မြေစာရင်းပုံစံရေးကူးခြင်းတွင် မသမာမှုများ ကို ဥပဒေနှင့်အညီ အရေးယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
864 Views

မြေစာရင်းပုံစံရေးကူးခြင်းတွင် မသမာမှုများ ကို ဥပဒေနှင့်အညီ အရေးယူမည်ဟုဆို

မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးခြင်းလုပ်ငန်းအဆင့်ဆင့်တွင် မသမာမှုများ၊ အဂတိလိုက်စားမှုများ ပြုလုပ် ကြောင်း တိုင်ကြားလာပါက စစ်ဆေးပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊မွေးမြူးရေး၊သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးတင်အောင်ဝင်းက ပြောသည်။

မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးခြင်းလုပ်ငန်းအဆင့်ဆင့်တွင် လုပ်ငန်းကြန့် ကြာမှုများ မပေါ်ပေါက်စေရန်နှင့် အဂတိလိုက်စားမှုများမဖြစ်ပေါ်စေရန် မည်ကဲ့သို့ စီမံကြီးကြပ်သွားမည်ကို သိရှိလိုကြောင်း ဧပြီ ၉ရက်က ပြုလုပ် သော ဧရာဝတီတိုင်းဒေသ ကြီး လွှတ်တော်တွင် ငပုတောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက မေးခွန်း မေးမြန်းခဲ့သည်။

“ငပုတောမြို့နယ်တချို့ နှင့် ကျေးရွာအုပ်စုများတွင် အပိုင်မြေတိုင်းစာရေးများ၏ မသမာမှုများပြုလုပ်နေသည် ကို ကြားသိရပါတယ်။အချို့ မြေတိုင်းစာရေးများသည် ပေးမှလုပ်ပုဒ်မလေးကို ယခုတိုင် ကျင့်သုံးနေတုန်း ဖြစ်ပါ သည်။ ပုံစံ ၁၀၅၊၁၀၆ရရှိဖို့ သုံးလေးသိန်းအထိ ပေးရမှုများလည်း ရှိနေပါသည်။ ငွေကြေးတတ်နိုင်သူများ အတွက် မြေစာရင်းပုံစံ၁၀၅၊၁၀၆ရရှိရေး လွယ်ကူသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ မြေစာရင်းပုံစံ၁၀၅ ရရှိရေးအတွက် နှောင့်နှေးကြန့် ကြာခြင်း၊ငွေကြေးတတ်နိုင်သူများ တစ်ရက်နှင့်ရရှိနေပါသည်” ဟု ဦးဖြိုးဇော်ရွှေ က လွှတ်တော်တွင်ထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်အရ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးခွင့်အား လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လျှောက်ထားရာတွင်သတ်မှတ်ကာလအတွင်း အဆင်ပြေ ချောမွေ့  စွာရရှိရန်လိုအပ်ကြောင်း ဦးဖြိုးဇော်ရွှေက ဆက်ပြောသည်။

“မသမာမှုများ အဂတိလိုက်စားမှုများပြုလုပ်ကြောင်း တိုင်ကြားလာတဲ့အတွက် စစ်ဆေးပေါ်ပေါက် လာရင် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝင်၊ စိုက်ပျိုးရေး၊မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ပြန်လည် ဖြေဆိုခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးခွင့်အတွက် အခက်အခဲများဖြစ်ပေါ်လာပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး ငပုတောမြို့တွင် လာရောက်တင်ပြနိုင်ကြောင်း အခက်အခဲများဖြစ်ပေါ်နေသည့် သက်ဆိုင်ရာကျေးရွာ အုပ်စုများနှင့် ဆက်စပ် ညှိနှိုင်း၍ လုပ်ငန်းကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်ပေးနေကြောင်း မြေစာရင်းပုံစံ၁၀၅၊၁၀၆ရေးကူးခြင်းလုပ်ငန်းအဆင့်ဆင့်၌ လုပ်ငန်းကြန့်ကြာမှုများ မပေါ်ပေါက်စေရေးနှင့် မသမာမှုများ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် ဌာနရှိဝန်ထမ်း များကို အသိပေးဆွေးနွေးရှင်းလင်းခြင်း ဥပဒေလုပ်ထုံးလုပ်နည်းညွန်ကြားချက်များအပေါ် ရှင်းလင်းစွာ လိုက်နာ ဆောင်ရွက်ရန်အတွက် လစဉ် လဝက်၊ လကုန်အစည်းအဝေးများ၌ ညွန်ကြားချက်တစ်ရပ်အနေဖြင့် ထည့်သွင်း ဆောင်ရွက်လျက်ကြောင်း ဝန်ကြီး ဦးတင်အောင်ဝင်းက လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

 

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service