ဌာနအလွှဲအပြောင်းအိမ်ရာဝယ်တဲ့အခါ အသေအချာ စုံစမ်းပါ - Property Knowledge in Myanmar from iMyanmarHouse.com
1258 Views

ဌာနအလွှဲအပြောင်းအိမ်ရာဝယ်တဲ့အခါ အသေအချာ စုံစမ်းပါ

Knowledge | Posted by Hnin Ei Khin

“ အိမ်ရာ” လို့ ဆိုလိုက်တာနဲ့ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးမြင့်အိမ်ရာတွေကို မျက်စိထဲမှာ ပြေးမြင်မိမှာ အမှန်ပါ။အဆိုပါ အိမ်ရာတွေထဲမှာ လုံးချင်းအိမ်ရာတွေလည်း ပါဝင်ပါတယ်။ လုံးချင်းအိမ်ရာဆိုပေမယ့် အချို့အိမ်ရာတွေက သီးခြားရှိသလို အချို့အိမ်ရာတွေကျတော့ လူအများ စုပေါင်းနေထိုင်တဲ့ တိုက်ခန်းတွေနဲ့ မနီးမဝေးမှာပဲ ပူးတွဲဆောက်ထားတာကိုလည်း တွေ့ရပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ယူထားတဲ့ လုံးချင်းအိမ်ရာ

များသောအားဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ပြင်ပဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တာ များပါတယ်။ အကျိုးတူပူးပေါင်းဆောင်ရွက်ရင် အချို့လုံးချင်းအိမ်ရာများအတွက် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီကို မြေကွက်ရောင်းချပြီး မြေကွက်ပေါ်မှာ ယင်းကုမ္ပဏီအနေနဲ့ လုံးချင်းအိမ်ရာတွေ ဆောက်ခိုင်းပါတယ်။ ရရှိကြတဲ့ မြေကွက်ပေါ်မှာ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့အညီ ဆောက်လုပ်ကြသူတွေ ရှိသလို ၊ အချိုကျတော့လည်း လက်ရှိအိမ်ခြံမြေတိုက်ခန်း ဝယ်ယူသူနည်းပါးတဲ့အတွက် အရှုံးခံပြီး မဆောက်ကြတော့ပါဘူး။ မတတ်နိုင်တဲ့ အိမ်ရာမြေကွက်တွေကို ပြန်ရောင်းတာမျိုးလည်း တွေ့ရပါတယ်။ ယခင်ကတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ချထားပေးတဲ့ မြေကွက်ပေါ်မှာ အိမ်ရာဆောက်ခိုင်တယ်။ အိမ်ရာဆောက်ပြီးရင် အနှစ် (၆၀) ဂရန် ထုတ်ပေးတယ်လို့ သိရပါတယ်။

စပ်ကူးမတ်ကူးကာလ ဂရန်လျှောက်လို့ မရသေးပါ

လက်ရှိအခြေအနေမှာတော့ မြို့ပြနှင့်ဖွံ့ဖြိုးရေးဌာနက ချထားတဲ့ အိမ်ရာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှာ လွှဲပြောင်းပေးနေဆဲဖြစ်သလို လွှဲပြောင်းပေးနေဆဲ အိမ်ရာတွေလည်း ရှိနေတုန်းပဲလို့ သိရပါတယ်။ ဒီလိုကြားကာလမှာ အဲဒီလို လုံးချင်းအိမ်ရာကွက်တွေ ရှိနေတုန်းပဲလို့ သိရပါတယ်။ဒီလို ကြားကာလမှာ အဲဒီလို လုံးချင်းအိမ်ရာကွက်တွေကို ဝယ်ထားမိသူတွေအနေနဲ့စိတ်ညစ်စရာတွေနဲ့ ကြုံနေရပါတယ်။

ကြားသိရသမျှ အလွှဲအပြောင်းကာလ ကုန်ထုတ်လို့မရ

ဟိုတစ်နေ့စာဖတ်ပရိသတ်တစ်ဦးဖြစ်သူ “ သန်းထိုက်အောင် ” တစ်ယောက် စာရေးသူရဲ့ ရုံးခန်းကို ရောက်လာရတဲ့ အကြောင်းကတော့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ၊ ဒဂုံတက္ကသိုလ်အနီးမှာရှိတဲ့ ဆောက်လုပ်ဆဲ လုံးချင်းအိမ်ရာတွေထဲက မြေကွက်တစ်ကွက်ကို ဝယ်ယူလိုတဲ့အတွက် မြေကွက်အရောင်းအဝယ်စာချုပ်ပေးဖို့ လာခေါ်ခြင်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် “ သန်းထိုက်အောင် ” ဝယ်မယ့်အိမ်ရာအတွင်းက တိုက်ခန်းအချို့ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံသို့ ၂၀၁၉ ခုနှစ်အစမှာလွှဲပြောင်းပေးပြီးတဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီးဒေါ်နီလာကျော်က ဖြေကြားပေးသွားတာ မြို့တော်သတင်းမှာ ဖတ်လိုက်ရပါတယ်။

အဲဒါကြောင့်မို့လို့ “ သန်းထိုက်အောင် ” တို့မဝယ်မီမှာ အခုပြန်ရောင်းတဲ့ ချမ်းမြသာစည်ဆောက်လုပ်ရေးကုမ္ပဏီထံမှာ သွားရောက်စုံစမ်းသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ဝယ်မယ့်မြေကွက်က အဲဒီဆောက်လုပ်ရေးကုမ္ပဏီထံမှာ တိုက်ရိုက်သွားဝယ်ရာမှ မဟုတ်ဘဲ။တစ်ဆင့်ဝယ်ထားသူထံက ပြန်ဝယ်ရမှာ ဖြစ်လို့ “ အိုးအိမ်” က “စည်ပင်ကို ” လွှဲပြီးမပြီး မသိနိုင်ဘူး ဖြစ်နေပြန်တယ်။

ရောင်းမယ့်သူကို “ အခုဝယ်မယ့်မြေကွက်က ပါမစ်လား၊ အနှစ် (၆၀) ဂရန်လား ” လို့မေးကြည့်ပြန်တော့လည်း ပါမစ်မှန်းမသိ ဂရန်မှန်မသိ ဖြစ်နေတယ်။ကြားကပွဲစားကလည်း အဲဒီအိမ်ရာ စီမံကိန်းအကွက်ကြီးဟာ အိုးအိမ်နဲ့ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် အမည်ပေါက် ချထားပေးတဲ့ အိမ်ရာမြေ ဖြစ်တယ်လို့တော့ သူ အတိအကျ သိနေတယ်လို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရပ်ကွက်အနီးမှာ နေလို့ ဖြစ်တာပါ။ အရင်ကလည်း အရောင်းအဝယ် လိုက်လုပ်ပေးဖူးတဲ့ အတွေ့အကြုံလည်း ရှိလို့ပွဲစားက ပြောနိုင်တာ ဖြစ်တယ်။ လက်ရှိ မှာတော့ အိုးအိမ်မှာ ဂရန်လျှောက်လို့ ရမရအတိအကျ မပြောနိုင်ဘူး ဖြစ်နေတယ်။

အဲဒီလို မရေမရာဖြစ်နေတာကို ပြောပြပေမယ့် “ သန်းထိုက်အောင် ” ကတော့ ဇွတ်တရွတ် အရမ်းကြိုက်နေတယ်။ မြေကွက်ကလည်း ပေ (၈၀x ၇၀) ရမှာဆိုတော့ သဘောကျနေတာလည်း ပါတာပေါ့လေ။ ဒါနဲ့ ရောင်းသူနဲ့ ဝယ်သူတို့ ဘဏ်တစ်ခုမှာ တွေ့ဆုံကြတဲ့အခါမှာ ရောင်းသူက မူလအမည်ပေါက် သူဌေးနဲ့ သူနဲ့ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်တစ်ခုပဲ ပြတယ်။ အခြားအပိုဘာစာရွက်မှ မရှိဘူး။ မူလသူဌေးရဲ့ လက်ထဲမှာတော့ အိမ်ရာတစ်ခုလုံး ရထားတဲ့ ပါမစ်ရှိတယ်လို့ တစ်ဆင့် သိရတာပဲ။

ဒါနဲ့ပဲ သိန်းထောင်ကျော်တန် မြေကွက်ကြီးကို စရန်ငွေ ၃ ပုံ ၁ ပုံ ပေးခဲ့ရတယ်။ စရန်ပေးပြီးနောက် အဲဒီစာရွက်စာတမ်း မိတ္တူတွေ ယူသွားပြီး မြေနီကုန်းမှာနေတဲ့ သူဌေးထံမှာ သွားစုံစမ်းတဲ့အခါ ဝယ်ပြီး အိမ်ဆောက်လို့တော့ ရတယ်။ အိုးအိမ်ဂရန်လျှောက်ပေးလို့တော့ မရတော့ဘူး။ဘာကြောင့်လဲဆိုတော့ အိုးအိမ်က စည်ပင်ကို လွှဲပြောင်းပြီးသွားပြီလို့ ပြောပါတယ်။

တစ်ဆက်တည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ စုံစမ်းကြည့်ပြန်တော့လည်း လွှဲအပ်လက်ခံဆဲဖြစ်လို့ ဂရန်လျှောက်လို မရသေးဘူးလို့ သိရပြန်ပါတယ်။ အဲဒီတော့ သန်းထိုက်အောင်ရေ ဝယ်လို့တော့ ရပေမယ့် လက်ရှိအခြေအနေမှာတော့ စပ်ကူးမတ်ကူးကာလဖြစ်လို့ ဂရန်လျှောက်လို့တော့ မရသေးပါ။ဝယ်ပြီး တိုက်ဆောက်မယ်ဆိုရင်တော့ ရမယ်ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိုးအိမ်က မြေကွက်တွေက အိမ်ဆောက်ပြီးမှ ဂရန်ထုတ်ပေးလို့ပါပဲ ။

 

သုခီ အတ္တာနံ ပရိဟရန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service