ဟားခါးတွင် ဘိလပ်မြေထုတ်လုပ်ရန် ဖြစ်နိုင်စွမ်း ရှိ၊ မရှိဆန်းစစ်ရေး ကုမ္ပဏီများကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
742 Views

ဟားခါးတွင် ဘိလပ်မြေထုတ်လုပ်ရန် ဖြစ်နိုင်စွမ်း ရှိ၊ မရှိဆန်းစစ်ရေး ကုမ္ပဏီများကို ဖိတ်ခေါ်

ချင်းပြည်နယ် ဟားခါး မြို့နယ်ရှိ မြေဧကတစ်သောင်းကျော်တွင် ဘိလပ်မြေထုတ်လုပ်ရန် ဖြစ်နိုင်စွမ်းရှိ၊ မရှိ လေ့လာ ဆန်းစစ်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဘူမိဗေဒလေ့လာ ရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနက ဖိတ်ခေါ်သည်။

အဆိုပါ မြေနေရာကိုပြီးခဲ့ သည့် ဖေဖော်ဝါရီတွင် ပထမအကြိမ် တင်ဒါခေါ်ယူသော်လည်း လျှောက်ထားသည့် ကုမ္ပဏီသည် နိုင်ငံတော်ကိုပေးဆပ်ရန် အကြွေးကျန်ရှိနေသော ကုမ္ပဏီဖြစ်၍ ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

‘‘ဖက်စပ်လုပ်ဖို့ပါ။ နိုင်ငံခြား ကုမ္ပဏီက အဆင်သင့်ရှိတယ်။ ပြည်တွင်း ကုမ္ပဏီဘက်က အဆင်သင့်မဖြစ်လို့ ပြန်ခေါ်ရတာ ပါ’’ ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပြောကြားသည်။

အဆိုပါ စီမံကိန်းကို စိတ်ဝင်စားပါက ကုမ္ပဏီများသည် ဇွန်လ ၁၀ ရက် နောက်ဆုံးထား၍ ဌာနသို့ လျှောက်ထားရမည် ဖြစ်သည်။။ ယခုလုပ်ကွက်သည် ဟားခါးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြား ဘုံဇုံးဒေသ၌ရှိပြီး ဂန့်ဂေါမြို့မှ နာရီပိုင်းအတွင်း သွားရောက်နိုင်သည်။

ချင်းပြည်နယ်အတွင်း ပမာဏကြီးမားသော သတ္တုသိုက်များရှိနေ၍ သတ္တုတူးဖော်ရေးကဏ္ဍ တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဖိတ်ခေါ်ထားသည်။

ချင်းပြည်နယ် တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး၊ အခြေခံအဆောက် အအုံ၊ ရေအားလျှပ်စစ်နှင့် ဓာတ် သတ္တုတူးဖော်ရေးသည် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသော လုပ်ငန်းများဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

သတ္တုတူးဖော်ရေးတွင် နီကယ်၊ ခရိုမိုက်၊ ထုံးကျောက်၊ ကြေးနီတို့ အများအပြားမတူး ဖော်ရသေးကြောင်း ၀န်ကြီးချုပ် က ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service