ကွန်ဒို (Condo) တိုက်ဆောက်လုပ်လိုပါသလား - Property News in Myanmar from iMyanmarHouse.com
1129 Views

ကွန်ဒို (Condo) တိုက်ဆောက်လုပ်လိုပါသလား

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) တည်ထောင်သူလုပ်ငန်း လိုင်စင်ရရှိသူများအတွက် တည်ဆောက်ရေးမှတ်ပုံတင်ကို ဇွန်လအတွင်းမှာ ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။

ကွန်ဒိုအဆောက်အအုံလို့ အသိအမှတ်ပြုဖို့ အစစ်ဆေးခံရမယ်

ပထမအဆင့်က လိုင်စင်ရှိရမယ်။လိုင်စင်သက်တမ်း (၅)နှစ်သတ်မှတ်ထားပါတယ်။ လိုင်စင်ကြေး သိန်း (၁၀၀) ပေးသွင်းရမယ်။ လိုင်စင်ရှိပြီးမှသာ တည်ထောင်ခွင့်မှတ်ပုံတင် လျှောက်ရမယ်။ သက်တမ်း (၅)နှစ်အတွင်းမှာတည်ထောင်သူအနေနဲ့ ကွန်ဒိုတိုက်တစ်လုံးဆောက်ချင်ဆောက်မယ်၊ (၅)လုံးဆောက်ချင်ဆောက်မယ်ပေါ့။ဒါပေမယ့် ဥပဒေနဲ့သတ်မှတ်ထားတဲ့ တည်ထောင်ခွင့်ပြုမိန့်ကျပြီးတဲ့ အဆောက်အဦးကိုသာကွန်ဒိုလို့သတ်မှတ်တယ်လို့ သိရပါတယ်။

ကွန်ဒိုခေါ်တိုင်း ကွန်ဒိုဖြစ်မလာနိုင်

ဥပဒေမထွက်မီက ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ စတဲ့ အဆောက်အုံတွေကလည်း လျှောက်ထားရမယ်။ မိမိဘာသာမိမိ ကွန်ဒိုလို့နာမည်တပ်ထားတဲ့အဆောက်အဦးတွေကို စိစစ်ပြီးမှသာ ကွန်ဒိုသတ်မှတ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ကွန်ဒိုဝယ်ယူပိုင်ဆိုင်ခွင့် နိုင်ငံသား ၆၀% နိုင်ငံခြားသား ၄၀% သတ်မှတ်

စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒိုမီနီယံ)ဥပဒေမှာ တည်ထောင်သူတစ်ဦးတစ်ယောက် (မည်သည့်နိုင်ငံသား/တိုင်းရင်းသားမဆို) ဥပဒေသတ်မှတ်ချက်နဲ့အညီ တည်ဆောက်ပြီးပါက ကွန်ဒိုတိုက်ခန်းပြန်လည်ရောင်းချတဲ့အခါ နိုင်ငံခြားသား ၄၀% ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရရှိမယ်။ မိမိနိုင်ငံသားက ၆၀% ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုထားတာကို တွေ့ရပါတယ်။

(၆)ထပ်နဲ့ အထက် “ဓာတ်လှေကား” ပါ 2000 Sqft ရှိမှကွန်ဒို

စုပေါင်းပိုင်အဆောက်အအုံဆိုတာ မြေဧရိယာအကျယ် ၂၀၀၀၀ စတုရန်းပေ ရှိရမည့်အပြင် (၆)ထပ်နဲ့အထက် ဓါတ်လှေကား (Lift)၊ လူအများစုရုံးနိုင်တဲ့နေရာ ရုံးခန်း၊ အမှိုက်စွန့်ပစ်မည့်နေရာ အစရှိသည်တို့ပါဝင်ရပါမယ်။

ကွန်ဒိုတည်တောင်ခွင့်တင်တဲ့အခါ ရှယ်ယာတန်ဖိုးတွေလိုအပ်တယ်

စုပေါင်းပိုင်အဆောက်အအုံတည်ထောင်ခွင့်လျှောက်တဲ့အခါ ရှယ်ယာတန်ဖိုးတွက်ချက်တင်ပြရပါမယ်။ လိုအပ်ချက်တွေရှိလာခဲ့ရင် ဝန်ကြီးဌာနနဲ့ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ရပါမယ်။ တည်ထောင်ခွင့်ပြုမိန့်ကိုတော့ ဇွန် ၊ ဇူလိုင်လလောက်မှထုတ်ပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။ အဲဒီလို တည်ထောင်ခွင့်ပြုမိန့်ကျပြီးမှသာ ဘယ်အဆောက်အအုံဟာ ကွန်ဒိုဆိုတာ တရားဝင်ထွက်ပေါ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးထွက်ပေါ်လာမှာကတော့ ဆောက်လုပ်ဆဲအဆောက်အအုံတွေနဲ့ ဆောက်လုပ်ပြီး အဆောက်အအုံတွေဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် စတင်ဆောက်လုပ်မယ့်ကွန်ဒိုမှန်သမျှဟာလုပ်ငန်းလိုင်စင်ရှိမှ ဖြစ်မှာပါ။အဲဒီလိုရဖို့ လျှောက်ထားကြရဦးမှာပါ။

တည်ထောင်ခွင့်လိုင်စင်ရရှိထားပြီးတဲ့ ကုမ္ပဏီများ ပြည်တွင်း (၃၀) ပြည်ပ (၂)ခုရှိ

၂၀၁၈ ခုနှစ်မှာ စုပေါင်းပိုင်အဆောက်အုံဥပဒေ နည်းဥပဒေတွေကို ပြဌာန်းအပြီးမှာ။ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံ စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းပြီး တည်ထောင်ခွင့်လိုင်စင်များ ချထားပေးခဲ့ပါတယ်။စုပေါင်းပိုင်အဆောင်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ပြည်တွင်းကုမ္ပဏီ (၃၀)နဲ့ နိုင်ငံခြားကုမ္ပဏီ (၂)ခုကို တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်များ ချထားပေးခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့အဆင့်မီ ကွန်ဒိုမီနီယံကြီး ဆောက်စေချင်

လုပ်ငန်းလိုင်စင်ရပြီးတဲ့ တည်ထောင်သူတွေအနေနဲ့ စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာဖို့တော့ လိုအပ်ပါတယ်။ ကမ္ဘာအဆင့်မှီ ကွန်ဒိုမီနီယံအဆောက်အအုံကြီးတွေကို တည်ဆောက်အကောင်အထည်ဖော်ကြဖို့ နိုင်ငံရဲ့ အကျိုး၊ ပြည်သူရဲ့အကျိုးကိုဆောင်ရွက်ကြဖို့တိုက်တွန်း လိုက်ပါတယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လည်း ပြောပါတယ်။

ကွန်ဒိုတည်ထောင်ခွင့် လိုင်စင်ကြေး သိန်းတစ်ရာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်ဆောင်ရွက်လိုသူများအတွက် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူလုပ်ငန်းလိုင်စင်ကြေးမှာ ငွေကျပ်သိန်း (၁၀၀) ဖြစ်ပါတယ်။ အိမ်ခန်းမှတ်ပုံတင်ကြေးမှာ ငွေကျပ် သိန်း (၁၀၀၀) အထိ တန်ဖိုးရှိသော အိမ်ခန်းများအတွက် ငွေကျပ် ၂၀၀၀၀ (ကျပ်နှစ်သောင်း) ၊ငွေကျပ်သိန်း (၁၀၀၀)အထက်မှ သိန်း (၃၀၀၀) အထိ တန်ဖိုးရှိသောအိမ်ခန်းများအတွက် ငွေကျပ် ၃၀၀၀၀/-(ကျပ်သုံးသောင်း) ၊ ငွေကျပ်သိန်း ၃၀၀၀ အထက်တန်ဖိုးရှိသော အိမ်ခန်းများအတွက် ငွေကျပ် ၅၀၀၀၀/- (ကျပ်ငါးသောင်း)သတ်မှတ်ထားကြောင်း သိရပါတယ်။

အဆင့်မြင့်ကွန်ဒိုတိုက်ခန်းမှတ်ပုံတင်လိုလျှင် စီမံခန့်ခွဲရေးကော်မတီရုံးကိုသွားပါ

အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများရဲ့ ပိုင်ဆိုင်မှုအထောက်အထားများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖွဲ့စည်ထားရှိတဲ့ စီမံခန့်ခွဲရေးကော်မတီများက ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အခုသိရတဲ့ အချက်တွေကတော့ ဧပြီ(၆)ရက်က Pan Pacific Hotel မှာကျင်းပတဲ့ ရန်ကုန်းတိုင်းဒေသကြီး အတွင်းဆောက်လုပ်မယ့် စုပေါင်းပိုင်အဆောက်အအုံများအတွက် တည်ထောင်သူလိုင်စင်ပေးအပ်ပွဲအခမ်းအနားမှာ စုပေါင်းပိုင်အဆောက်အအုံစီမံခန့်ခွဲရေးကော်မတီဝင် “ ဦးမျိုးမြင့် ” ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကြိုတင်သိထားရမယ့် ကွန်ဒိုတိုက်ခန်းရဲ့လိုအပ်ချက်များ

ဒါကြောင့် ကမ္ဘာအဆင့်မီ ကွန်ဒိုမီနီယံတည်ဆောက်လိုသူများအနေနဲ့ ကွန်ဒိုဆောက်ရင် (၆)ထပ်နဲ့ အထက် ဓါတ်လှေကားပါရမယ်၊ ရုံးခန်းအမှိုက်စွန့်ပစ်မယ့်နေရာပါရမယ်။တည်ထောင်ခွင့်လိုင်စင်ကြေး သိန်း (၁၀၀) ရှိတယ်။ ကွန်ဒိုဝယ်ယူပိုင်ဆိုင်ခွင့် နိုင်ငံသားက (၆၀%) ပိုင်ဆိုင်ခွင့်ရှိတယ် ၊ နိုင်ငံခြားသား (၄၀%) ပိုင်ဆိုင်ခွင့်ရှိတယ်။ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းကို အရောင်းအဝယ်ပြုလုပ်တဲ့အခါ ရန်ကုန်တိုင်းဒေသကြီးစီမံခန့်ခွဲရေးကော်မတီရုံးမှာ မှတ်ပုံတင်ရတယ်လို့ သိရပါတယ်ခင်ဗျာ။

နှစ်သစ်မှာရေလိုအေး၍ပန်းလိုမွှေးကြပါစေ

 

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service