အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက် ၄ ချက် - Property Knowledge in Myanmar from iMyanmarHouse.com
20343 Views

အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက် ၄ ချက်

Knowledge | Posted by Shwe Zin Win

#Unicode#

 

အခုလို ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အဲကွန်း (Air Conditioner) တွေဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာပါတယ်။ ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့် အဲကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အဲကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေများများသောက်ပါ

အဲကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) အဲကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ

အဲကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသွေးလျှံတာ၊ ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာ ခဏလောက်ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ

အဲကွန်းခန်းထဲမှာ အနေကြာခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

(၄) အဲကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ

အဲကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။ အဲကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါတယ်။

Credit: irrawaddy

 

#Zawgyi#




(၁) ရေများများသောက်ပါ








Credit: irrawaddy

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service