ဘားအံမြို့ မှာ တည်ဆောက်မယ့် မြို့ပြအိမ်ရာစီမံကိန်းကို ပြည်နယ်လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
1338 Views

ဘားအံမြို့ မှာ တည်ဆောက်မယ့် မြို့ပြအိမ်ရာစီမံကိန်းကို ပြည်နယ်လွှတ်တော်အတည်ပြု

ကရင်ပြည်နယ် ဘားအံမြို့မှာတည်ဆောက်မယ့် ဧက တစ်ရာကျော်ကျယ်ဝန်းတဲ့ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသစ်ကို ကရင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဧပြီလ ၃ ရက်နေ့ကကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုခဲ့တာပါ။

ဘားအံမြို့နယ် တောင်ကလေးကျေးရွာမှာ တည်ဆောက်မဲ့ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်း ဘဏ္ဍာရေးနဲ့ စည်ပင်သာယာဝန်ကြီး ဦးသန်းနိုင်က ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ပြည်နယ်လွှတ်တော်မှာ အဆိုပြုတင်သွင်းခဲ့တာပါ။

ဒီစီမံကိန်းအတွက် လုံးချင်းအိမ်ရာတွေကို တည်ဆောက်နေပြီလို့လည်း ဦးသန်းနိုင်ကဆိုပါတယ်။

စီမံကိန်းဖော်ဆောင်မယ့်မြေနေရာဟာ တပ်မတော်ကပြန်လည်စွန့်လွှတ်လိုက်တဲ့ ၉၂၈ ဒသမ ၉၃ ဧကအကျယ်ရှိတဲ့ မြေနေရာထဲမှာဖြစ်ပါတယ်။

ဒီစီမံကိန်းထဲက ဧက ၁၀၀ ရှိတဲ့မြေနေရာမှာ SHM ကုမ္ပဏီမှ လုံးချင်းအိမ်ရာစီမံကိန်းနဲ့ ဧက ၂၀ ရှိတဲ့မြေနေရာမှာတော့ Golden Zynith Construction ကုမ္ပဏီမှ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

Golden Zynith Construction ကုမ္ပဏီကဖော်ဆောင်မယ့် စီမံကိန်းထဲမှာတော့ လေး ခန်းတွဲငါးထပ် အိမ်ရာအလုံးတစ်ရာနဲ့ စာသင်ကျောင်း၊ ဆေးခန်း ၊ ကစားကွင်း၊ ဈေး ၊ မီနီမားကတ်တို့ ပါဝင်ပြီး တရုတ်ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းမှာဖြစ်ကာ အမေရိကန်ဒေါ်လာ ၂၇ သန်းခန့် ရင်နှီးမြုပ်နှံသွားမယ်လို့သိရပါတယ်။

Golden Zynith Construction ရဲ့ စီမံကိန်းကိုတော့ အခုအစိုးရသက်တမ်းကာလအတွင်းမှာ အပြီးဆောင်ရွက်သွားမှာလို့ သိရပါတယ်။

SHM ကုမ္ပဏီရဲ့ ကျပ်သန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းမှာတော့ လုံးချင်းအိမ်ရာအလုံးလေးရာနဲ့ အခြားအခြေခံအဆောက်အဦးတွေပါဝင်ကာ စီမံကိန်းကို ငါးနှစ်အတွင်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

စီမံကိန်းရဲ့ ပထမတစ်နှစ်ခွဲအတွင်းမှာတော့ အိမ်ရာအလုံးတစ်ရာကို ပြီးစီးအောင် တည်ဆောက်ရမယ်လို့သိရပါတယ်။

တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအကောင်အထည်ဖော်မယ့်နေရာ လူမနေတဲ့ တဲအိမ်အချို့နဲ့ခြံစည်းရိုးတွေကို ကျူးကျော်ဆိုကာ ပြီးခဲ့တဲ့နှစ်အတွင်းက ပြည်နယ်အစိုးရအဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ်။

Credit: 7Day News Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service