သစ္၊ေရ၀င္ဆန္႔၊ ဘိလပ္ေျမ-အုတ္-သဲ-ေက်ာက္၊ ေျမဧက သစ္ပင္စိုက္ တြက္နည္းစံု - Property Knowledge in Myanmar from iMyanmarHouse.com
13898 Views

သစ္၊ေရ၀င္ဆန္႔၊ ဘိလပ္ေျမ-အုတ္-သဲ-ေက်ာက္၊ ေျမဧက သစ္ပင္စိုက္ တြက္နည္းစံု

Knowledge | Posted by Hnin Ei Khin

#Zawgyi#

သစ္တြက္နည္း

ျမန္မာလက္သမားတို႕၏သစ္တြက္နည္းေဝမ်ွပါသည္။သစ္တစ္တန္=၄၀၀လကၼ သတ္မွတ္ပါသည္။ ဥပမာ ၂"X၁"( အရွည္၁၈ ေပ)=၂"ဟုသတ္မွတ္သည္။၄၀၀ ÷၂= ၂၀၀ ထို႕ေၾကာင့္ ၂"၁"(အရွည္၁၈ေပ) ၂၀၀ ေခ်ာင္းသည္ တစ္တန္ျဖစ္သည္။ ၃"၁"=၃"(အားလံုးေပရွည္ ၁၈ေပမွတ္ယူရပါမည္)

၄"၁"=၄"(၁၀၀ေခ်ာင္း)

၅"၁"=၅"(၄၀၀စား၅ (၈၀ေခ်ာင္း)

၆"၁"=၆"(၆၆.၆ ေခ်ာင္း)

၃"၀.၅"=၁.၅"(၂၆.၆၆ ေခ်ာင္း)

၄"၀.၅"=၂"(၂၀၀ ေခ်ာင္း)

၄"x၄"=၁၆ လကၼ(၂၅ ေခ်ာင္း)

၅"x၅"=၂၅လကၼ(၁၆ ေခ်ာင္း)

ဥပမာ။တန္ဘိုး တစ္တန္=၄၀၀၀၀၀က်ပ္

၄၀၀၀၀၀%၄၀၀= ၁၀၀၀ က်ပ္(၁"တန္ဖိုးျဖစ္သည္)

၂"x၁၀၀၀=၂၀၀၀၀က်ပ္(၂"၁" ၁၈ေပတစ္ေခ်ာင္း၏တန္ဘိုးျဖစ္သည္။

ေရ၀င္ဆန္႔တြက္နည္း

အုတ္ေရကန္ဝင္ဆန္႕မွႈတြက္ခ်က္နည္းကပိုလြယ္ပါတယ္ အလ်ား×အနံ×အျမင့္=ကုဗေပ ရတယ္ အဲဒီကုဗေပနဲ႕ ၁ ကုဗေပမွာ ေရ ၆•၂၅ ဂါလံ နဲ႕ ေျမွာက္ ရတာဝင္ဆန္႔တဲ႔ ေရဂါလံေပါ့

ဘိလပ္ေျမတြက္နည္း

ဘိလပ္ေျမ အုတ္သဲေက်ာက္ ဘယ္ေလာက္ကုန္မလဲ ေမးတတ္လို ့ အႀကမ္းတြက္လို ့ရေအာင္ပါ။

ၿမန္မာျပည္ ေဆာက္လုပ္ေရးမွာ က်င္းနဲ ့ ေျပာႀကပါတယ္။ ကုဗက်င္းနဲ စကဲြယားက်င္း ဆိုျပီးရွိပါတယ္။

ကုဗက်င္းက အလ်ား အနံ အျမင့္ ၃ ခု ေျမွာက္တာပါ။ ၃ ခုေျမွာက္႕လို့ ၁၀၀ ရရင္ ၁ က်င္းပါ။ ၅၀ ဆို က်င္းဝက္ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။

ကုဗက်င္းကို ၉ လက္မနဲ ့အထက္ အုတ္စီျခင္းတို ့ ကြန္ကရစ္ေလာင္းျခင္းတို ့ ေျမႀကီးတူးျခင္းတို ့မွာ အမ်ားဆံုးသံုးပါတယ္။ ရွိသမွ် အလ်ားအနံအျမင့္ေတြ လိုက္ေျမွာက္ ေပါင္းလိုက္ရင္ ကုဗက်င္းထြက္လာပါျပီ။ ေျမႀကီး၁ က်င္းဆို ၁၀ေပပတ္လည္ ၁ ေပ အနက္ ရွိရပါမယ္။

1:3:6 အခ်ဳိး ကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန္ ့ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း 1:2:4 အခ်ဳိး ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန္ ့ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း 1: 1-1/2 အခ်ဳိး ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန္ ့ သဲက်င္းဝက္ ေက်ာက္၁ က်င္း အုတ္ဖိနပ္ေတြမွာ အသံုးမ်ားတဲ့ ၉ လက္မအထက္ အုတ္စီျခင္း ကုဗတစ္က်င္းဆို ၁၃၅၀ လံုး ဘိလပ္ေျမကေတာ့ သံုးတဲ့အခ်ဳိးမွာမူတည္ပါတယ္။ အမ်ားသံုးတဲ့ 1:4 အခ်ဳိးဆို ဘိလပ္ေျမ ၆ အိတ္နီးပါး။ သဲ ၂၈ က်င္းတစ္မတ္ သာသာေလာက္။ စကဲြယားက်င္း အလ်ားနဲ ့ အနံ ပဲေျမွာက္ျပီး ၁၀၀ ဆို ၁ က်င္း။ ၄လက္မခဲြ အုတ္စီျခင္း ေဆးသုတ္ျခင္းတို ့ အမိူးမိုးျခင္းတို ့ ေႀကြျပားကပ္ျခင္းတို ့မွာ သံုးပါတယ္။ နံရံေတြမွာ အသံုးမ်ားတဲ့ ၄.၅ လက္မ အုတ္စီျခင္း မွာ အုတ္ ၅၅၀ လံုး 1:4 အခ်ဳိး ဘိလပ္ေျမ 2.7 အိတ္ သဲ .11 က်င္း သံေခ်ာင္းတစ္ေခ်ာင္းဟာ ဆိုက္မွန္ပါက ေပ ၄၀ ၁၂ မီတာရွိရပါတယ္။ သို ့ေပမယ့္ ၃၉ေပ ၆ လက္မေလာက္ဆို မွန္တယ္ေျပာရပါမယ္။ ဘာမားျဖစ္ကေတာ့ အတိအက်ေျပာလို ့ မရပါဘူး။ တစ္တန္မွာရွိရမယ့္ အေခ်ာင္းေရက

10 မီလီ ၃မူး ( ၃/၈) မွာ ေပ၄၀ အရွည္ ၁၃၅ ေခ်ာင္း

၁၂ မီလီ ၅မူး ( 1/2) မွာ ၈၈ ေခ်ာင္း

၁၆ မီလီ ၆မူး ( 5/8) မွာ ၅၃ ေခ်ာင္း

၂၀ မီလီ ၃မတ္ (3/4) မွာ ၃၃ ေခ်ာင္း

၂၅ မီလီ က်ပ္လံုးမွာ (1) မွာ ၂၁ ေခ်ာင္းရွိပါတယ္။

ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုေလးျပီး အိတ္၂၀ ဟာ ၁ တန္ပါ။သံေခ်ာင္းေတြဆက္ဖို ့လိုရင္ တိုင္ေတြမွာ အနည္းဆံုး အဆ ၄၀ ထပ္မိေနေစ ရပါမယ္။ ထုပ္ေတြ ယက္မေတြမွာေတာ့ အဆ ၆၂ ေလာက္ထိသံုးတတ္ပါတယ္။ ခိုခ်င္ရင္ေတာ့ ၅၀ဆေလာက္ ဆို ရေလာက္ပါတယ္။ အခုေနာက္ပိုင္း မီတာနဲ ့သံုးလာပါတယ္။

ဆက္သြယ္ခ်က္က

၁မီတာ 1M မွာ ၃ ေပ ၃ လက္မ ၃ မူးရွိပါတယ္။ လက္သမားနဲ ့ ယွဥ္ေျပာလို ့ရတဲ့အေခၚပါ။ 1 M မီတာ= 3.281 ေပ 1 လက္မ= 25.4 mm မီလီမီတာ 1 ( 1m X 1m) မီတာ စကဲြယား= 10.78 ေပစကဲြယား ကြန္ကရစ္ 1 (1mX 1mX 1m) မီတာက်ဳ = 35.32 ကုဗေပ Cuft ေရကန္တစ္ခု ေရဂါလံ ဘယ္ေလာက္ရွိလဲတြက္ခ်င္ရင္ ၁ကုဗေပမွာ ၆.၂၄ ဂါလံရွိပါတယ္။ အလ်ား အနံ အျမင့္ တစ္ေပစီရွိတဲ့ ပံုးတစ္လံုးဟာ ေရ ၆.၂၄ ဂါလံဆန္ ့ပါတယ္။ ဒါေႀကာင့္ ၆ေပအလ်ား ၄ ေပအနံ ၃ ေပ အျမင့္ရွိတဲ့ေရကန္ဟာ 6 X 4 X 3 X 6.24=449.28 ေရ ၄၅၀ ဂါလံဆန္ ့ပါတယ္။ ေရတစ္ဂါလံ ၁၀ ေပါင္ေလးလို ့ ၄၅၀၀ ေပါင္ေလးပါတယ္။ ၂၂၄၀ ေပါင္ ၁ တန္ေလးလို ့ ၂ တန္ေလာက္ အေလးခ်ိန္ရွိပါမယ္။ ေရကန္ကို အေပၚမွာ ထားရင္ dead load ဝန္ေသ ၂ တန္ကို ခံနိုင္ေအာင္ သံေခ်ာင္း ေကာ္လံတိုင္ ဆိုဒ္ ကို သံုးရပါမယ္။ တြက္တတ္လားေမးရင္ေတာ ့မသိပါဘူး။ 1 ဂါလံမွာ ၄.၅၄၆ လီတာရွိပါတယ္။ အခုေနာက္ပိုင္း စတီးေရတိုင္ကီေတြက လီတာနဲ ့ ၿပထားတတ္လို ့ ျပန္တြက္ႀကည့္လို ့ရပါလိမ့္မယ္။ သစ္တစ္တန္ဟာ ၁လက္မပတ္လည္ မွာ( 1 X 1) မွာ ၇၂၀၀ ေပ အရွည္ရွိရပါမယ္။ ၂X၁ နွစ္တစ္ တစ္တန္ဟာ ( 7200÷2= 3600 ေပအရွည္) 3 X 2 တစ္တန္ ( 7200÷6=1200 ေပအရွည္) စသျဖင့္ တြက္ယူႀကည့္ပါ။

ေျမတြက္နည္းေျမဧက ဖြဲ ့နည္း တြက္နည္း

တစ္ဧက = ၄၃၅၆၀ စတုရန္းေပ

ေလးနားညီ စတုရန္း= လ်ား ၂၀၈.၇၁ ေပ x နံ ၂၀၈.၇၁ ေပ။

ႏွစ္နားညီ စတုဂံ = လ်ားxနံ ÷ 43560

ႏွစ္နားျပိဳင္ ၾတာဗီဇီယံ = ျပိဳင္နား ႏွစ္ခုေပါင္း ÷၂ x နံ ÷ 43560

ၾတိဂံ = .၅xအေျခxအျမင့္ ÷ 43560 ၾတိဂံ = ½ အေျခxအျမင့္ ÷ 43560 ေထာင့္မွန္ ၾတိဂံ - အေျခxအျမင့္ = ရလာဒ္ ÷ ၂ ÷ 43560

စက္ဝိုင္း - အခ်င္းဝက္x အခ်င္းဝက္x 3.1416 ÷ 43560

စက္ဝိုင္း - အခ်င္းxအခ်င္းx .၇၈၅၄ ÷ 43560

ပံုေသ ေျမွာက္ကိန္း .၇၈၅၄.၇၈၅၄ သည္ ပိုင္ကိန္း ၃.၁၄၁၆ ကို (အနားေလးဖက္) ၄ ႏွင့္စားျပီး စတုရန္းကြက္ ေဖၚသည္။

အနားငါးမ်က္ႏွာ ၆မ်က္ႏွာႏွင့္ အနားမ်ားစြာ = စတုဂံ စတုရန္း ၾတိဂံစသည္ အကြက္စိပ္ ျပီးတြက္ ရလာဒ္အားလံုးကိုေပါင္း၍ ၄၃၅၆၀ ျဖင့္စား။

ျခံေျမကြက္အက်ယ္အဝန္းအရ စိုက္ပင္ တြက္နည္း

( ေဒါက္တာခ်စ္ စိုက္ပ်ိဳးေရး စာအုပ္မွ…. )

(၁) လ်ား x နံ ရွိ စိုက္ပင္ အေရအတြက္ကို ေျမွာက္။

(၂) ျခံကြက္၏ လ်ား x နံ ေျမွာက္ကိန္း ÷ ပင္ျခား ကြာေဝးေျမွာက္ကိန္း

ေျမကြက္ လ်ား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန္းေပ

သစ္ပင္ ၁၂ ေပျခား စိုက္လွ်င္ ၁၂ x ၁၂ = ၁၄၄

၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင္

ဖိုခေနာက္ဆိုင္စိုက္လွ်င္ ၁၅% အပိုထြက္မည္ ၄၁၆ x .၁၅ = ၆၂

၄၁၆ + ၆၂= ၄၇၈ ပင္

( ၃) ဧကျပည့္ ( ၁ ဧက ) တြက္လွ်င္စိုက္ပင္အကြာအေဝး ႏွစ္ခုေျမွာက္ကိန္း ႏွင့္ ၄၃၅၆၀ ကိုစား။

စိုက္ပင္ကြာေဝး ၁၉ x ၁၉ = ၃၆၁

၄၃၅၆၀ ÷ ၃၆၁ = ၁၂၀

ဖိုခေနာက္ဆိုင္စိုက္လွ်င္ ၁၂၀ x .၁၅ = ၁၈ ပင္ပိုထြက္

၁၂၀ + ၁၈ = ၁၃၈ ပင္

Credit: အေထြေထြဗဟုသုတ

 

#Unicode#

 

သစ်တွက်နည်း

မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။ ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။ ၃"၁"=၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)

၄"၁"=၄"(၁၀၀ချောင်း)

၅"၁"=၅"(၄၀၀စား၅ (၈၀ချောင်း)

၆"၁"=၆"(၆၆.၆ ချောင်း)

၃"ဝ.၅"=၁.၅"(၂၆.၆၆ ချောင်း)

၄"ဝ.၅"=၂"(၂၀၀ ချောင်း)

၄"x၄"=၁၆ လက္မ(၂၅ ချောင်း)

၅"x၅"=၂၅လက္မ(၁၆ ချောင်း)

ဥပမာ။တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်

၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဖိုးဖြစ်သည်)

၂"x၁၀၀၀=၂၀၀၀၀ကျပ်(၂"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစ်သည်။

ရေဝင်ဆန့်တွက်နည်း

အုတ်ရေကန်ဝင်ဆန့်မှှုတွက်ချက်နည်းကပိုလွယ်ပါတယ် အလျား×အနံ×အမြင့်=ကုဗပေ ရတယ် အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့

ဘိလပ်မြေတွက်နည်း

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက့်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း 1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း 1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်း အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။ အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။ စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။ ၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။ နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။ တစ်တန်မှာရှိရမယ့် အချောင်းရေက

10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း

၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း

၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း

၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း

၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။

ဆက်သွယ်ချက်က

၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။ 1 M မီတာ= 3.281 ပေ 1 လက်မ= 25.4 mm မီလီမီတာ 1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင် ၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။ အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ 6 X 4 X 3 X 6.24=449.28 ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။ ၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။ ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။ တွက်တတ်လားမေးရင်တော့မသိပါဘူး။ 1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။ သစ်တစ်တန်ဟာ ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။ ၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်) 3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်) စသဖြင့် တွက်ယူကြည့်ပါ။

မြေတွက်နည်းမြေဧက ဖွဲ့နည်း တွက်နည်း

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ

လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။

နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560

နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တြိဂံ = .၅xအခြေxအမြင့် ÷ 43560 တြိဂံ = ½ အခြေxအမြင့် ÷ 43560 ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560

စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560

ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း

( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း

မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ

သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄

၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂

၄၁၆ + ၆၂= ၄၇၈ ပင်

( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။

စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁

၄၃၅၆၀ ÷ ၃၆၁ = ၁၂၀

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်

၁၂၀ + ၁၈ = ၁၃၈ ပင်

Credit: အထွေထွေဗဟုသုတ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service