အမွေပုံပစ္စည်းလယ်ယာမြေကို လုပ်ပိုင်ခွင့်မှတ်ပုံတင်မထားပါက စီရင်ဆုံးဖြတ်ခွင့်မရှိ - Property Knowledge in Myanmar from iMyanmarHouse.com
2493 Views

အမွေပုံပစ္စည်းလယ်ယာမြေကို လုပ်ပိုင်ခွင့်မှတ်ပုံတင်မထားပါက စီရင်ဆုံးဖြတ်ခွင့်မရှိ

Knowledge | Posted by Aye Myat Thu

ကျွန်မ၏အထက်တန်းကျောင်းနေဖက်မိတ်ဆွေဖြစ်သူ ဒေါ်စောနန်းမှ “ ဒီလိုပါကွာ ၊ ကိုယ့်အမျိုးသားဘက်မှာ ရထားတဲ့၊ လယ်ယာမြေကွက်ကို၊ ရောင်းလိုက်မိတာနဲ့ အမျိုးသားရဲ့ ညီ ညီမတွေက အမွေပုံပစ္စည်းပါဆိုပြီး သူတို့ကို အမွေပုံစီမံခွဲဝေပေးစေလိုမှုနဲ့ ကိုယ့်အမျိုးသားကို တရားစွဲမယ် ပြောနေကြပါတယ်၊ အမှန်က အဲဒီလယ်ယာမြေဟာ အမွေပုံပစ္စည်းထဲမှာ မပါဝင်ပါဘူး ၊ ဒါကြောင့် ငြင်းဆိုတော့လည်း လက်မခံဘူး ဖြစ်နေလို့ပါ။ သူတို့တွေတောင်းဆိုတဲ့ အတိုင်းကော၊ တရားရုံးက ခွဲဝေပေးလို့ ရပါသလားဆိုတာ သိချင်တာပါကွာ ” ဟု ပြောပါသည်။

ထို့ကြောင့် ကျွန်မက “ ကဲ သူငယ်ချင်းကို တို့မေးပါဦးမယ်၊ အဲဒီသူတို့ကိုအမွေခွဲဝေပေးဖို့ တောင်းဆိုတဲ့ လယ်ယာမြေကွက်ဟာ ၊ လုပ်ပိုင်ခွင့်ကို ဘယ်သူရထားပါသလဲ ” ဟု မေးရာ သူမက “ သူငယ်ချင်းပြောတာ၊ ကိုယ်နားမရှင်းဘူး ဖြစ်နေတယ်၊ ဘယ်လိုဆိုလိုတာလဲဟင်” ဟု မေးသဖြင့်၊ ကျွန်မက “ သြော်၊ ဒီလိုပါကွာ ၊ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူနှင့် လယ်ယာမြေကို လုပ်ပိုင်ခွင့်ရသူမှာ မတူညီဘူးလေ ”

“ ၂၀၁၂ ခုနျစ် ၊ လယ်ယာမြေဥပဒေအာဏတည်ပြီးနောက် ၊ လယ်ယာမြေကိုလက်ဝယ်ထားရှိ ၊ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့် ရလိုသူသည် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရမှာ ဖြစ်တယ်”

“လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည်၊ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ မှ တစ်ဆင့် မြို့နယ်ဦးစီးဌာနမှူးရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း လယ်ယာမြေဥပဒေပုဒ်မ ၄ မှ ပြဌာန်းထားပါတယ် ”

“ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ကို လယ်ယာမြေဥပဒေပုဒ်မ ၆ အရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီးမှ ထုတ်ပေးရမှာ ဖြစ်တယ်”

“ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကသာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးပိုင်ခွင့် ရှိမှ ဖြစ်တယ် ”ဟု ရှင်းပြခဲ့ရာ သူမက “သြော်… ကိုယ့်အမျိုးသားအနေနဲ့ အဲဒီလို လုပ်ပိုင်ခွင့်လက်မှတ်ရထားသလား ၊ မရသေးဘူလားဆိုတာ ကိုယ်တောင် မသိဘူး သူငယ်ချင်းရယ် ၊ သေသေချာချာ မေးကြည့်ပေးပါ့မယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ။ အမွေပုံပစ္စည်းခွဲဝေပေးဖို့နဲ့တရားရုံးများက အဆုံးအဖြတ်ပေးနိုင်သလားဆိုတာကို ရှင်းပြပေးပါသလာ ”ဟု အားကိုးတကြီး မေးတော့သည်။

ထို့ကြောင့် ကျွန်မက “ သူငယ်ချင်းသိထားရအောင် ၊ စီရင်ထုံးနဲ့ ရှင်းပြပေးပါ့မယ် ၊ ” ဒေါ်ခင်ဆွေမြင့်နှင့် ဦးဝင်ရွှေ (ခ) ဦးဝင်ဆွေပါ ၃၊ ၂၀၁၅ ခုနှစ် ၊ တရားမပြင်ဆင်မှု ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ-၁၇ မှာ “ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေပုဒ်မ ၉ (ဂ) ပြဌာန်းချက်အရ၊ အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှုကို ဥပဒေနှင့်အညီ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်သော အခွင့်အရေးသည်လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူများသာ ရရှိသော အခွင့်အရေူ ဖြစ်တယ်လို့ ဆုံးဖြတ်ထားပါတယ် ”

“ အမှုဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ်တရားရုံး၊ ၂၀၁၃ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၂၀ တွင် ၊ ဦးဝင်ရွှေ (ခ) ဦးဝင်ဆွေက ဦးသိန်းဇော်ပါ ၃ ဦးတို့အပေါ် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုတယ်။ နောက်တိုးငြင်းချက်နှစ်ရပ်ကို ဥပဒေငြင်းချက်အဖြစ် သတ်မှတ်ပြီး ကြားနာကာ အမှုအား ဆက်လက်စစ်ဆေးသွားမည်ဟု ဆုံးဖြတ်တယ်။ မြို့နယ်တရားရုံး၏ အမိန့်ကို အမှတ် (၂) ၊ တရားပြိုင် ဒေါ်ခင်ဆွေမြင့်က မကျေနပ်၍ မအူပင်ခရိုင်တရားရုံးသို့ ၂၀၁၄ ခုနှစ် ၊တရားမပြင်ဆင်မှု အမှတ် ၁၅ ဖြင့်သော်လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်သို့ ၂၀၁၄ ခုနှစ် ၊ တရားမပြင်ဆင်မှု အမှတ် ၆၂ ဖြင့်လည်းကောင်း ၊ ပြင်ဆင်မှုတင်သွင်းရာ အောင်မြင်မှုမရသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဤပြင်ဆင်မှုတင်သွင်းခြင်း ဖြစ်တယ် ”

“ ညောင်တုန်းမြို့နယ် ၊ ထိပ်ဝလေးကျေးရွာနေ ဦးအေးနှင့် ဒေါ်ကြင်မြိုင်တို့ ကွယ်လွန်ပြီးနောက် ကျန်ရစ်သော အမွေပုံပစ္စည်း (၅)မျိုးအနက် ၊ နေအိမ်တစ်လုံး ၊ ဝိုင်းမြေနှင့် ကိုင်းမြေ (၇)ကွက်အား၊ မောင်နှမ (၄)ဦး သဘောတူခွဲဝေကြကြောင်း ၊ ခွဲဝေကျန်သည့် ကွင်းအမှတ် (၄၅၀) ဗြဟ္မာသာကွင်း ၊ ဦးပိုင်အမှတ်(၇) ၊ ဧရိယာ ၃.၈၃ ဧကရှိ သက်ကယ်ကိုင်းမြေကွက်ကို ရန်ကုန်-ပုသိမ်ကားလမ်းဖောက်စဉ် ဖြတ်၍ ဖော်သဖြင့် ၀.၅၀ ဧကရှိ ကိုင်းမြေတစ်ကွက်နှင့် ၁ ဧကရှိ ကိုင်းမြေတစ်ကွက် ကျန်ရစ်ကြောင်း ၊ ၀.၅၀ ဧက ရှိ ကိုင်မြေတွင် အမှတ် (၂) တရားပြိုင်ဒေါ်ခင်ဆွေမြင့် အိမ်ဆောင်နေထိုင်ခဲ့ပြီး ၁၇-၈-၂၀၁၂ နေ့တွင် ရောင်းချခဲ့ခြင်း၊ ရောင်းချငွေ၏ ၄ ပုံ ၁ ပုံကို ခွဲဝေပေရန် တောင်းဆိုရာ ၊ ခွဲဝေပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် အမွေခွဲဝေရာတွင် ကျန်ရစ်သောသက်ကယ်ကိုင်းမြေ ၁ ဧက နှင့် ဒေါ်ခင်ဆွေမြင့် ရောင်းချငွေ ကျပ် (၈၅)သိန်းတို့၏ ၄ ပုံ ၁ ပုံကို ခွဲဝေရထိုက်ကြောင်းအဆိုပြုခြင်း ဖြစ်ပါတယ် ”

“ အမှတ် (၁) တရားပြိုင် ဦးသိန်းဇော်နှင့် အမှတ် (၃) တရားပြိုင် ဒေါ်ရီရီဆွေတို့က ဆိုလွှာအချက်များ မှန်ကန်ကြောင်း ဝန်ခံချေလွှာတင်သွင်းပါတယ်”

“ အမှတ် (၂) တရားပြိုင် ဒေါ်ခင်ဆွေမြင့်က ၃ ဧကရှိ ဝါးခြံသည် အမွေခွဲဝေပြီးဖြစ်ကြောင်း ၊ ကိုင်းမြေမှာ မိဘများက ပေး၍ လွန်ခဲ့သော (၂၉)နှစ်ကျော်ကလုပ်ကိုင်ခဲ့ကြောင်း ၊ ခင်ပွန်းဦးရွှေလှဝင်းအမည်ဖြင့် မြေခွန်ပြေစာထွက်ပြီး မြေစာရင်းဦးစီးဌာနတွင် မြေယာမှတ်ပုံတင်လျှောက်ထားပြီးဖြစ်ကြောင်း ၊ တရားစွဲဆိုသော ကိုင်းမြေနှင့် ဝါြးံခံမြေကို မြေယာမှတ်ပုံတင်ထားခြင်း မရှိ၍ တရားစွဲဆိုခွင့်မရှိဘဲ မှားယွင်းစွဲဆိုကြောင်း ထုချေပါတယ် ”

“ တရားလို ဦးဝင်ရွှေ (ခ) ဦးဝင်းဆွေက အမွေပစ္စည်းဟု အဆိုပြု၍ ခွဲဝေပေးရန် စွဲဆိုသော ကိုင်းမြေ ၊ ဝါးခြံမြေတို့ သည် ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လယ်ယာမြေတွင် အကျုံးဝင်ကြောင်း တွေ့ရတယ်၊ နှစ်ဖက်အဆိုအချေများ၏ ဖော်ပြချက်များအရ အဆိုပါမြေများသည် မူလကတရားလိုနှင့် တရားပြိုင်တို့၏ မိဘများဖြစ်သော ဦးအေး ၊ ဒေါ်ကြင်မြိုင်တို့ လုပ်ကိုင်ခဲ့ကြသော ၊ မြေများဖြစ်ကြောင်း အငြင်းမပွားပေါ်ပေါက်ပါတယ် ” “ ထို့ကြောင့် အမွေပုံပစ္စည်လယ်ယာမြများကို လယ်ယာမြေမှတ်ပုံတင်ပြီးမှသာလျှင် ဥပဒေအရ တရားစွဲဆိုနိုင်မည် ဖြစ်ပါတယ် ”

“ ယခုအမှုတွင် ကွင်းအမှတ် ၄၅၀ ၊ ဗြဟ္မပြသာကွင်း၊ ဦးပိုင်အမှတ် ၇ မြေကွက်နှင့် ဝါးခြံမြေအား တရားလို၏ အမည်ဖြင့်လည်းကောင်း ၊ တရားလို၏မိဘများအမည်ဖြင့်လည်းကောင်း ၊ သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ထားကြောင်း နှင့် လယ်ယာမြေလုပ်ကိုင်ခွင့် ရရှိထားကြောင်း မပေါ်လွင်ပေ။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို မည်သူရရှိထားကြောင်းလည်း မပေါ်လွင်ပေ။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို မည်သူရရှိထားကြောင်း မပေါ်ပေါက်သေ၍ လယ်ယာမြေဥပဒေပုဒ်မ ၉(ဂ)အရ လယ်ယာမြေလုပ်ပိုင်ခွင့် အမွေဆက်ခံခြင်းကိစ္စအပေါ် တရားရုံးက အဆုံးအဖြတ်ပေးနိုင်ခွင့် ရှိမည်မဟုတ်ပါ ”

“ အထူးသဖြင့် တရားရုံးများသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကိုသာ ဆုံးဖြတ်နိုင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကို တရားရုံးများက အဆုံးအဖြတ်မပေးနိုင်ပေ။ လယ်ယာမြေလုပ်ပိုင်ခွင့် ရပြီးမှသာ ၊ အမွေဆက်ခံခွင့် အငြင်းပွားမှုကိုတရားရုံးက အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်သဖြင့် ဧရာဝတီးတိုင်းဒေသကြီး တရားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ဒီကရီကိုပယ်ဖျက်ပြီး ဤပြင်ဆင်မှုကို ခွင့်ပြုကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ် ”

“ ကဲ… သူငယ်ချင်းရေ အဲဒီစီရင်ထုံးအတိုင်း ကျင့်သုံးရမှာမို့ သူငယ်ချင်း အမျိုးသားက လုပ်ပိုင်ခွင့်လက်မှတ်ရထားရင်တော့ ဥပဒေအရ အမွေခွဲဝေပေးရမှာဖြစ်လို့ လယ်ယာမြေကွက်ရောင်း၍ ရငွေကို အညီအမျှစီ ခွဲဝေရမှာပါ။ အကယ်၍ မှတ်ပုံမတင်ခဲ့ဘဲ ၊ လုပ်ပိုင်ခွင့်ပြုလက်မှတ် မထုတ်ခဲ့ဖူးဆိုရင်တော့ တရားရုံးကလည်း စီရင်ဆုံးဖြတ်ပေးမှာ မဟုတ်သလို ၊ သူငယ်ချင်းတို့ကလည်း ခွဲဝေပေးရမှာ မဟုတ်ကြောင်းကို ပြောပါရစေကွယ် ” ဟု စီရင်ထုံးနှင့် လမ်းညွန်ခဲ့ရပါတော့သည်။

 

Credit: ကြာညိုသင်း (ဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service