ယုံထင်ကြောင်ထင် သူ့အမြင်ကိုယ့်အမြင် - Property Knowledge in Myanmar from iMyanmarHouse.com
1959 Views

ယုံထင်ကြောင်ထင် သူ့အမြင်ကိုယ့်အမြင်

Knowledge | Posted by Shwe Zin Win

“ ဦးဦးရေ……. သမီး ဖြိုးဖြိုးပါ ”လို့ နှုတ်ခွန်းလိုက်သူကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်ပါတယ်။

ကျွန်ုကလည်း “ ဖြိုးဖြိုးရေ သတင်းကောင်း ပြောဖို့ရှိလို့လား ” လို့ ပြန်လည်နှုတ်ဆက်လိုက်တာနဲ့ “ ရှိတာပေါ့ ဦးဦးရဲ့ …ဒီလိုပါ ၊ ကျွန်မတို့ရဲ့ ဆွေမျိုးတစ်ဦးက ယုဇနဥယျာဉ်အိမ်ရာ (၁၄) လမ်း က မြေညီထပ်အခန်းကို ဝယ်ချင်လို့၊အဲဒါ ဦးဦး လိုက်ပြီး စာချုပ်ပေးပါဦး”

“ အိုး … ဟုတ်လား၊ တကယ့်မင်္ဂလာသတင်းပါ၊ သင်္ကြန်ကျော်ပြီးနောက်ပိုင်း လာဘ်ပွင့်တာပဲပေါ့ မဟုတ်ဘူးလားသမီးရဲ့ ” “ မှန်ပါတယ်ရှင့်၊ ဒါနဲ့ ဦးဦးက ဘယ်ကို လိုက်လာပြီး စာချုပ်ပေးရမှာလဲ ၊ ပြောပါဦး ”“ ဒီတစ်ခါ စာချုပ်ပေးရမှာက ယုဇနဥယျာဉ်မြို့တော်မှာ မဟုတ်ဘူး၊ ဗဟန်းအုတ်လမ်းက ယုဇနတာဝါမှာ သွားပြီး စာချုပ်ပေးရမှာလေ ”

“အလို ဘယ်လိုဖြစ်တာလဲ၊ တိုက်ခန်းက ပိတ်ထားလို့ ပိုင်ရှင်ရှိတဲ့နေရာသွားရတာလား ဖြိုးဖြိုးရဲ့ ” “ ကျွန်မလည်း သေချာမသိဘူး၊ ပွဲစားခေါ်တဲ့ နောက်လိုက်ရမှာပဲ ” “ အလို …. ငါ့ညီမတို့ ဝယ်မယ့် တိုက်ခန်းဟာလည်း ပိုင်ရှင်ရှိတဲ့နေရာလည်း အတိအကျ မသိဘူးဆိုတော့ အခက်သားလားဘဲ ” ၊ “ အင်း … ပွဲစားပြောတော့ ရောင်းမယ့်သူက ပါမစ်ကို ယုဇနတာဝါရုံးချုပ်မှာ ပြန်အပ်ထားတာလို့ တော့ ပြောတာပဲ ” ၊ “ ကဲ ကဲ …ထားပါတော့လေ၊ ဟိုရောက်တော့ အကျိုးအကြောင်း သိရမှာပေါ့ ၊ မီးစင်ကြည့်ပြီး ကကြတာပေါ့ကွယ် ”

“အဲဒါကြောင့် ဦးဦးကို ရှေ့နေ ခေါ်တာပေါ့၊ ဝယ်မယ့်သူကလည်း ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်၊ ကျေးရွာကသူတွေဆိုတော့ တိုက်ခန်းနဲ့ပတ်သက်ရင် ဘာမှမသိကြဘူး၊ မြင်စီးလို့မှ အထီးမှန်းအမမှန်း မသိဆိုသလိုပါပဲ ” “ ကဲပါလေ၊ ဒါဆိုရင် မနက်ဖြန် (၁၀) နာရီမှာ ဗဟန်း၊ ယုဇနတာဝါမှာ ဆုံကြတာပေါ့….” လို့ ပြောပြီး ချိန်းဆိုလိုက်ပါတယ်။

ချိန်းဆိုထားတဲ့ တိုက်ခန်းဝယ်မယ့်အဖွဲ့ကို ဖြိုးဖြိုးက ဦးဆောင်ပြီး ၁၀း၃၀ နာရီမှာ ရောက်လာကြပါတယ်၊ သူတို့နဲ့အတူ အသက် (၄၀)ကျော် လူငယ်တစ်ယောက်လည်း ပါလာပါတယ်။ သွက်သွက်လက်လက်နဲ့ ယုဇနကုမ္ပဏီဝန်ထမ်းတွေနဲ့ ပြောဆိုပုံထောက်တော့ ဧကန္တိ အကျိုးဆောင်ပွဲစားဖြစ်ရမယ်လို့ ကျွန်ုပ်ခန့်မှန်းကြည့်လိုက်ပါတယ်။

သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ ကျွန်ုပ်နဲ့ ဝယ်မယ့်သူတွေက သူ့နောက် လိုက်ခဲ့ရပါတယ်။ ဓာတ်လှေကားနဲ့ (၂) ထပ်လောက်အထိ စီးရပါတယ်။ ခဏလေးနဲ့ ရောက်သွားပါတယ်။ ကျွန်ုပ်တို့အဖွဲ့ ရောင်းမယ့်သူရဲ့ အခန်းတွေကို ရောက်တဲ့အခါ ရောင်းမယ့်သူက အစည်းအဝေးသွားနေလို့ ခဏစောင့်ပါဦးလို့ စာရေးမတစ်ယောက်က လာပြောပါတယ်။

စာရေးသူအတော် စိတ်ပျက်သွားပါတယ်။ ရောင်းမယ့်သူကို ထိုင်စောင့်ရင်းရောင်းသူရဲ့အကြောင်းကို တစ်စေ့တစ်စောင်းအအကဲခတ်ကြည့်နေမိပါတယ်။ အခုထိ မတွေ့နိုင်သေးဘူးဆိုတော့ ဧကန္တရောင်းမယ့်သူက ကုမ္ပဏီရဲ့အကြီးအကဲတစ်ဦးဖြစ်ရမယ်လို့ တွေးတောနေစဉ် ပွဲစားလူငယ်က “ကဲ…ရှေ့နေကြီးရေ.. ဆရာက ရောက်ပြီတဲ့ ၊ အခန်းထဲဝင်ကြရအောင် ” လို့ ဝမ်းသာအားရပြောပါတယ်။

ကျွန်ုပ်လည်း ဝယ်သူနဲ့ သက်သေအဖြစ် ဖြိုးဖြိုးတို့ကို ခေါ်ပြီး မှန်နဲ့ ကာထားတဲ့ အခန်းထဲ ဝင်လိုက်ပါတယ်။ရောင်းသူက စရန်ပေးစာချုပ်လေးပြပါဦးလို့ ဆိုတာနဲ့ ကျွန်ုပ်က ထုတ်ပြလိုက်ပါတယ်။ ရောင်းသူက စာချုပ်ကို ယူသွားပြီး သူ့ရုံးခန်းထဲမှာ ဝင်ဖတ်ပါတယ်။

ရောင်းသူနေရာမှာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ ရေးသွင်းပြီး ပြန်လားပေးပါတယ်။ ပြီးတော့ အခန်းထဲ ပြန်ဝင်သွားပြန်ရော။ အလို... အထူးအဆန်းပါလားလို့ တွေးနေမိတယ်။

တစိမ့်စိမ့် စဉ်းစားကြည့်တော့မှ ကျွန်ုပ်တို့ ဒဂုံဆိပ်ကမ်းက လာတယ်ဆိုတော့ လူတွေကို မယုံတာလည်း ဖြစ်နိုင်သလို စိုးရိမ်နေတာလည်း ဖြစ်နိုင်ပါတယ်။

“ ဘာပဲဖြစ်ဖြစ်လေ ဒါက သူ့ဘက်က အတွေးပဲ။ ကျွန်ုပ်လည်း စရန်ပေးစာချုပ်မှာ ဝယ်သူ၊ အမည်၊ မှတ်ပုံတင် နေရပ်လိမ်စာနဲ့ အသိသက်သေ (၂) ဦးတို့ရဲ့ လိပ်စာကို ရေးသွင်းပေးလိုက်တယ်။ ပြီးတော့ လက်ဗွေတွေ နှိပ်ခိုင်းလိုက်တယ်။ အားလုံးပြီးမှ ရောင်းသူထံကို ပြန်ပေးလိုက်တယ်။”

ရောင်းသူက စရန်ပေးစာချုပ်နဲ့အတူ စရန်ငွေများကိုပါ စာရေးမတစ်ယောက်လာယူခိုင်းပါတယ်။ စာချုပ်နဲ့ငွေကို အသေအချာစစ်ဆေးပြီးမှ ယုဇနဦးဌေးမြင့်နဲ့ ယခုလက်ရှိရောင်းသူတို့ တိုက်ရိုက်ချုပ်ဆိုထားတဲ့ အခန်းပေးအခန်းယူ နှစ်ဦးသဘောတူစာချုပ် (မူရင်း)ကိုပါ ပြပါတယ်။ဒါ့အပြင် ရေဖိုး၊ လျှပ်စစ်မီတာဖိုးသွင်းထားတဲ့ မြေစာရင်းတွေလည်း တွဲလျက် တွေ့ရပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ရောင်းသူအား လက်ရှိယုဇနဦးဌေးမြင့်ရဲ့ ရှယ်ယာတူတစ်ဦးဦး ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုတော့ ဝယ်ယူသူအတွက် ပိုမိုစိတ်ချရတာပေါ့။ များသောအားဖြင့် စာချုပ်အဆက်အစပ်များရင် ဝယ်တဲ့သူအတွက် မပြည့်စုံမှာစိုးလို့ ရှေ့နေခေါ်လာရတာဖြစ်ပါတယ်။

ယုဇနအိမ်ရာမှာ လူနေထိုင်ခွင့်လိုင်စင်ကို အိုးအိမ်က ထုတ်ပေးတာ မဟုတ်ဘဲ ယုဇနဦးဌေးမြင့်နဲ့ ဝယ်သူနှစ်ဦးသဘောတူတိုက်ခန်းအရောင်းအဝယ်စာချုပ်တစ်ခုပဲ ရှိတာဆိုတော့ စိုးရိမ်တာပေါ့။ အတုအပ လုပ်ပြီးရောင်းရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်ရှိတာပေါ့။

နောက်မှ သိရတဲ့အချက်ကတော့ ယုဇနမြို့တော်တိုက်ခန်းတွေမှာ ဦးဌေးမြင့်ပိုင်ရင် ယုဇနဦးဌေးမြင့်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကလွဲလို့ နောက်ဝယ်သူတွေရဲ့ အမည်ပြောင်းမပေးဘူးလို့ ဆိုပါတယ်။ ဒီတော့ စာချုပ်အဆက်အစပ်မှန်ရင်ဝယ်လို့ရတယ်ဆိုတာ သိထားကြတယ်။ဝယ်သူကတော့ ဒီနေ့ဝယ်ရတာ ပျော်စရာပေါ့။ စာချုပ်အဆက်မရှိသေးဘူး။ပထမဆုံးအမည်ပေါက်ပိုင်ရှင်ထံက တိုက်ရိုက်ဝယ်ရတာ ဖြစ်လို့ပါပဲ။

ဝယ်ယူသူတွေဟာ နယ်မြို့မှ လာတာဖြစ်တော့ ဆွေမျိုးထဲက တစ်ဦးဦးဝယ်နိုင်ရင် ရန်ကုန်မှာရှိတဲ့ ကျန်တဲ့အမျိုး (၅)ယောက်လောက်က လိုက်ပါကူညီပေးတဲ့ ဓလေ့ထုံးစံရှိတယ်လေ။ဒါကိုပဲ ရောင်းသူက အုပ်စုလိုက် လိုက်လာတော့ ပွဲစားတွေများတယ်ထင်ပြီး မတွေ့ရဲတာ ဖြစ်မှာပါလို့ စိတ်ကိုဖြေသိမ့်လိုက်ပါတယ်။နောက်ဆုံးတော့လည်း အားလုံးအဆင်ပြေချောမွေ့သွားလို့ နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတော့တယ်။ ပွဲစားကတော့ ပွဲစားခရဖို့ ကျန်ရစ်ခဲ့လေရဲ့။ သူ့လုပ်အားခရဖို့အတွက် သူကိုယ်တိုင်အားထုတ်ရမှာပေါ့လေ။

အားလုံးအဆင်ပြေကြလို့ဝမ်းသာဂုဏ်ယူပါတယ်

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service