ေျမရွင္လက္မွတ္ ေပၚေပါက္လာပံု - Property Knowledge in Myanmar from iMyanmarHouse.com
9167 Views

ေျမရွင္လက္မွတ္ ေပၚေပါက္လာပံု

Knowledge | Posted by Si Thu Aung

[Zawgyi]

တုိက္ခန္းတစ္ခန္း အေရာင္းအ၀ယ္လုပ္တုိင္း ေျမရွင္လက္မွတ္ ရမွာလားဆိုတာ အေရးႀကီးေမးခြန္းအေနနဲ႔ ၀ယ္သူေတြေမးလာၾကတဲ႔ ေမးခြန္းတစ္ခုပါ..။ ဘာလို႔ ေျမရွင္လက္မွတ္ဆိုတာ အေရးပါလာတာလဲ???

တစ္ခါတုန္းက တန္ဖိုးသင္႔ ရိုးရိုးကန္ထရိုက္တိုက္ခန္းတစ္ခု ျပေပးရတံုးက လာၾကည္႔တဲ႔ဧည္႔သည္က တိုက္ခန္းအမည္ေပါက္ရမွာလားလို႔ ေမးတာ ႀကံဳဖူးပါတယ္..။ အမည္ေပါက္ေဖာက္ခ်င္ ေဖာက္လို႔ရပါတယ္..။ အခြန္ေတာ႔ ေဆာင္ရပါမယ္လို႔ ျပန္ေျပာလိုက္ေတာ႔ ၿငိမ္သြားပါတယ္..။ အခြန္ေဆာင္မွ နာမည္ေပါက္ရမွာလား?? တိုက္ခန္းနာမည္ေပါက္တယ္ဆိုတာ ဘာလဲ??? ဘယ္သူ႔ဆီမွာ နာမည္ေပါက္တာလဲ???

၀ါရင္႔အိမ္ၿခံေျမ ေရွ႕ေနတစ္ေယာက္ကလည္း ရိုးရိုးကန္ထရိုက္တုိက္ခန္းက နာမည္ေပါက္ေဖာက္စရာမလို..၊ အခြန္ေဆာင္စရာမလိုလို႔ ေျပာေနတာ ၾကားခဲ႔ရဖူးပါတယ္..။တစ္ျခားေရွ႕ေနတစ္ေယာက္ကေတာ႔ နာမည္ေပါက္ ေဖာက္ခ်င္ရင္ အခြန္ေဆာင္ရင္ ရပါတယ္လို႔ ေျပာပါတယ္..။ ရိုးရိုးကန္ထရိုက္တိုက္ခန္းေတြ အခြန္ေဆာင္ရင္ နာမည္ေပါက္ရတယ္ဆိုတာ ဥပေဒကၽြမ္းက်င္သူေတြေတာင္ မသိတာ ဘာေၾကာင္႔လဲ????

ေအာက္မွာနမူနာျပထားတဲ႔ ဓာတ္ပံုကေတာ႔ ၂၀၁၅-၂၀၁၆ ခုနွစ္က ရာျဖတ္ဌာနက တရား၀င္သတ္မွတ္ထားတဲ႔ တိုက္ခန္းမ်ားရဲ႕ ရာျဖတ္တန္ဖိုးေတြပါ..။

အစိုးရရဲ႕ တရား၀င္သတ္မွတ္ခ်က္အရဆိုရင္ တိုက္ခန္းေတြကိုလည္း ရာျဖတ္ျဖတ္..၊ အခြန္ေဆာင္ၿပီး အစိုးရဆီမွာ တရား၀င္နာမည္ေပါက္ ေဖာက္ခိုင္းပါတယ္..။ ေအာက္မွာျပထားတဲ႔ ပံု(၁)အရ အလံု၊တာေမြ၊ၾကည္႔ျမင္တိုင္၊ေတာင္ဥကၠလာ၊ သဃၤန္းကၽြန္း၊လွိဳင္၊ရန္ကင္း၊အင္းစိန္ၿမိဳ႕နယ္ေတြမွာရွိတဲ႔ အတြင္းလမ္းက ေျမညီတိုက္ခန္းတစ္ခန္းကို ၁ စတုရန္းေပ ၄၅,၀၀၀ က်ပ္ သတ္မွတ္ထားပါတယ္..။

၁၂ခြဲ*၅၀ေပရွိတဲ႔ ေျမညီထပ္တစ္ခန္းဆိုပါစို႔..။ စုစုေပါင္း ၆၂၅ စတုရန္းေပရွိပါတယ္..။ ၆၂၅ * ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန္းရွိပါတယ္..။ အဲဒီေတာ႔ ရာျဖတ္တန္ဖိုး ၂၈၁သိန္းေက်ာ္ပါတယ္..။ ၂၈၁.၂၅သိန္းေပၚမွာ အခြန္ ၁၅%+ တံဆိပ္ေခါင္းခြန္ ၄% = စုစုေပါင္း ၁၉% ျဖစ္တဲ႔ ၅,၃၄၃,၇၅၀ သိန္း အခြန္ေဆာင္ရပါမယ္..။(အခြန္ ၁၅% က ေငြျဖဴရွိရင္ ေခ် (Claim) လို႔ရပါတယ္..။ ၄% ျဖစ္တဲ႔ တံဆိပ္ေခါင္းခြန္ကေတာ႔ မေဆာင္မေနရပါ..။ ေခ်လို႔မရပါ..။)

ေျမညီတိုက္ခန္းတစ္ခန္း၀ယ္ၿပီး နာမည္ေပါက္ေဖာက္ခ်င္ရင္ သိန္း ၅၀ ေက်ာ္ အခြန္ေဆာင္ရမယ္လို႔ ျဖစ္လာပါတယ္..။

ဒီေနရာမွာ စီးပြားေရးသမား ကန္ထရိုက္နဲ႔ စီးပြားေရးတြက္ တြက္တတ္ခ်က္တတ္တဲ႔ အ၀ယ္တို႔ လက္၀ါးရိုက္ပါၿပီ..။ အခြန္ဘာလို႔ ေဆာင္ေနမလဲ??? ေျမရွင္ကို လက္မွတ္ထိုးခိုင္းလိုက္..၊ ပိုက္ဆံနည္းနည္းပါးပါး ေပးလိုက္ရင္ ၿပီးေရာမဟုတ္လား..။ အမည္ေပါက္ ဘာလို႔ ေဖာက္ေနမလဲဆိုတဲ႔ ေရာင္းသူ၀ယ္သူ အသံတူတာေတြ ျဖစ္ၾကပါလိမ္႔မယ္..။

တိုက္ခန္းအေရအတြက္က မ်ားတာရယ္..၊ အမည္ေပါက္ေဖာက္မယ္႔ လုပ္ငန္းအဆင္႔ေတြ မ်ားတာရယ္..၊ ရံုးမသြားခ်င္ၾကတာရယ္..၊ ေငြမကုန္ခ်င္တာရယ္..၊ အခြန္ေဆာင္လည္း ဘာအက်ိဴးရလဒ္မွ ထူးျခားထြက္ေပၚမလာတာရယ္ေၾကာင္႔ အခြန္ေဆာင္မေနေတာ႔ပဲ ေျမရွင္ကိုပဲ ေခါင္သူႀကီးေနရာထားၿပီး နွစ္ေယာက္ေရာင္း..၊ သံုးေယာက္ေရာင္းျဖစ္ေနခဲ႔ရင္ ေျမရွင္အသိအမွတ္ျပဳ လက္မွတ္ပါထားသူကအနုိင္ စသျဖင္႔ သူ႔အရပ္နဲ႔သူ႔ဇာတ္ လုပ္ၾကရင္း ေျမရွင္လက္မွတ္ဆိုတာ အေရးပါတဲ႔ က႑မွာ ပါ၀င္လာပါေတာ႔တယ္..။တိုက္ခန္းဥပေဒက အခုထိ အတည္မျပဳနိုင္ေသးဘူးလို႔ သိရပါတယ္..။(အစိုးရရဲ႕ စည္းမ်ဥ္းဥပေဒဟာ လက္ေတြ႔နဲ႔ ကင္းကြာလို႔မရဘူးဆိုတဲ႔ သတိျပဳသင္႔တဲ႔ အခ်က္တစ္ခ်က္ပါ..။)

အိုးအိမ္ဌာနကပိုင္တဲ႔တိုက္ခန္းေတြမွာေတာ႔ အမည္ေပါက္စာအုပ္ထုတ္ေပးထားပါတယ္..။ အမည္ေပါက္ေဖာက္ခ်င္ရင္ အခြန္ေဆာင္ၿပီး အမည္ေပါက္ ေျပာင္းလို႔ရပါတယ္..။ တစ္ခ်ိဳ႕လည္း အမည္ေပါက္မေျပာင္းပဲ စာခ်ဳပ္အဆက္ဆက္နဲ႔ ဆက္၀ယ္သြားၾကတာလည္း ရိွပါတယ္..။ အိုးအိမ္တိုက္ေတြမွာေတာ႔ ေျမရွင္လက္မွတ္ထိုးေပးဖို႔ မလိုပါဘူး..။ဌာနမွာ အမည္ေပါက္စစ္ေဆးလို႔ရပါတယ္..။

ကန္ထရိုက္တုိက္ခန္းနဲ႔ အိုးအိမ္တုိက္ခန္းလို႔ (၂) မ်ိဴးရွိရာမွာ ကန္ထရိုက္တိုက္ခန္း၀ယ္မယ္ဆိုရင္ ေျမရွင္လက္မွတ္ဆိုတာ လိုပါတယ္..။အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင္႔ ေျမရွင္လက္မွတ္မထိုးခ်င္ရင္ျဖစ္ျဖစ္..၊ ေျမရွင္က လက္မွတ္ထိုးမေပးရင္ ျဖစ္ျဖစ္..ရာျဖတ္နူန္းအတိုင္း အခြန္ေဆာင္ၿပီး အမည္ေပါက္ေဖာက္လို႔ရပါတယ္..။အစိုးရဆီမွာ တရား၀င္အမည္ေပါက္ၿပီးသားတိုက္ခန္းဆိုရင္ ေျမရွင္လက္မွတ္မလိုပါဘူး..။

(ကန္ထရိုက္တုိက္ခန္းကို အခြန္ေဆာင္ၿပီး အမည္ေပါက္ေျပာင္းထားတယ္ဆိုတာ တစ္ခါပဲ ၾကားဖူးခဲ႔ပါတယ္..။တကယ္႔ တစ္ခါမွ တစ္ခါပါပဲ..။ မိသားစုအေမြအရွဳပ္အရွင္းရွိလိုလို႔ သိရပါတယ္..။)

ေငြကုန္ေၾကးက်ပိုမ်ားတာ..၊ အလုပ္ပိုတာရွိလာနုိင္တာမို႔ ေျမရွင္လက္မွတ္ပဲ ေတာင္းမလား..၊ အမည္ေပါက္ပဲ ေဖာက္မလားဆိုတာ စဥ္းစားသင္႔တဲ႔ အခ်က္တစ္ခ်က္ျဖစ္တယ္ဆိုတာ တင္ျပရင္း...။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ ။

Credit: ၾကည္ျမန္မာ အက်ိဳးေဆာင္

 

[Unicode]

 

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ..။ ဘာလို့ မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ???

တစ်ခါတုန်းက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်..။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်..။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား?? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ??? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ???

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို..၊ အခွန်ဆောင်စရာမလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ????

အောက်မှာနမူနာပြထားတဲ့ ဓာတ်ပုံကတော့ ၂၀၁၅-၂၀၁၆ ခုနှစ်က ရာဖြတ်ဌာနက တရားဝင်သတ်မှတ်ထားတဲ့ တိုက်ခန်းများရဲ့ ရာဖြတ်တန်ဖိုးတွေပါ..။

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁)အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁ စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

၁၂ခွဲ*၅၀ပေရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ * ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉% ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ (Claim) လို့ရပါတယ်..။ ၄% ဖြစ်တဲ့ တံဆိပ်ခေါင်းခွန်ကတော့ မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင်အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်..။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။(အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂) မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလိုလို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာ တင်ပြရင်း...။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ ။

Credit: ကြည်မြန်မာ အကျိုးဆောင်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service