လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များအနေဖြင့် စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပြီး ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြအတည်ပြုချက်ယူ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းယူမည့်အပြင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ - Property News in Myanmar from iMyanmarHouse.com
5632 Views

လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များအနေဖြင့် စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပြီး ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြအတည်ပြုချက်ယူ၍ နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းယူမည့်အပြင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲ

စက်မှုဇုန် မြေကွက်များကို ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များအနေဖြင့် စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပြီး ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြ၍ အတည်ပြုချက်ယူကာ နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းယူမည့်အပြင် ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်ရမည့်အပြင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် မေ ၃ ရက်က ထုတ်ပြန်ခဲ့သည့် စက်မှုဇုန် ဥပဒေကြမ်းတွင် အခန်းပေါင်း ၂၀ နှင့် ပုဒ်မ ပေါင်း ၈၀ ပါဝင်သည်။

လက်ရှိ ရေးဆွဲထုတ်ပြန်ထားသည့် ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းမည့်အပြင် နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းမည့် ဒေသဆိုင်ရာ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းမည်ဖြစ်၍ ဒေသဆိုင်ရာ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေး ကော်မတီသည် စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ တည်ဆဲဥပဒေအရ အရေးယူခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။

စက်မှုဇုန်ဥပဒေကြမ်း ပုဒ်မ ၃၇ တွင် ဖော်ပြထားသည့် ပုဒ်မ ၃၇ ပုဒ်မခွဲ (ခ) အရ စက်မှုဇုန်အတွင်း မြေကွက်များကို လက်ရှိရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို ဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြ၍ အတည်ပြုချက် ရယူရန်နှင့် ထိုသို့တင်ပြထားသော စီမံကိန်းကို နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်း မရှိပါက ဒေသဆိုင်ရာ ကော်မတီက သတ်မှတ်သော မြေ၏ကာလတန်ဖိုးကို ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည်သိမ်းဆည်း၍ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးမှုခံရမည့်အပြင် အဆိုပါ အချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၆၇ အရ ငွေဒဏ်ကျပ်သိန်း ၂၀ ကျခံရမည့်အပြင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် စက်မှုဇုန်ဥပဒေကြမ်းပုဒ်မ ၅၉ တွင် မည်သူမျှ စက်မှုဇုန်အတွင်း ကျုးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်နေထိုင်ခြင်း မပြုရန် တားမြစ်ထားပြီး အဆိုပါအချက် ဖောက်ဖျက်သည်ကို ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် စက်မှုဇုန်အတွင်း စွန့်ပစ်ပစ္စည်းများကို စနစ်တကျမရှိသော နည်းလမ်းဖြင့် စွန့်ပစ်ခြင်း၊ ရေဆိုးမြောင်းများကို ကျူးကျော်ပိတ်ဆို့ခြင်း၊ ကုန်ကြမ်းနှင့် လောင်စာများကို စနစ်တကျမရှိသော နည်းလမ်းဖြင့် ထားသိုခြင်း၊ အများပိုင် လမ်းမများပေါ်သို့ ကျူးကျော်ခြင်း၊ စီမံခန့်ခွဲရေး ကော်မတီမှ သတ်မှတ်သည့် ရန်ပုံငွေထည့်ဝင်ရန် ပျက်ကွက်ခြင်း၊ မိမိပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ စက်မှုဇုန် နယ်နိမိတ်အတွင်း လုပ်ကိုင်ခွင့်ရ ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် ပုဒ်မ ၆၀၊ ၆၁ နှင့် ၆၄ ပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ပုဒ်မ ၆၉ အရ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ၁၀ သိန်း အထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ပြင် ပုဒ်မ ၆၂ တွင် မည်သည့် ရင်းနှီးမြှုပ်နှံသူမျှ ဇုန်အလိုက် သတ်မှတ်ထားသော ခွင့်ပြုလုပ်ငန်းများမှအပ အခြားစက်မှုလုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရန်နှင့် ပုဒ်မ ၆၃ တွင် မည်သည့်ရင်းနှီးမြှုပ်နှံသူမျှ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စုပေါင်းစနစ်ဖြင့် သန့်စင်စွန့်ပစ်ခြင်း မရှိသော စက်မှုဇုန်များ၌ မိမိအစီအစဉ်ဖြင့် သန့်စင်စွန့်ပစ်ရန် ပျက်ကွက်မှု မရှိစေရန် ပြဋ္ဌာန်းထားပြီး အဆိုပါ တားမြစ်ချက်များ ဖောက်ဖျက်သည်ဟု ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ပုဒ်မ ၇၀ အရ ငွေဒဏ်ကျပ်သိန်း ၂၀ ချမှတ်ရမည့်အပြင် ခြောက်လထက် မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service