အဖြေရှာရမဲ့ အိမ်ခြံမြေရပ်ဝန်းကတောင်းဆိုသံတွေ - Property News in Myanmar from iMyanmarHouse.com
714 Views

အဖြေရှာရမဲ့ အိမ်ခြံမြေရပ်ဝန်းကတောင်းဆိုသံတွေ

အိမ်ခြံမြေလုပ်ငန်းတွေပြန်လည်ကောင်းမွန်လာဖို့  ဘဏ်တိုးနှုန်းတွေ နဲ အခွန်စနစ်တွေက အဓိကအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာပဲဖြစ်ပါတယ်။

ဈေးကွက် အနေအထားကျဆင်းနေတာ တွေကြောင့် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတွေအခက်အခဲ များစွာ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် အခွန်နှုန်းထား တွေမြင့်မားနေတာ ကလည်း ဝယ်သူတွေ အတွက် အခက်အခဲ တစ်ရပ်ဖြစ်ပေါ်နေတာပါ။

အခွန်နှုန်း မြင့်မားမှု ကြောင့် ဝယ်ယူသူတွေမှာ ဝယ်ယူ ပြီး နာမည် မပြောင်းတာတွေ၊ နှစ်ရှည် အရစ်ကျဖြစ်ပေမဲ့လည်း ဘဏ်တိုးနှုန်းတွေက ၁၁ ရာခိုင်နှုန်း တွေ၊ ၁၃ ရာခိုင်နှုန်းဖြစ်နေတာ ကြောင့် ဝယ်ယူတဲ့  အခန်းတန်ဖိုးက နှစ်ဆနီးပါး ရှိနေတာ ကြောင့် ဝယ်ယူသူတွေ အတွက်အခက်အခဲတွေ ကြုံ တွေ့ နေရတာလည်း ဖြစ်ပါတယ်။

လူလတ်တန်းစားလုပ်ငန်းရှင် တွေထွက်ပေါက် ရဖို့အတွက်လည်း အခွန်စနစ်ကအခွင့်အရေး  တစ်ခုပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တော့ ငါးနှစ်အခွန် ကင်းလွတ်ခွင့်ပေးထားတာရှိပါ တယ်။နိုင်ငံသားတွေအတွက်လည်း အခွင့် အရေးတစ်ခု ပေးလိုက်ရင်လုပ်ပိုင်ခွင့် အခွင့်အလမ်း များစွာ တွေ့ရမှာဖြစ်ပြီး FDI ကို အခွန်ငါး နှစ်ကင်းလွတ်ခွင့်ပေးရင် ပြည်တွင်း လုပ်ငန်းရှင် အခွန် ကင်းလွတ်ခွင့်ကို သုံးနှစ် ဒါမှမဟုတ် နှစ်ရာ ခိုင်နှုန်း၊ သုံးရာ ခိုင်နှုန်းထက် မပိုတဲ့ အခွန်နှုန်းထားတွေ လျှော့ချ ပေးသင့်တယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ထောက်ပြနေတာပါ။

အခွန်နှုန်းထားတွေလျှော့ချ ပေးနိုင်တာက လူတိုင်းအတွက် အခန်းပိုင်ဆိုင်နိုင်မှာ ဖြစ်သလို ဆောက်လုပ်ရေးကဏ္ဍတွေလည်း ပိုကောင်းမွန်လာပြီး နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးပြယုဒ် မှာ လည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

ဆောက်လုပ်ရေးကဏ္ဍမှာ ကွန်ဒိုလို ဥပဒေတွေလည်းပေါ်ပေါက်ခဲ့တာတွေကြောင့် နိုင်ငံခြားသားဝယ်ယူမှု တွေ ခိုင်မာလာပြီဖြစ်သလို ပိုင်ဆိုင်မှုတွေလည်း ခိုင်မာလာပါပြီ။

ဒါ့အပြင် ကွန်ဒိုမီနီယံ မှာ ဥပဒေ ဖြစ်တာကြောင့် ကွန်ဒိုမီနီယံ နဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေ  ကို တပ်နိုင်ဖို့ နိုင်ငံတကာမှာရှိတဲ့ တံဆိပ်ခေါင်းတွေ ကို အထူးဥပဒေ မှာ တင်ပြရမှာဖြစ်ပါတယ်။

တင်ပြတဲ့အခါ ကွန်ဒိုမီနီယံ တိုက်ခန်း တွေ နဲ့ ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာအောင်သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ စီမံဘဏ္ဍဝန်ကြီးဌာနတွေ ဝိုင်းဝန်းလုပ်ဆောင်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ကို ကွန်ဒိုမီနီယံအဆောက်အအုံ တစ်ခုလုံးရဲ့ ၄၀ ရာခိုင်နှုန်း ရောင်းချခွင့်ကို ၂၀၁၆ ခုနှစ်ကုန် ပိုင်းမှာ တရားဝင် ဥပဒေ ပြဋ္ဌာန်းခဲ့ပေမဲ့ လုပ်ထုံးလုပ်နည်းပိုင်းမှာ ညှိနှိုင်းဆောင်ရွက်နေရတာတွေ ကြောင့် ခုချိန်ထိ နိုင်ငံခြားသားတွေ ကို ရောင်းချခွင့် မရှိသေးကြောင်း သိရပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service