ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်မှုမရှိဟု တိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
1161 Views

ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်မှုမရှိဟု တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန် မြို့သစ်စီမံကိန်း နှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ကန့်ကွက်ခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

တိုင်းအစိုးရကအကောင် အထည်ဖော်နေသည့် မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး မေလ ၁၀ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် အပြီး သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားသည်။

‘‘ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရက သဘောမတူဘူးဆိုတာ မဟုတ်ပါဘူး။ လက်ရှိစီမံကိန်းက လွှတ်တော်ကသဘောတူထားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နေပါတယ်’’ဟု ဝန်ကြီးချုပ် က ပြောသည်။

ယခုအခါ မြေသိမ်းမှုများပြား ၍ မြေလျော်ကြေးပေးရန် ဆောင်ရွက်နေပြီး စီမံကိန်းလုပ်ငန်းဖြစ်နိုင်ခြေကို ဆန်းစစ်လေ့လာနေကာ မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ရေး တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရတို့သည် ၂၀၁၈ ဧပြီ ၃၀ရက်က ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Frame−work Agreement)ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုစီမံကိန်းသည် ကန်ဒေါ် လာ ၁ ဒသမ ၆ ဘီလီယံကျော် ကုန်ကျမည်ဖြစ်၍ ပြည်ထောင်စု အစိုးရခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စု အစိုးရက ခွင့်ပြုမိန့်ပေးရန် ကျန်ရှိနေသောကြောင့် မကြာမီ ခွင့်ပြုမိန့်တင်မည်ဖြစ်ကြောင်း အစိုးရပိုင် NYDC ကုမ္ပဏီအမှုဆောင် အရာရှိချုပ်ဦးသိမ်းဝေက မေလ ၌ ပြောကြားထားသည်။

ရန်ကုန်မြို့သစ် ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းခြောက်ခုကို ရန်ကုန်တိုင်းအစိုးရပိုင်ကုမ္ပဏီ NYDC က ကုမ္ပဏီများ ကို ဖိတ်ခေါ်ခဲ့သည်။ ထိုလုပ်ငန်းများသည် ဓာတ်အားထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆိုက်ဘာဆက်သွယ်ရေးအခြေခံအဆောက်အအုံများ၊ ရေဆိုးသန့်စင်ရေးစနစ်များ၊ သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး၊ ဖြန့်ဖြူးရေးနှင့် ကွန်ဗင်းရှင်းစင်တာတို့ဖြစ်သည်။

ထိုလုပ်ငန်းများအတွက် မြန်မာနိုင်ငံအပါအဝင် ၁၃ နိုင်ငံမှ စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) ၇၇ ခု တင်ပြမှုရှိကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC)က သတင်းထုတ်ပြန်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service