မိုဘိုင်းလ်ဖုန်းဖြင့် ဓာတ်အားခကျသင့်ငွေပေးဆောင်သည့်စနစ်ကို ဘယ်မြို့နယ်ကနေ စတင်ဆောင်ရွက်နေတာလဲ??? - Property News in Myanmar from iMyanmarHouse.com
1156 Views

မိုဘိုင်းလ်ဖုန်းဖြင့် ဓာတ်အားခကျသင့်ငွေပေးဆောင်သည့်စနစ်ကို ဘယ်မြို့နယ်ကနေ စတင်ဆောင်ရွက်နေတာလဲ???

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အနေဖြင့် မိုဘိုင်းလ်ဖုန်းဖြင့် မီတာယူနစ်ဖတ်ပြီး ဓာတ်အားခကျသင့်ငွေကို ကောက်ခံနိုင်မည့် (AMI)စနစ်အား ဒုတိယပိုင်းလော့ပရောဂျက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်၌ ဧပြီပထမပတ်မှ စတင်နေပြီဖြစ်ကြောင်း YESC ဒါရိုက်တာအဖွဲ့ဝင် (၄)ဦးအောင်ကျော်ဦး၏ ပြောဆိုချက်အရ သိရသည်။

ဒုတိယပိုင်းလော့ပရောဂျက်အဖြစ် ဆောင်ရွက်ရာတွင် ပန်းဘဲတန်းမြို့နယ်၌ အိမ်ထောင်စု ၅၀၀၀ ကျော် ပါဝင်သည်။ မီးသုံးစွဲသူများကို ယခုအခါ AMI စနစ်အခြေခံ Ever AMI မီတာအလုံးရေ ၁၄၆၁၉ ခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက လဲလှယ်ပေးပြီးဖြစ်ကာ ယင်းတို့ကို ထရန့်စဖော်မာ ၁၃၃ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း၊ ထိုမီတာများ၏ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုကို ပန်းဘဲတန်းမြို့နယ်၌ ဧပြီ ၁ ရက်မှစတင်၍ အများပြည်သူများ ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်းဖြင့် AMI စနစ်အသုံးပြုပုံကိုလည်း လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပြီး AMI စနစ်ကို ၂၀၁၇ ခုနစ် သြဂုတ်လတွင် ပထမပိုင်းလော့ပရောဂျက်အဖြစ် ဒေါပုံမြို့နယ်၌ စတင်ခဲ့ကာ မီတာအလုံးရေ ၄၀၀၀၀ နီးပါးရှိနေပြီဖြစ်သည်။

" Ever AMI စနစ်က e-Goverment စနစ်ကိုသွားတဲ့ အခြေခံစနစ်ဖြစ်ပါတယ်။ ဒါကို အစ္စရေးနိုင်ငံရဲ့ နည်းပညာနဲ့ ကျွန်တော်တို့ ရေးဆွဲထားတဲ့ System ဖြစ်ပါတယ်။ ဒီစနစ်က မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့စနစ်ကို ရေးဆွဲပြီးဆောင်ရွက်ထားတာဖြစ်ပါတယ်။ ပျောက်ဆုံးယူနစ်တွေကိုလည်း ပြန်လည်ဖော် ထုတ်နိုင်သလို မီတာဘီလ်ဆောင်ရတဲ့ကိစ္စတွေ၊ ကျသင့်ငွေနဲ့ ဓာတ်အားသုံးစွဲမှုပမာဏတွေကို ဖုန်းနဲ့ ၂၄ နာရီ ကြည့်ရှု့ပြီး လျင်လျင်မြန်မြန် တိတိကျကျဆောင်ရွက်နိုင်မှာပါ" ဟု Ever မီတာထုတ်လုပ်သူ ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

အဆိုပါစနစ်သည် ယခင်တပ်ဆင်ထားသော မီတာများတွင် Ever AMI စနစ်ကို မီတာအတွင်းသို့ ထည့်သွင်းလိုက်ခြင်းဖြစ်သည် Ever AMI အတွက် မြန်မာစာဖြင့် ရေးဆွဲထားသော MeBill App ကို Google Playstore တွင် ရယူကာ အင်တာနက် ဖုန်းမှတစ်ဆင့် မိမိအိမ်တွင် ဓာတ်အားမည်မျှအ သုံးပြုပြီးပြီ၊ ကျသင့်ငွေမည်မျှရှိနေပြီကို ၂၄ နာရီ ကြည့်ရှု့စစ်ဆေးကာ လျှော့သုံးရန်၊ တိုးမြှင့်သုံးရန်အချက်များကို ဖုန်းမှတစ်ဆင့်ချိန်ဆနိုင်မည်ဖြစ်သည်။

ယခင်က မီတာဖတ်စရေးများဖြင့် တစ်အိမ်တက်ဆင်း မီတာခတွက်ချက်ကောက်ခံရသည့်အခြေအနေမျိုးမရှိတော့ဘဲ အလိုအလျောက်တွက်ချက်ကောက်ခံသည့်အတွက် မှားယွင်းမှုမရှိသော စာရင်းကိုလည်း ဖုန်းမှတစ်ဆင့် သိနိုင်မည်ဖြစ်သည်။ ဓာတ်အားခကျသင့်ငွေဘီလ်ဆောင်ရန် ရုံးသို့ လူကိုယ်တိုင်သွားစရာမလိုဘဲ ဖုန်းမှတစ်ဆင့် Wavemoney နှင့် ငွေလွှဲလိုက်ရုံဖြင့် အဆင်ပြေစေမည့်စနစ်ဖြစ်ကြောင်း သိရသည်။

Credit: Myawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service