕ေရွ႕မွာ အင္ၾကင္းေက်ာက္တံုးၾကီးေတြကိုခ်ထားတယ္။ အလွျပတာမဟုတ္ပါဘူး။ ေကာင္းတဲ့ကမၻာေျမျပင္ခ်ီေတြ ေရာက္လာေအာင္လုပ္တာပါ။

ျမိဳ႕ျပေတြမွာေတာ့ စတုရန္းပံုေျမကြက္နဲ႕ စတုဂံပံုေျမကြက္ေတြပဲ အေတြ႕မ်ားပါတယ္။ အယ္လ္(L)ပံုစံေျမကြက္ေတြက ေတြ့ခဲပါတယ္။

ေနာက္...အိမ္မေဆာက္သင့္တဲ့ ေျမကြက္မ်ိဳးက ၾတိဂံေျမကြက္ပဲ။မေကာင္းတဲ့ေကာင္းကင္ခ်ီေတြ အမ်ားဆံုး က်ေရာက္တယ္။ ဖုန္းေရႊည့ံတဲ့ ေျမကြက္ပဲ။ ယုတိၱေဗဒ ဆင္ျခင္တံုတရားနဲ စဥ္စားမယ္ဆိုရင္လည္း...ၾတိဂံပံုေျမကြက္မွာ အိမ္ေဆာက္ရတာ ဘယ္လိုလုပ္အဆင္ေျပမွာလဲ။ ဒီလိုပဲ အယ္လ္(L)ပံုစံေျမကြက္ေတြေပၚမွာ အိမ္ေဆာက္ရတာလဲ အခ်ိဳး မေျပ၊ အဆင္မလွျဖစ္မွာပဲ။ စတုရန္းပံု၊ ေထာင့္မွန္စတုဂံပံု ေျမကြက္ေတြ အတြက္ အိမ္ပံုစံဆြဲရတာ သိပ္အဆင္ေျပပါတယ္။

ဖုန္းေရႊပညာအရ ေျပာရင္ ၾတိဂံပံုေျမကြက္ေပၚမွာ ဘယ္လိုအိမ္ပံုစံမ်ိဳးနဲ့ပဲျဖစ္ျဖစ္...အိမ္ေဆာက္ေနမယ္ဆိုရင္ အိမ္သူအိမ္သားေတြဟာ စိတ္ဖိစီးမႈကို ခံရမယ္။ အိမ္သူအိမ္သားေတြ စည္းလံုးမႈမရွိပဲ မသက့္ျမတ္မႈေတြသာ ျဖစ္မယ္။ စီးပြားေရးလုပ္ငန္းျကီးေတြလုပ္ရင္ ဆံုးရႈံးမယ္။ အိမ္ေထာင္ရွင္ေတြ ရွိရင္လည္း အိမ္ေထာင္ဖက္ တစ္ဦးဦး သစၥာေဖာက္လိမ့္မယ္။

ၾတိဂံေျမကြက္ေပၚမွာ အိမ္ေဆာက္ရင္ အိမ္ေရွ့ဘက္က်တဲ့ေထာင့္စြန္းမွာ ဓါတ္မီးတိုင္ထားရမယ္။ ဒါမွမဟုတ္ရင္ အလံတိုင္တစ္ခုထားရမယ္။ အလံတိုင္ကို အလံလႊင့္ထားရင္ ပိုေကာင္းမယ္။ သက္ဆိုင္ရာ မိမိႏိုင္ငံရဲ့ ႏိုင္ငံေတာ္အလံကို လႊင့္ထူထားလည္း ရပါတယ္။

ၾတိဂံပံုေျမကြက္ထဲမွာပဲ ၾကက္လ်ွာစြန္းလို ေျမကြက္မ်ိဳးမွာ ခ်ြန္ျမတဲ့ ေထာင့္စြန္းတစ္ခုပါစျမဲပဲ။ အဲ့ဒီေထာင့္စြန္းကို စည္းရိုးပင္ေတြထူထူစိုက္ျပီး ျဖတ္ပစ္လိုက္ပါ။ ျမန္မာျပည္မွာ အမ်ားဆံုးအစိုက္မ်ားတာက ပုဏၰရိပ္ပင္ေတြမ်ားတယ္။ ပုဏၰရိပ္ပင္ဟာ အေကာင္းဆံုး ျခံစည္းရိုးပင္ပဲ။ေထာင့္ခ်ိဳးမညီတဲ့ေျမကြက္ေတြ၊ ႀထာပီဇယံပံုေျမကြက္ေတြ၊ ဇလားပံုေျမကြက္ေတြကို အထူးေရွာင္ရမယ္။ ဖုန္းေရႊေကာင္းလာေအာင္ ယင္၊ ယန္ညွိေပးဖို့ သိပ္ခက္တယ္။

ေထာင့္မွန္မက်တဲ့ဘက္မွာ ပုဏၰရိပ္ပင္ ေတြစိုက္ျပီး ယင္၊ ယန္ကို ညွိေပးရတယ္။ အုတ္တံတိုင္းကာထားရင္လဲ...အုတ္တံတိုင္းတစ္ေလ်ွာက္မွာ ပန္းအိုးေလးေတြစီျပီး အလွစိုက္ထားပါ။ အနားမညီ၊ ပံုစံမမွန္တဲ့ ေျမကြက္ေတြကေတာ့ ျမိဳ႕ျပအိမ္ယာကြက္ေတြမွာ ေတြ့ခဲပါတယ္။ အလ်ား၆၀ေပ၊ အနံ၄၀ေပ။ အလ်ား၆၀ေပ အနံ၂၀ေပရွိတဲ့ ေထာင့္မွန္စတုဂံပံုေျမကြက္ေတြပဲ မ်ားပါတယ္။ အလ်ားနဲ့ အနံေပတတူတဲ့ စတုရန္းပံု ေျမကြက္ေတာင္ ခပ္ရွားရွားပါ။

အနားမညီ၊ ေထာင့္မညီ၊ ပံုစံမမွန္တဲ့ေျမကြက္ေတြထဲမွာဆိုရင္ ေရွ့ကားျပီး ေနာက္ရွဴးသြားတဲ့ ေျမကြက္ရယ္...ေရွ႕ရွဴးျပီး ေနာက္ကိုကားသြားတဲ့ ဇလားပံုလို႕ေခၚတဲ့ ၾတိဗီဇီယံ ပံုစံေျမကြက္ေတြ အေတြ့မ်ားတတ္ပါတယ္။ အထူးသျဖင့္ အဲ့ဒီေျမကြက္မ်ိဳးေတြက လမ္းေထာင့္ေတြမွာ ရွိတာမ်ားတယ္။အဲ့ဒီလို ဇလားပံုအေမွာက္ေျမကြက္၊ ဇလားပံုအလွန္ေျမကြက္ေတြ မွာဆိုရင္ လမ္းက်ဥ္ေထာင့္လို႕ေခၚတဲ့ အနံေသးငြားတဲ့ဘက္မွာ မီးတိုင္စိုက္ေပးရတယ္။

လ်ွပ္စစ္ဓါတ္တိုင္ေတြ စိုက္ေပးရတယ္။ အုန္းပင္၊ ကြမ္းသီးပင္ေတြ စိုက္ရင္လည္းရပါတယ္။ အလံတိုင္စိုက္ရင္လည္း ရပါတယ္။ ဒါေပမယ့္...လ်ွပ္စစ္မီးတိုင္ကေတာ့ အေကာင္းဆံုးပါပဲ။ ဒီေလာက္ဆိုရင္ ဝယ္သင့္တဲ့ ေျမကြက္။ အိမ္ေဆာက္သင့္တဲ့ေျမကြက္ေတြ အေျကာင္း သေဘာေပါက္ေလာက္ျပီ ထင္ပါတယ္။

စတုရန္းပံုေျမကြက္ေတြ၊ ေထာင့္မွန္စတုဂံပံုေျမကြက္ေတြေပၚမွာ စတုရန္းပံုစံအိမ္၊ ေထာင့္မွန္စတုဂံအိမ္ေတြပဲ ေဆာက္သင့္တယ္လို့ ေျပာခဲ့ျပီးျပီး။ ေျမကြက္ကျကီးျပီး ေဆာက္မဲ့အိမ္ကေသးေသးေလးဆိုရင္ ေျမပိုခ်ိန္ရမယ္။ အိမ္ရဲ့ေရွ႕ေနာက္ ေဘးႏွစ္ဘက္မွာ ေျမက်န္ အက်ယ္အဝန္း ညီညြတ္ရမယ္။

ဖုန္းေရႊပညာမွာကေတာ့ ေတာင္ဘက္ကို မဂၤလာရွိတဲ့အရပ္လို့ သတ္မွတ္ျပီး၊ ေျမာက္ဘက္အရပ္ကို အမဂၤလာအရပ္လို့ သတ္မွတ္တယ္။ အေရွ့ေျမာက္အရပ္ကို အဆိုးရြားဆံုး အရပ္လို့သတ္မွတ္တယ္။ဖုန္းေရႊပညာမွာေရာ...ျမန္မာ့ရိုးရာထံုးတမ္းစဥ္လာနည္းနာမွာေရာ အေျပာမ်ားတဲ့ "လွည္းဦးတိုင္၊ ေလွဦးတိုက္" မွာ မေနေကာင္းဘူး။

လွည္းလမ္း၊ ကားလမ္း၊ လူသြားလမ္းကို မ်က္ႏွာမူျပီး အိမ္မေဆာက္သင့္ဘူး ဆိုတာကို ဆက္ေျပာမယ္။ ဖုန္းေရႊပညာ စာအုပ္ေတြမွာေတာ့...တီ(T)ပံုလမ္းဆံုလမ္းခြလို့ ဆိုထားတယ္။ ဒီလို ေျမအေနထားမ်ိဳးလည္း ျမိဳ႕ျပအိမ္ေနယာကြက္ေတြမွာ အေတြ႕မ်ားပါတယ္။

လွည္းဦးတိုက္၊ ေလွဦးတိုက္ ေျမေနရာေပၚမွာ အိမ္ေဆာက္၊ တိုက္ေဆာက္ထားတာ အမ်ားျကီးရွိပါတယ္။"လွည္းဦးတိုက္၊ ေလဦးတိုက္" အိမ္ကေတာ့ခိုက္တယ္။ အဲ့ဒီအိမ္မွာ ေနတဲ့သုေတြဟာ စီးပြားတိုးတတ္မႈမရွိဘူး။ အိမ္တြင္းေရး၊ အိမ္ေထာင္ေရးေတြလည္း အဆင္မေျပျဖစ္မယ္။

ဖုန္းေရႊပညာအရမွာေတာ့...ျမန္မာ့ရိုးရာ ေရွ့ထံုးစဥ္လာ နည္းနာမွာေရာ...မေနသင့္ မေနထိုက္တဲ့ အိမ္ေနရာအေနထားမ်ိဳးျဖစ္ေနတယ္။ ဒါေပမယ့္...ျမန္မာ့ရိုးရာ ထံုးတမ္းစဥ္လာ နည္းနာမွာေတာ့"လွည္းဦးတိုပ္၊ ေလွဦးတိုက္" ေနရာမ်ိဳး၊ အိမ္မ်ိဳး၊ အေဆာက္အဦးမ်ိဳးမွာ စတိုးဆိုင္၊ လၻက္ရည္ဆိုင္၊ ပြဲရံုေတြဖြင့္ရင္ေတာ့ ေကာင္းတယ္။ ဖြင့္သင့္တယ္လို့ ေျပာထားတယ္။

ေစာေစာက ေျပာခဲ့တဲ့ ဗီဒီယိုရံု၊ ရုပ္ရွင္ရံု၊ ကာရာအိုေကခန္းမ၊ ေပ်ာ္ပြဲစားရံု၊ အရက္ဆိုင္၊ ဘီယာဆိုင္ေတြကိုဖြင့္ရင္ အေကာင္ဆံုးေပါ့။ အမွန္ေတာ့"ေစ်းကြက္ျမင္ကြင္း" အေကာင္းဆံုး ျဖစ္ေနလို့ပဲ။ တို႕ယုတၱိေဗဒ ဆင္ျခင္တံုတရားနဲ့ စဥ္စားျကည့္မယ္။

မ်က္ႏွာခ်င္းဆိုင္၊ ေရွ႕တူရႈလမ္းရဲ့ ဟိုးအေဝးကေတာင္ ကိုယ့္ရဲ႕ဆိုင္၊ ကိုယ္ရဲ႕ပြဲရံုကို ျမင္ေနရတယ္။သံုးဘက္ျမင္ကြင္း(3D) ျဖစ္ေနတယ္။ "ေစ်းကြက္ျမင္ကြင္း" အားသာမႈရွိလို့ ေျပာရင္ပိုမွန္တယ္။ လူေနရင္ခိုက္တယ္ ဆိုတာကို ျပန္ျပိီးစဥ္စားျကည့္ပါ။

" လွည္းဦးတိုက္။ ေလွဦးတိုက္" အိမ္ကို ခိုးျခင္း၊ ဝွက္ျခင္း၊ လုယက္တိုက္ခိုက့္ခင္တဲ့လူေတြပ အေဝးကျကည့္ျပီး ေထာက္လွမ္းလို႕ လြယ္ကူတယ္။ လွည္းေတြ၊ ကားေတြ...ေရွ့တူရႈလမ္းက တည့္တည့္ ေမာင္းလာျပီး ကိုယ့္အိမ္ေရွ႕မွာ ဘယ္၊ ညာ ေကြ႕သြားရင္ ဖုန္မႈန္႕ေတြဟာ အိမ္တဲတန္းဝင္လာမွာပဲ။

ေရွ့တူရႈလမ္းက အသုဘ ခ်လာျပီဆိုပါေတာ့ အဲ့ဒိ အနိ႒ာရံုျမင္ကြင္းျကီးကို အခ်ိန္ေတာ္ေတာ္ျကာျကာ ျမင္ေတြ့ေနရမယ္။ ရြာေတြမွာဆိုရင္ "လွည္းဦးတိုက္၊ ေလွဦးတိုက္" တဲေတြထဲကို ေရွ့တူရႈ လွည္းလမ္းကလာတဲ့ ႏြားအုပ္၊ က်ြဲအုပ္ထဲက တစ္ေကာင္စ၊ ႏွစ္ေကာင္စ က်ြံဝင္လာတာမ်ိဳးကို ခနခဏ ခံရတယ္။ ဒါကယုတိၱေဗဒ ဆင္ျခင္တံုတရားနဲ့ "လွည္းဦးတိုက္၊ ေလွဦးကိုက္" မွာမေနေကာင္းဘူး။ အိမ္မေဆာက္သင့္ဘူးလို့ ေျပာတာပါ။

ဒါေပမယ့္...ဒီလို "လွည္းဦးတိုက္၊ ေလွဦးတိုက္" ေနရာမ်ိဳးမွာ အိမ္ေဆာက္မိျပီ၊ အိမ္ေဆာက္ထားျပီဆိုရင္ ဘယ္လိုကာကြယ္မလဲ။ ဒါက လြယ္ပါတယ္။ တံခါးမျကီးကို လမ္းနဲ့တည့္တည့္ေနရာက ေျပာင္းေပးလိုက္ရမယ္။ ဒီနည္းထက္ ပိုေကာင္းတာကေတာ့...တံခါးရဲ့ အေအၚဘက္၊ အိမ္အဝင္အဝ တံခါးရံ့ အေပၚဘက္မွာ မွန္တစ္ခ်ပ္ကပ္ထား၊ ခ်ိတ္ဆြဲထားရမယ္။

"လွည္းဦးတိုက္၊ ေလွဦးတိုက္" အိမ္ေတြမွာ မွန္ေထာက္ထားတာ၊ မွန္ခ်ိတ္ထားတာ ေတြ့ရတယ္။ တစ္ခ်ိဳ႕မွန္ခ်ပ္ေတြက ေသးလြန္းတယ္။ တစ္ခ်ိဳ့မွန္ခ်ပ္ေတြက ျကီးလြန္းတယ္။ ေျခာက္လက္မပတ္လည္ စတုရန္းပံု ပံုရိပ္ထင္တဲ့ မွန္တစ္ခ်ပ္ျဖစ္ရမယ္။ မွန္ခ်ပ္ရဲ့ အလယ္ အနီေရာင္နဲ စတုရန္းပံုအကြက္ေလးေရးထားရမယ္။

အိမ္ဝမွာ အေသာကပင္ေတြ စိုက္ထားတာမ်ိဳး။ အုတ္တံတိုင္း ျမင့္ျမင့္ကာထားတာမ်ိဳး၊ ေရပန္းတစ္ခု တပ္ထားတာမ်ိဳးနဲ႕လည္း ကာကြယ္ႏိုင္တယ္ ဆိုေပမယ့္...ေျမအေနအထားအရ မျဖစ္ႏိုင္ပါဘူး။ မွန္ခ်ပ္ကပ္တာ၊ ခ်ိတ္တာပဲေကာင္းပါတယ္။

ေနာက္...အေရးျကီးတာ (Y) ပံု လမ္းဆံုမွာေဆာက္ထားတဲ့ အိမ္က အခိုက္ဆံုးပဲ။ အမွန္ေတာ့...ၾတိဂံပံုေျမကြက္ေပၚမွာ ေဆာက္ထားတဲ့ အိမ္ပါပဲ။ "ၾကက္လ်ွာစြန္း" ပံုအိမ္၊ "ျကက္လ်ွာစြန္း" ေျမေနရာမွာ ေဆာက္ထားတဲ့အိမ္လို႕ ေျပာလို႕ရတယ္။အဲ့ဒီလို...အိမ္အေနအထားမ်ိဳးကေတာ့...အိမ္ေရွ႕တည့္တည့္ ေျမအစြန္းမွာ လ်ွပ္စစ္ဓါတ္မီးတိုင္၊ ဒါမွမဟုတ္ရင္ အလံတိုင္စိုက္ေပးရမယ္။ လမ္းဆံု ၾကက္လ်ွာစြန္းထိပ္နဲ့ အိမ္အဝင္တံခါးမျကီးနဲ တည့္တည့္ၾကီးျဖစ္ေနရင္ လံုးဝမေကာင္းဘူး။

တရုတ္လူမ်ိဳးေတြရဲ႕ ေရွးေဟာင္းအယူအဆကေတာ့... အဲ့ဒီတံခါးကို "မသာေျခကန္ေနရာ" လို့ေတာင္ေခၚတယ္။ ေထာင့္က်ဥ္း(Y) ပံုစံ ေျမကြက္မွာ ေျမအျပည့္ေဆာက္ထားတဲ့ အိမ္ေပါ့။ လမ္းမႏွစ္ဘက္ကို အိမ္အဝင္တံခါးမျကီးထားတယ္။ ျမိဳ႕ျပအိမ္ေနရာေတြမွာ ဒီလိုအိမ္မ်ိဳးေတြ ရွိတတ္ပါတယ္။

ၾကက္လ်ွာစြန္းေျမကြက္ေပၚမွာ ၾကက္လ်ွာစြန္းအိမ္ေဆာက္ထားတဲ့ ပံုစံပဲ။ ေရွ့ျမန္မာအဖိုးအဖြားေတြကေတာ့ ဒီလိုအိမ္မ်ိဳးမွာ မေနေကာင္းဘူး။ အသက္တိုတယ္။ အႏၱာရာယ္မ်ားတယ္လို့ မွာျကားခဲ့တယ္။ ဒါေပမယ့္...ဆိုင္ဖြင့္ရင္ေတာ့ ေကာင္းတယ္။ ပြဲရံုဖြင့္ရင္ ေကာင္းတယ္။ အက်ိဳးေပးမယ္။ ေရာင္းအားေကာင္းမယ္လို့လဲ ဆိုျပန္တယ္။

ဖုန္းေရႊပညာအရေတာ့ ...လူေနရင္လည္း ဆိုးက်ိဳးနဲ႕ၾကံဳရမယ္။ ဆိုင္ဖြင့္ဖြင့္၊ ပြဲရံုဖြင့္ဖြင့္မေကာင္းဘူး။ လံုးဝမေကာင္းဘူး။ မေကာင္းတဲ့ ေကာင္းကင္ခ်ီေတြ ဆင္းသက္တယ္။ ယင္၊ ယန္မ်ွတမႈ အားနည္းတယ္။ လမ္းဘက္ကို မ်က္ႏွာမူထားနဲ႕တံခါးမျကီးႏွစ္ခုရဲ့ အေပၚမွာ မွန္ကပ္ထား မွန္ခ်ိတ္ထားရမယ္။ ရိုးရိုးမွန္မရဘူး။ ပံုရိပ္ထင္တဲ့ မွန္ျဖစ္ရမယ္။

ေျခာက္လက္မပတ္လည္ စတုရန္းပံု ျဖစ္ရမယ္။ မွန္ရဲ့ အလယ္မွာ အနီေရာင္ စတုရန္းပံုေလး ေရးထားရမယ္။ တံခါးဝေတြမွာ ပန္းအိုးထားရမယ္။ အျဖဴေရာင္ အနီေရာင္ပန္းေတြ ပြင့္တဲ့ ပန္းပင္စ္ုက္ထားရမယ္။

ယင္နဲ့ ယန္မ်ွတေအာင္ လုပ္ေပးတာေပါ့။ ႏွစ္ထပ္တိုက္၊ သံုးထပ္တိုက္၊ ေလးထပ္တိုက္ျဖစ္ေနရင္လဲ အေပၚထပ္ေတြရဲ့ လမ္းမဘက္ လွည့္တဲ့ ျပဴတင္ေပါကါ တစ္ေပါက္စီရဲ့ေပၚမွာ မွန္ခ်ပ္ကပ္ထား၊ ခ်ိတ္ထားရမယ္။ အေပၚဆံုးထပ္ရဲ့ အမိုးခၽြန္ေပၚမွာ လ်ွပ္စစ္ဓါတ္မီးတိုင္ အေသးတစ္တိုင္ ဒါမွမဟုတ္ရင္ အလံတိုင္ငယ္တစ္ခု စိုက္ထားရင္ ပိုေကာင္းတယ္။ အလံတိုင္မွာ အလံက တစ္လူလူလြင့္ေနရမယ္။

ဘဏ္ႏွင့္ခ်ိတ္ဆက္ၿပီး ကိုယ္ပိုင္ေျမေပၚတြင္ အိမ္ေဆာက္လုပ္လိုသူမ်ားအတြက္ အထူးအခြင့္ အေရးရွိပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ

Credit : အိမ္တြင္းအလွဆင္ကၽြန္းပရိေဘာဂမ်ား

 

[Unicode]

 

တခေါက်မှာတော့ အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထား နဲ့ ပတ်သက်တဲ့ ဖုန်းရွှေ အကြောင်း တင်ဆက်ပေးပါမယ်။

မြေကွက်ပုံစံကိုအရင်ဆုံးပြောပြပါမယ်။ ဖုန်းရွှေပညာမှာ အိမ်ဆောက်ဖို့ အကောင်းဆုံး မြေကွက်ပုံစံနှစ်ခုရှိတယ်။ စတုရန်းပုံမြေကွက်နဲ့ ထောင့်မှန်စတုဂံပုံမြေကွက်နှစ်ခုကိုပဲ အိမ်ဆောက်ဖို့ အသင့်တော်ဆုံးလို့ ဖုန်းရွှေပညာကညွှန်းပါတယ်။

စတုရန်းပုံမြေကွက်က ဟန်ချက်ညီတယ်။ ကောင်းတဲ့ကောင်းကင်ချီတွေကိုစုတ်ယူအားကောင်းတဲ့အတွက် ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေနဲ့ ပြည့်ဝနေတယ်။ ယင်းနဲ့ယန် ညီညွတ်မျှတမှုရှိတယ်။ ဖုန်းရွှေ အားကောင်းတယ်လို့သာမန်အားဖြင့်ပြောလို့ရတယ်။ ယင်နဲ့ ယန်ညီညွတ်မျှတအောင် ပြုပြင်စရာမလိုတော့ဘူး။ စတုရန်းပုံ မြေကွက်ပေါ်မှာ စတုရန်းပုံ...ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံကျတဲ့ အိမ်ပုံစံမျိုးကို ဆောက်သင့်တယ်။ ဒါမှ...ဖုန်းရွှေအားတွေကို တိုးပွားစေမယ်။

ကမ္ဘာကျော်အဆောက်အဦကြီးတွေ၊ တိဗက်ဘုန်းတော်ကြီးကျောင်းတွေ၊ ရှောင်လင်ကျောင်းတော်ကြီးတွေဟာ စတုရန်းပုံမြေကွက်ပေါ်မှာပဲ တည်ဆောက်တယ်။ စတုရန်းပုံမြေကွက်ပေါ်မှာ တည်ဆောက်တဲ့ အိမ်တွေ၊ အဆောက်အဦးတွေဟာ မြေငလျင်ဒဏ်၊ မြေသားပြတ်ရွေ့တဲ့ဒဏ်တွေကို ခံနိုင်စွမ်းရည်ရှိတယ်။

ဖုန်းရွှေအား ကောင်းတဲ့ စတုရန်းပုံမြေကွက်ပေါ်မှာ ဆောက်တဲ့ အိမ်တွေဟာ ကျက်သရေမင်္ဂလာရှိတယ်။ နေထိုင်ကြတဲ့ အိမ်သူအိမ်သားတွေဟာ ကျန်းမာသန်စွမ်းပြီး အဆင်းရှုပကာလှပလိမ့်မယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနေသင့်တဲ့ မြေကွက်ပေါ့ကွာ။ စတုရန်းပုံမြေကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေနေသမျှ ကာလပတ်လုံး အမှုအခင်း အချုပ်အနှောင်နဲ့ ကင်းဝေးတယ်လို့ ဖုန်းရွှေပညာမှာ အဆိုရှိတယ်။

စတုရန်းပုံအကြောင်းလေး ပြောရဦးမယ်။ လက္ခဏာ ပညာမှာလဲ...ညာဘက်အသက်လမ်းကြောင်းရဲ့ အသက်လမ်း ကြောင်းပေါ်မှာ စတုရန်းကွက်လေးပါရင်...ဥပစ္ဆေဒကကံနဲ့ မသေဘူး။ အမှုအချုပ်၊ ထောင်ကျတဲ့ဘေးမျိုး မကျရောက်ဘူး လို့အဆိုရှိတယ်။ တို့မြန်မာတွေရဲ့ ဂမ္ဘီရပညာ၊ ဂန္ဓာရပညာရပ်တစ်ရပ်ဖြစ်တဲ့ အင်းပညာမှာ အင်းဘောင်၊ အင်းကွက်တွေဟာ စတုရန်းပုံတွေပဲများတယ်။ ပိုလည်းအစွမ်းထက်တယ်။

စတုရန်းပုံမြေကွက်ပြီးရင် ထောင့်မှန်စတုဂံပုံမြေကွက် အကြောင်းပြောပြမယ်။ ထောင့်မှန်စတုဂံပုံမြေကွက်ကလည်း ဖုန်းရွှေအားကောင်းတယ်။ ထောင့်မှန်စတုဂံပုံမြေကွက်မှာလည်း နောက်ဘက်သို့ရှည်တဲ့မြေကွက်က ဘေးဘက်ကို ရှည်ထွက်တဲ့ မြေကွက်ထက် ဖုန်းရွှေအားကောင်းတယ်။ အဲ့ဒီလိုမြေကွက်ပေါ်မှာ အိမ်ဆောက်မိရင် စီးပွားတိုးတတ်မယ်။ မိသားစုဘဝပျော်ရွှင်ချမ်းမြေ့မှုရမယ်။ စိတ်ချမ်းသာစွာ၊ ကျန်းမာစွာ နေထိုင်နိုင်ကြလိမ့်မယ်။

အယ်လ်(L)ပုံစံဖြစ်နေတဲ့ မြေကွက်ပေါ်မှာ အိမ်မဆောက်သင့်ဘူး။ သားခုတ်ဓါးနဲတူတယ်ဆိုတဲ့ အယူမျိုးနဲ့ အယ်လ်(L)ပုံစံမြေကွက်ပေါ်မှာ အိမ်မဆောက်သင့်ဘူးလို့ ဆိုတာထက် ဖုန်းရွှေညံ့လို့ဆိုတာက ပိုမှန်ပါတယ်။ အယ်လ်(L)ပုံစံမြေကွက်မှာ ယင်၊ ယန်တွေ ညီညွတ်မှုမရှိပါဘူး။ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ မရဘူး။ အယ်လ်(L) ပုံစံမြေကွက်ပေါ်မှာ အိမ်ဆောက်မိရင်...အိမ်သူ အိမ်သားတွေဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့ လွဲလိမ့်မယ်။ စီးပွားရေးမှာပိတ်ဆို့ နားစီးမှုခံရလိမ့်မယ်။ ဒုက္ခမျိုးစုံကြုံရမယ့် သဘောပေါ့။

အယ်လ်(L)ပုံစံမြေကွက်ပေါ်မှာ အယ်လ်(L)ပုံစံ အိမ်မဆောက်မိဖို့ အရေးကြီးပါတယ်။ အယ်လ်(L) ပုံစံမြေကွက်ကို နှစ်ပိုင်းပိုင်းပြီး ထောင့်မှန်စတုဂံမြေကွက်နှစ်ခု ဖြစ်အောင်လုပ်ပါ။ ထောင့်မှန်စတုဂံ မြေကွက်တစ်ကွက်မှာ စတုရန်းပုံစံကျတဲ့ အိမ်ကိုဆောက်ရလိမ့်မယ်။

အိမ်နောက်ဖက်မှာ ရေစင်ကြီးကြီး ဒါမှမဟုတ်ရင်...မီးတိုင်မြင့်မြင့်စိုက်ပေးရမယ်။ သစ်ပင်ကြီး စိုက်ပေးရင်လည်း ရပါတယ်။ မြေပိုတွေမှာ ပန်းလှလှလေးတွေ ပွင့်တဲ့ ပန်းပင်စိုက်ပါ။ တတ်နိုင်ရင်တော့...အင်ကြင်းကျောက်တုံးကြီးတွေနဲ့ ကျောက်တုံးဥယျာဉ်(Stone qarden) လေးလုပ်ထားပါ။အဲ့ဒီအင်ကြင်းကျောက်တွေဟာ ကောက်းတဲ့ကမ္ဘာမြေပြင်ချီတွေကို ပွားများစေတဲ့ အစွမ်းသတ္တိရှိတယ်။

မြန်မာပြည်အလယ်ပိုင်းက အင်ကြင်းကျောက်တွေ တရုတ်ပြည် ယူနန်ပြည်နယ်မှာ တော်တော်များများတွေ့ရတယ်။ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေရဲ့ရှေ့မှာ အင်ကြင်းကျောက်တုံးကြီးတွေကိုချထားတယ်။ အလှပြတာမဟုတ်ပါဘူး။ ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ ရောက်လာအောင်လုပ်တာပါ။

မြို့ပြတွေမှာတော့ စတုရန်းပုံမြေကွက်နဲ့ စတုဂံပုံမြေကွက်တွေပဲ အတွေ့များပါတယ်။ အယ်လ်(L)ပုံစံမြေကွက်တွေက တွေ့ခဲပါတယ်။

နောက်...အိမ်မဆောက်သင့်တဲ့ မြေကွက်မျိုးက တြိဂံမြေကွက်ပဲ။မကောင်းတဲ့ကောင်းကင်ချီတွေ အများဆုံး ကျရောက်တယ်။ ဖုန်းရွှေညံ့တဲ့ မြေကွက်ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ စဉ်စားမယ်ဆိုရင်လည်း...တြိဂံပုံမြေကွက်မှာ အိမ်ဆောက်ရတာ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ ဒီလိုပဲ အယ်လ်(L)ပုံစံမြေကွက်တွေပေါ်မှာ အိမ်ဆောက်ရတာလဲ အချိုး မပြေ၊ အဆင်မလှဖြစ်မှာပဲ။ စတုရန်းပုံ၊ ထောင့်မှန်စတုဂံပုံ မြေကွက်တွေ အတွက် အိမ်ပုံစံဆွဲရတာ သိပ်အဆင်ပြေပါတယ်။

ဖုန်းရွှေပညာအရ ပြောရင် တြိဂံပုံမြေကွက်ပေါ်မှာ ဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်...အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ စိတ်ဖိစီးမှုကို ခံရမယ်။ အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိပဲ မသက့်မြတ်မှုတွေသာ ဖြစ်မယ်။ စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင် ဆုံးရှုံးမယ်။ အိမ်ထောင်ရှင်တွေ ရှိရင်လည်း အိမ်ထောင်ဖက် တစ်ဦးဦး သစ္စာဖောက်လိမ့်မယ်။

တြိဂံမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် အိမ်ရှေ့ဘက်ကျတဲ့ထောင့်စွန်းမှာ ဓါတ်မီးတိုင်ထားရမယ်။ ဒါမှမဟုတ်ရင် အလံတိုင်တစ်ခုထားရမယ်။ အလံတိုင်ကို အလံလွှင့်ထားရင် ပိုကောင်းမယ်။ သက်ဆိုင်ရာ မိမိနိုင်ငံရဲ့ နိုင်ငံတော်အလံကို လွှင့်ထူထားလည်း ရပါတယ်။

တြိဂံပုံမြေကွက်ထဲမှာပဲ ကြက်လျှာစွန်းလို မြေကွက်မျိုးမှာ ချွန်မြတဲ့ ထောင့်စွန်းတစ်ခုပါစမြဲပဲ။ အဲ့ဒီထောင့်စွန်းကို စည်းရိုးပင်တွေထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။ မြန်မာပြည်မှာ အများဆုံးအစိုက်များတာက ပုဏ္ဏရိပ်ပင်တွေများတယ်။ ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံး ခြံစည်းရိုးပင်ပဲ။ထောင့်ချိုးမညီတဲ့မြေကွက်တွေ၊ ထြာပီဇယံပုံမြေကွက်တွေ၊ ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ ဖုန်းရွှေကောင်းလာအောင် ယင်၊ ယန်ညှိပေးဖို့ သိပ်ခက်တယ်။

ထောင့်မှန်မကျတဲ့ဘက်မှာ ပုဏ္ဏရိပ်ပင် တွေစိုက်ပြီး ယင်၊ ယန်ကို ညှိပေးရတယ်။ အုတ်တံတိုင်းကာထားရင်လဲ...အုတ်တံတိုင်းတစ်လျှောက်မှာ ပန်းအိုးလေးတွေစီပြီး အလှစိုက်ထားပါ။ အနားမညီ၊ ပုံစံမမှန်တဲ့ မြေကွက်တွေကတော့ မြို့ပြအိမ်ယာကွက်တွေမှာ တွေ့ခဲပါတယ်။ အလျား၆၀ပေ၊ အနံ၄၀ပေ။ အလျား၆၀ပေ အနံ၂၀ပေရှိတဲ့ ထောင့်မှန်စတုဂံပုံမြေကွက်တွေပဲ များပါတယ်။ အလျားနဲ့ အနံပေတတူတဲ့ စတုရန်းပုံ မြေကွက်တောင် ခပ်ရှားရှားပါ။

အနားမညီ၊ ထောင့်မညီ၊ ပုံစံမမှန်တဲ့မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီး နောက်ရှူးသွားတဲ့ မြေကွက်ရယ်...ရှေ့ရှူးပြီး နောက်ကိုကားသွားတဲ့ ဇလားပုံလို့ခေါ်တဲ့ တြိဗီဇီယံ ပုံစံမြေကွက်တွေ အတွေ့များတတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီမြေကွက်မျိုးတွေက လမ်းထောင့်တွေမှာ ရှိတာများတယ်။အဲ့ဒီလို ဇလားပုံအမှောက်မြေကွက်၊ ဇလားပုံအလှန်မြေကွက်တွေ မှာဆိုရင် လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးငွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။

လျှပ်စစ်ဓါတ်တိုင်တွေ စိုက်ပေးရတယ်။ အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ရင်လည်းရပါတယ်။ အလံတိုင်စိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့်...လျှပ်စစ်မီးတိုင်ကတော့ အကောင်းဆုံးပါပဲ။ ဒီလောက်ဆိုရင် ဝယ်သင့်တဲ့ မြေကွက်။ အိမ်ဆောက်သင့်တဲ့မြေကွက်တွေ အကြောင်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။

စတုရန်းပုံမြေကွက်တွေ၊ ထောင့်မှန်စတုဂံပုံမြေကွက်တွေပေါ်မှာ စတုရန်းပုံစံအိမ်၊ ထောင့်မှန်စတုဂံအိမ်တွေပဲ ဆောက်သင့်တယ်လို့ ပြောခဲ့ပြီးပြီး။ မြေကွက်ကကြီးပြီး ဆောက်မဲ့အိမ်ကသေးသေးလေးဆိုရင် မြေပိုချိန်ရမယ်။ အိမ်ရဲ့ရှေ့နောက် ဘေးနှစ်ဘက်မှာ မြေကျန် အကျယ်အဝန်း ညီညွတ်ရမယ်။

ဖုန်းရွှေပညာမှာကတော့ တောင်ဘက်ကို မင်္ဂလာရှိတဲ့အရပ်လို့ သတ်မှတ်ပြီး၊ မြောက်ဘက်အရပ်ကို အမင်္ဂလာအရပ်လို့ သတ်မှတ်တယ်။ အရှေ့မြောက်အရပ်ကို အဆိုးရွားဆုံး အရပ်လို့သတ်မှတ်တယ်။ဖုန်းရွှေပညာမှာရော...မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနည်းနာမှာရော အပြောများတဲ့ "လှည်းဦးတိုင်၊ လှေဦးတိုက်" မှာ မနေကောင်းဘူး။

လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်းကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး ဆိုတာကို ဆက်ပြောမယ်။ ဖုန်းရွှေပညာ စာအုပ်တွေမှာတော့...တီ(T)ပုံလမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလို မြေအနေထားမျိုးလည်း မြို့ပြအိမ်နေယာကွက်တွေမှာ အတွေ့များပါတယ်။

လှည်းဦးတိုက်၊ လှေဦးတိုက် မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။"လှည်းဦးတိုက်၊ လေဦးတိုက်" အိမ်ကတော့ခိုက်တယ်။ အဲ့ဒီအိမ်မှာ နေတဲ့သုတွေဟာ စီးပွားတိုးတတ်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာအရမှာတော့...မြန်မာ့ရိုးရာ ရှေ့ထုံးစဉ်လာ နည်းနာမှာရော...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေထားမျိုးဖြစ်နေတယ်။ ဒါပေမယ့်...မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ နည်းနာမှာတော့"လှည်းဦးတိုပ်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ပွဲရုံတွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ ပြောထားတယ်။

စောစောက ပြောခဲ့တဲ့ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်ဆုံးပေါ့။ အမှန်တော့"ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ တို့ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်စားကြည့်မယ်။

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ်ရဲ့ပွဲရုံကို မြင်နေရတယ်။သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။ "ဈေးကွက်မြင်ကွင်း" အားသာမှုရှိလို့ ပြောရင်ပိုမှန်တယ်။ လူနေရင်ခိုက်တယ် ဆိုတာကို ပြန်ပြီးစဉ်စားကြည့်ပါ။

" လှည်းဦးတိုက်။ လှေဦးတိုက်" အိမ်ကို ခိုးခြင်း၊ ဝှက်ခြင်း၊ လုယက်တိုက်ခိုက့်ခင်တဲ့လူတွေပ အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ...ရှေ့တူရှုလမ်းက တည့်တည့် မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်၊ ညာ ကွေ့သွားရင် ဖုန်မှုန့်တွေဟာ အိမ်တဲတန်းဝင်လာမှာပဲ။

ရှေ့တူရှုလမ်းက အသုဘ ချလာပြီဆိုပါတော့ အဲ့ဒိ အနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေထဲကို ရှေ့တူရှု လှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စ ကျွံဝင်လာတာမျိုးကို ခနခဏ ခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးကိုက်" မှာမနေကောင်းဘူး။ အိမ်မဆောက်သင့်ဘူးလို့ ပြောတာပါ။

ဒါပေမယ့်...ဒီလို "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုရင် ဘယ်လိုကာကွယ်မလဲ။ ဒါက လွယ်ပါတယ်။ တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ ဒီနည်းထက် ပိုကောင်းတာကတော့...တံခါးရဲ့ အအေါ်ဘက်၊ အိမ်အဝင်အဝ တံခါးရံ့ အပေါ်ဘက်မှာ မှန်တစ်ချပ်ကပ်ထား၊ ချိတ်ဆွဲထားရမယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်တွေမှာ မှန်ထောက်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တစ်ချို့မှန်ချပ်တွေက သေးလွန်းတယ်။ တစ်ချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်ချပ်ရဲ့ အလယ် အနီရောင်နဲ စတုရန်းပုံအကွက်လေးရေးထားရမယ်။

အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး။ အုတ်တံတိုင်း မြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ် ဆိုပေမယ့်...မြေအနေအထားအရ မဖြစ်နိုင်ပါဘူး။ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

နောက်...အရေးကြီးတာ (Y) ပုံ လမ်းဆုံမှာဆောက်ထားတဲ့ အိမ်က အခိုက်ဆုံးပဲ။ အမှန်တော့...တြိဂံပုံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ပါပဲ။ "ကြက်လျှာစွန်း" ပုံအိမ်၊ "ကြက်လျှာစွန်း" မြေနေရာမှာ ဆောက်ထားတဲ့အိမ်လို့ ပြောလို့ရတယ်။အဲ့ဒီလို...အိမ်အနေအထားမျိုးကတော့...အိမ်ရှေ့တည့်တည့် မြေအစွန်းမှာ လျှပ်စစ်ဓါတ်မီးတိုင်၊ ဒါမှမဟုတ်ရင် အလံတိုင်စိုက်ပေးရမယ်။ လမ်းဆုံ ကြက်လျှာစွန်းထိပ်နဲ့ အိမ်အဝင်တံခါးမကြီးနဲ တည့်တည့်ကြီးဖြစ်နေရင် လုံးဝမကောင်းဘူး။

တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းအယူအဆကတော့... အဲ့ဒီတံခါးကို "မသာခြေကန်နေရာ" လို့တောင်ခေါ်တယ်။ ထောင့်ကျဉ်း(Y) ပုံစံ မြေကွက်မှာ မြေအပြည့်ဆောက်ထားတဲ့ အိမ်ပေါ့။ လမ်းမနှစ်ဘက်ကို အိမ်အဝင်တံခါးမကြီးထားတယ်။ မြို့ပြအိမ်နေရာတွေမှာ ဒီလိုအိမ်မျိုးတွေ ရှိတတ်ပါတယ်။

ကြက်လျှာစွန်းမြေကွက်ပေါ်မှာ ကြက်လျှာစွန်းအိမ်ဆောက်ထားတဲ့ ပုံစံပဲ။ ရှေ့မြန်မာအဖိုးအဖွားတွေကတော့ ဒီလိုအိမ်မျိုးမှာ မနေကောင်းဘူး။ အသက်တိုတယ်။ အန္တာရာယ်များတယ်လို့ မှာကြားခဲ့တယ်။ ဒါပေမယ့်...ဆိုင်ဖွင့်ရင်တော့ ကောင်းတယ်။ ပွဲရုံဖွင့်ရင် ကောင်းတယ်။ အကျိုးပေးမယ်။ ရောင်းအားကောင်းမယ်လို့လဲ ဆိုပြန်တယ်။

ဖုန်းရွှေပညာအရတော့ ...လူနေရင်လည်း ဆိုးကျိုးနဲ့ကြုံရမယ်။ ဆိုင်ဖွင့်ဖွင့်၊ ပွဲရုံဖွင့်ဖွင့်မကောင်းဘူး။ လုံးဝမကောင်းဘူး။ မကောင်းတဲ့ ကောင်းကင်ချီတွေ ဆင်းသက်တယ်။ ယင်၊ ယန်မျှတမှု အားနည်းတယ်။ လမ်းဘက်ကို မျက်နှာမူထားနဲ့တံခါးမကြီးနှစ်ခုရဲ့ အပေါ်မှာ မှန်ကပ်ထား မှန်ချိတ်ထားရမယ်။ ရိုးရိုးမှန်မရဘူး။ ပုံရိပ်ထင်တဲ့ မှန်ဖြစ်ရမယ်။

ခြောက်လက်မပတ်လည် စတုရန်းပုံ ဖြစ်ရမယ်။ မှန်ရဲ့ အလယ်မှာ အနီရောင် စတုရန်းပုံလေး ရေးထားရမယ်။ တံခါးဝတွေမှာ ပန်းအိုးထားရမယ်။ အဖြူရောင် အနီရောင်ပန်းတွေ ပွင့်တဲ့ ပန်းပင်စ်ုက်ထားရမယ်။

ယင်နဲ့ ယန်မျှတအောင် လုပ်ပေးတာပေါ့။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ လေးထပ်တိုက်ဖြစ်နေရင်လဲ အပေါ်ထပ်တွေရဲ့ လမ်းမဘက် လှည့်တဲ့ ပြူတင်ပေါကါ တစ်ပေါက်စီရဲ့ပေါ်မှာ မှန်ချပ်ကပ်ထား၊ ချိတ်ထားရမယ်။ အပေါ်ဆုံးထပ်ရဲ့ အမိုးချွန်ပေါ်မှာ လျှပ်စစ်ဓါတ်မီးတိုင် အသေးတစ်တိုင် ဒါမှမဟုတ်ရင် အလံတိုင်ငယ်တစ်ခု စိုက်ထားရင် ပိုကောင်းတယ်။ အလံတိုင်မှာ အလံက တစ်လူလူလွင့်နေရမယ်။

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit : အိမ်တွင်းအလှဆင်ကျွန်းပရိဘောဂများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
maha
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service