မြို့သာစက်မှုဇုံစီမံကိန်းလုပ်ငန်းများ ၅ နှစ်အတွင်းပြီးစီးမည်ဟုခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
3431 Views

မြို့သာစက်မှုဇုံစီမံကိန်းလုပ်ငန်းများ ၅ နှစ်အတွင်းပြီးစီးမည်ဟုခန့်မှန်း

မန္တလေးတိုင်းအတွင်းဖော်ဆောင်နေသော မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းသည် လာမည့် ၅ နှစ်အတွင်း လုပ်ငန်းများပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ယင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် Mandalay Myotha Industrial Development Public Co,ltd ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

စီမံကိန်းကာလမှာ ၁၅ နှစ်ဖြစ်သော်လည်း ဆောလျင်စွာပြီးစီးနိုင်ကြောင်း၊ သို့သော်စီမံကိန်းအကောင်အထည် ဖော်ရာတွင် အခက်အခဲများစွာရှိနေကြောင်း ၎င်းက ဆိုသည်။

မန္တလေးသည် မြန်မာနိုင်ငံ၏ စီပွားရေးအချက်အချာဖြစ်သကဲ့သို့ အာရှလမ်းမကြီးများလည်း ဖြတ်သန်းသွားရာ ဖြစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)နှင့် နီးခြင်း စသည်တို့ကြောင့် ယင်းစီမံကိန်းတွင် ရင်းနှီးမြုပ်နှံမှု အလားအလာကောင်းများကို တွေ့ရနေရကြောင်း ယင်းတိုင်းစက်မှုနှင့် လျှပ်စစ်ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်း ကျပ် ၂၉၈ ဘီလီယံခန့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၈ မီလီယံ မြှုပ်နှံထားကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။

ယင်းစီမံကိန်းနယ်မြေအတွင်းတွင် မြေယာလျော်ကြေးမယူရသေးသော တောင်သူများရှိပြီး အစိုးရသတ်မှတ်ထားသည့် နှုန်းများအတိုင်း လာရောက်ယူနိုင်ကြောင်း ယင်းစီမံကိန်း အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်က ပြောကြားသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် Mandalay Myotha Industrial Development Public Co,ltd က ၂၀၁၁ ခုနှစ်မှစတင်ကာ မန္တလေးမြို့သာစက်မှုဇုံစီမံကိန်းကို မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့အနီးတွင် လည်းကောင်း၊ ဆီမီးခုံ(သင်္ဘောဆိပ်ကမ်း)စီမံကိန်းကို မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာအနီးတွင်လည်းကောင်း တည်ဆောက်ခဲ့သည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service