ရန်ကုန် မြို့သစ်စီမံကိန်းပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးခြင်း ကိုဇွန်လတွင် အပြီးသတ်မည် - Property News in Myanmar from iMyanmarHouse.com
990 Views

ရန်ကုန် မြို့သစ်စီမံကိန်းပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးခြင်း ကိုဇွန်လတွင် အပြီးသတ်မည်

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (SEA) ကို ၂၀၁၉ ဇွန်လတွင် အပြီးသတ်ဆောင်ရွက်မည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက် ရေးကုမ္ပဏီ (NYDC) အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

အဆိုပါ ဆန်းစစ်ခြင်းက ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့သစ်တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ဆောင်ရေးနှင့် မြို့ သစ်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်သို့ သက်ရောက်မည့် အကျိုးဆက်များကို လေ့လာမည်ဟု NYDC ၏ ဧပြီ ၁၁ ရက် တွင် ထုတ်ပြန်သောစာစဉ်၌ ဖော်ပြထားသည်။

" ဒီလိုသက်ရောက်လာနိုင်မယ့် ဆိုးကျိုးတွေကို လျှော့ချနိုင် ဖို့ NYDC အနေနဲ့ SEA က ရရှိ လာမယ့် မူဝါဒတွေနဲ့ လမ်းညွှန် ချက်တွေကို မြို့သစ်ထဲမှာရှိမယ့် စီမံကိန်းတိုင်းအတွက် ကျင့်သုံး သွားမှာပါ ’’ ဟု ဦးသိမ်းဝေက ပြောသည်။

မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် ခြင်း လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတွင် လုပ်လေ့ရှိသည့် အရေအတွက်အနည်းငယ်သာရှိ၍ NYDC ၏ ယခုလုပ်ဆောင်ချက်သည် ရှေ့ဆောင်လမ်းပြတစ်ခု ဖြစ်နိုင်သည်ဟု ဦးသိမ်းဝေက ပြောသည်။

အဆိုပါဆန်းစစ်မှုပြုလုပ်ရန် ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေး နယ်နိမိတ်ချမှတ်နိုင်ရေး NYDC သည် ၂၀၁၈ နှစ်လယ်ပိုင်း တွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လူထုတွေ့ဆုံပွဲများအတွက် တိုင်းဒေသကြီးအဆင့်ကို ၂၀၁၉ ဇန်နဝါရီတွင် တစ်ကြိမ်နှင့် မြို့ နယ်အဆင့် စုစုပေါင်း ၁၆ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service