အခြေခံပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေး အခွန်နှုန်းများ ပြင်ဆင်ပေးသင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1391 Views

အခြေခံပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေး အခွန်နှုန်းများ ပြင်ဆင်ပေးသင့်ဟုဆို

အခြေခံပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရန် အစိုးရ၏အခွန်ကောက်ခံမှုနှုန်းထားများ ပြင်ဆင်ပေးသင့်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ဧပြီ ၂၈ ရက်က ရန်ကုန်မြို့ ဆရာစံပလာဇာ CBC Ballroom ၌ပြုလုပ်သည့် " မြန်မာ့ အိမ်ခြံမြေဈေးကွက် ပြန်လည်နိုးထလာနိုင် လား " ဟူသည့် ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည့် B2B စကားဝိုင်းအပြီး မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

"အခုလက်ရှိကောက်ခံနေတဲ့အခွန်က တစ်ကျပ်ကနေ ကျပ်သိန်း ၅၀ဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်ကို ၂၅ ရာခိုင်နှုန်းကောက်တယ်။ အဲဒီမှာ တံဆိပ် ခေါင်း အခွန်လေးရာခိုင်နှုန်းပါသွားတယ်။ အခွန်ကို အရင်တုန်းကလည်း ကောက်ခဲ့တာပါပဲ။ ၂၀၁၅ ခုနှစ်ကဆိုရင် တစ်ကျပ်ကနေ ကျပ်သိန်း ၅၀ဝ အထိကို သုံးရာခိုင်နှုန်းဆိုပြီးကောက်ခဲ့ တယ်။ ဒီလိုနှုန်းထားတွေ ပြန်လည်ပြင်ဆင်ပေးရင် ပြည်သူတွေအတွက် အဲဒီအချိန်တုန်းက ဒုတိယရွှေနှစ်ဆိုတာဖြစ်ခဲ့တော့ အခုလည်း အဲဒီလို ရွှေနှစ်ကို မရောက်တောင် အဲဒီနှစ်တွေနီးပါး ပြန်ရောက်လာမလားပေါ့။ အခွန် ပြန်လည်လျှော့ချလိုက်ရင်တောင် တစ်မျိုး တစ်ဖုံပြောင်းလဲသွားနိုင်တယ်။ အခြေခံပြည်သူ တွေ အိမ်ပိုင်ဆိုင်ဖို့အတွက် အစိုးရအနေနဲ့ အခွန်နှုန်းထားတွေပြင်ဆင်ပေးသင့်တယ် "ဟု ၎င်းက ပြောဆိုသည်။

ပြန်လည်ဦးမော့လာရန်

မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၂ မှ ၂၀၁၄ အထိ ဈေးအမြင့်ဆုံးရွှေခေတ်ဖြစ်ခဲ့ ပြီး အစိုးရအပြောင်းအလဲကြောင့် ၂၀၁၄– ၂၀၁၅ တွင် ငြိမ်သက်ခဲ့ကြောင်း ၊ အစိုးရအပြောင်း အလဲပြီးပါက ဈေးကွက်ပြန်လည်ပြောင်းလဲသွားမည်ဟုထင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ကစတင်ကာ အခွန်နှုန်းထားများ ပြောင်းလဲခဲ့ခြင်းဖြစ်ရာ အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာစေရန် အစိုးရ၏ပံ့ပိုး ကူညီမှုဖြင့် အခွန်နှုန်းထားများပြင်ဆင်သတ် မှတ်ပေးခြင်း၊ အိမ်ရာချေးငွေအတွက် ဘဏ် အတိုးနှုန်းထားများ လျှော့ချခြင်းနှင့် နိုင်ငံခြားသားများ လာရောက်ရင်းနှီးမြှုပ်နှံလာ ရေးအတွက် ဥပဒေများခိုင်မာစေရေးလုပ် ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

"လက်ရှိအခွန်နှုန်းထားတွေကများတော့ တန်ဖိုးနည်းအိမ်ရာဝယ်တဲ့သူတွေက အခွန်ပေးဆောင်ဖို့ ခက်ခဲတယ်လို့မြင်နေရတယ်။တန်ဖိုးနည်းအိမ်ရာဝယ်တဲ့သူတွေကို ကောက်တဲ့ အခွန်နှုန်းမြင့်နေရင် ပြည်သူတွေမဝယ်နိုင်ဘဲ အိမ်ပိုင်ဆိုင်မှုမရှိနိုင်ဘူး။ အိမ်ပိုင်ဆိုင်ဖို့အတွက် တစ်ကြိမ်သာအိမ်ဝယ်နိုင်တဲ့သူတွေကို အခွန် လျှော့ပေါ့စဉ်းစားပေးဖို့၊ ဒါမှမဟုတ်ရင်လည်း နိုင်ငံသားအနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေးမယ် ဆိုရင်ပိုပြီးတော့ အဆင်ပြေမယ်" ဟု ၎င်းက ပြောဆိုသည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းခြင်းမှာ အခွန်နှုန်းထားတိုးမြင့်ခြင်း၊ စီးပွားရေးကျဆင်း ခြင်းများ တစ်ပြိုင်တည်းကြုံနေခြင်းကြောင့်ဖြစ် ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ပြန်လည် ဦးမော့လာရန်မဖြစ်နိုင်သေးကြောင်း မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကပြောဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service