ရန်ကုန်အထူးကုဆေးရုံသစ်ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
9520 Views

ရန်ကုန်အထူးကုဆေးရုံသစ်ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်မည်

ဒေါ်လာ ၇၇ သန်းခွဲကျော် တန်ဖိုးရှိ ခုနစ်ထပ် ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက် ရန် ဧပြီ ၂၈ ရက်တွင် စတင်ပန္နက် ရိုက်ခဲ့သည်။

စီမံကိန်းသည် ၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၁ မတ်လ ၃၁ ရက်တွင် ပြီးစီးမည်ဟု ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။

‘‘မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘီလီယံကျပ် ၄၀ ကျော် ထည့်ဝင်ပြီး ဆောက်လုပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံ ပူးပေါင်းပြီး ရန်ပုံငွေထည့်ဝင်ပြီး ဆောက်လုပ်တဲ့ ပထမဆုံး စီမံကိန်းဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။

ထိုဆေးရုံကြီးသည် နှလုံးရောဂါအတွက် လူနာဗဟိုပြု ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရန်၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသရေး လုပ်ငန်းများနှင့် နှလုံးရောဂါ ခွဲစိတ်ကုသရေး လုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ခွဲစိတ်ကုသရေး အဆင့်မြင့်လာ စေရန် ရည်ရွယ်သည်။

မြန်မာနိုင်ငံတွင် ဆေးရုံတက်ရောက်မှုသည် ၂၀၁၃ တွင် ၁ ဒသမ ၈သန်းရှိရာမှ ၂၀၁၈ တွင် ၂ဒသမ ၉ သန်းအထိ မြင့်တက်လာခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောသည်။ မကူးစက်နိုင်သည့်ရောဂါကြောင့် သေဆုံးသူသည်၂၀၁၄ တွင် ၄၁ ရာခိုင်နှုန်းရှိပြီး၂၀၁၇ တွင် ၅၂ ရာခိုင်နှုန်းအထိမြင့်တက်လာသည်ဟု ဆိုသည်။ထိုထဲတွင် နှလုံးသွေးကြောရောဂါဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု ၀န်ကြီးကပြောသည်။

ထို့ကြောင့် နိုင်ငံတကာအဆင့်မီနှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီးကို ဂျပန်အကူအညီနှင့် ဆောက်လုပ် ခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။

အဆိုပါ ဆေးရုံကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် သူနာပြုတက္ကသိုလ်ကြား မြေ ၁၁ ဧကကျော်တွင် တည်ဆောက်မည်ဖြစ်သည်။

‘‘ဆေးရုံမြေနေရာက သမိုင်းအများကြီးရှိပြီးတော့ အင်မတန်ရှုပ်ထွေးနက်နဲစွာ ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေ ရှိခဲ့တယ်။ မူလက ပုဂ္ဂလိကပိုင် ဖြစ်တော့မယ့် အခြေအနေကနေ အခုလိုနိုင်ငံတော် အစိုးရရဲ့ ဆေးရုံတစ်ခုအနေနဲ့ တည်ဆောက်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ ဆေးရုံဆောက်လုပ်ခြင်းသည် မြန်မာနိုင်ငံသားများ နိုင်ငံခြားတွင် ဆေးကုသမှုများအစား ပြည်တွင်း၌သာ ကုသနိုင်ရန်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service