အိမ္ပတ္၀န္းက်င္ တြင္ မစိုက္အပ္ေသာ အပင္မ်ား ၊ အိမ္ေဆာက္ရက္ ေရြးနည္း ၊ မသံုးအပ္ေသာ သစ္ (၈) မ်ိဳးအေၾကာင္း .. - Property Knowledge in Myanmar from iMyanmarHouse.com
17126 Views

အိမ္ပတ္၀န္းက်င္ တြင္ မစိုက္အပ္ေသာ အပင္မ်ား ၊ အိမ္ေဆာက္ရက္ ေရြးနည္း ၊ မသံုးအပ္ေသာ သစ္ (၈) မ်ိဳးအေၾကာင္း ..

Knowledge | Posted by Aye Myat Thu

#Zawgyi#

အိမ္ ပတ္၀န္းက်င္ တြင္ မစိုက္အပ္ေသာ အပင္မ်ား အိမ္ေဆာက္ရက္ ေရြးနည္း အိမ္ေဆာက္လ ေရြးနည္း မသံုးအပ္ေသာ သစ္ (၈) မ်ိဳး အိမ္ ေက်ာင္း ေဆာက္ရာတြင္ မျပဳအပ္ေသာ အရာမ်ားသစ္ပင္ ပန္းမန္ဆိုတာ လူေတြအတြက္ ေကာင္းမြန္တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့္တင့္မွ်တေစသလို သတၱ၀ါေတြကိုလည္း အက်ိဳးျပဳေစပါတယ္။ မိမိအိမ္ ပတ္၀န္းက်င္ ျခံ ထဲ၊ အိမ္၀န္းထဲမွာ အပင္ေတြ စိုက္ပ်ိဳးျခင္းဟာ ကုိယ္ေရာစိတ္ပါ ရႊင္လန္းေစမွာပါ။

ဒါေပမယ့္လုိ႔ ေရွးျမန္မာအယူအရ မိမိ အိမ္၊ ျခံ ထဲမွာ မစုိက္အပ္ ၊ မရွိသင့္တဲ့ အပင္တစ္ခ်ိဳ႕ရွိပါတယ္။ သိပၸံေခတ္ၾကီးထဲမွာ ဒီအယူအဆေတြေခတ္မမီေတာ့ဘူးလို႔ဘဲ ဆုိဆို ၊ ေရွးထံုးကုိလည္း မပယ္နဲ့ဆုိတဲ့ စကားပဲ ေျပာေျပာ အိမ္နဲ့ ပတ္သတ္ျပီး ေရွးျမန္မာ အယူတစ္ခ်ဳိ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။ ။

အိမ္ပတ္၀န္းက်င္တြင္ မစိုက္အပ္ေသာအပင္မ်ား 

အိမ္၏ အေရွ႕ဘက္ မ်က္နွာဘက္တြင္ ေညာင္ ၊ သေျပပင္မ်ား မစိုိက္ရ။ စီးပြားပ်က္တတ္သည္။ အေနာက္ဘက္တြင္ လက္ပံပင္ ၊ ထိန္ပင္ မ်ားမစိုက္ရ။ ေတာင္ဘက္တြင္ သ်ွီသ်ွားပင္ ၊ ဖီးျခမ္းငွက္ေပ်ာ ၊ သေဘၤာပင္မ်ား မစိုက္ရ။ ေျမာက္ဘက္တြင္ ထန္းပင္၊ ဆန္းပင္၊ သဖန္းပင္ နွင့္ သ်ီွသ်ွားပင္ မစိုက္ရ။

အဆုိပါ အပင္မ်ားသည္ ေဖာ္ျပပါ အရပ္မ်က္နွာမ်ားတြင္ ရွိေနပါက စီးပြားယုတ္ေလ်ာ့မည္။ ေရာဂါဘယ ထူေျပာမည္။ အိမ္တြင္း အိမ္ျပင္ ဆူပူတတ္သည္။ အလိုအေလ်ာက္ရွိေနပါကလည္း နွဳတ္ပစ္ ၊ ခုတ္ပစ္သင့္ပါသည္။

အိမ္ေဆာက္ရက္ ေရြးနည္း 

တနဂၤေႏြ – ဒုကၡဆင္းရဲ ေရာက္တတ္သည္

တနလၤာ – နွစ္လေျမာက္တြင္ သား သမီး ဖြားျမင္ေသာ္ ခ်မ္းသာ ၾကြယ္၀မည္

အဂၤါ -ဆန္ေရစပါး ေပါမ်ား ၾကြယ္၀မည္

ဗုဒၵဟူး၊စေန- သုခ ခ်မ္းသာရမည္

ၾကာသပေတး – ခ်မ္းသာ ၾကြယ္၀မည္

ေသာၾကာ – သံုးလ ၾကာလွ်င္ သုခ ပြားမည္

အိမ္ေဆာက္လ ေရြးနည္း 

တန္ခူးလ – ခ်မ္းသာ ၾကြယ္၀မည္

ကဆုန္လ – ဆန္ေရစပါး ေပါမ်ား ၾကြယ္၀မည္

၀ါေခါင္လ – ဥစၥာ စီးပြား တုိးပြားမည္

နတ္ေတာ္လ – ထင္ေပၚ ေက်ာ္ေစာမည္

ျပာသိုလ – လူအမ်ား ခ်ီးမြမ္းမွဳ ရမည္

တေပါင္းလ – ခ်မ္​းသာ ၾကြယ္၀မည္

က်န္ေျခာက္လတြင္ ေဆာက္ပါက ပ်က္စီးျခင္းမ်ား ၾကံဳရတတ္သည္ယေန႔ေခတ္မွာ အိမ္ကို သစ္သား အေျချပဳျပီး မေဆာက္ေတာ့သေလာက္ပါဘဲ။ဒါေပမယ့္ အတြင္းပိုင္း အလွဆင္တာမ်ိဳးတုိ႔ ၊ ပရိေဘာဂေတြမွာေတာ့ တြင္တြင္ က်ယ္က်ယ္ သံုးေနၾကေသးတာေၾကာင့္သစ္ဟာ အိမ္တစ္အိမ္ရဲ့ အဓိက ပါ၀င္ပစၥည္း ျဖစ္ေနပါေသးတယ္။ ေရွးျမန္မာ လူၾကီးမ်ားကေတာ့ အိမ္နဲ့ပတ္သတ္ရင္ သစ္ကို အလြန္စိစစ္ပါတယ္။

ဗဟုသုတ အလို႕ငွာ သိသေလာက္ ေဖာ္ျပေပးလုိက္ပါတယ္။

မသံုးအပ္ေသာ သစ္ (၈) မ်ိဳး 

၁။ ခုတ္ျဖတ္စဥ္ တြဲလြဲ က်ေနေသာသစ္ (သစ္ဆဲြခ်)

၂။ သစ္ခြ သစ္ကိုင္းၾကားတုိ႕တြင္ တင္ေနေသာသစ္ (လူေကာင္တင္)

၃။ အဖ်ားၾကီး၍ အရင္းရွဴးေသာသစ္ (သစ္ဘီးလူး)

၄။ အရင္းအဖ်ားရွဴး၍ အလယ္တြင္ ၾကီးေသာသစ္ (သစ္နပုန္း)

၅။ လမ္းကူး ေခ်ာင္းကူးသစ္ (သစ္တံတား(ခ) သစ္လမ္းကူး)

၆။ အပင္ခ်င္း အကိုင္းခ်င္း ၾကိတ္ေသာသစ္ (သစ္ၾကိတ္)

၇။ အပင္တြင္ ႏြယ္ရစ္ပတ္ေနေသာသစ္ (သစ္နဂါး)

၈။ မ်က္ရည္ေပါက္ကဲ့သို ့ အကြက္ထေနေသာသစ္ (သစ္စည္ယို)

အိမ္ ၊ ေက်ာင္း ေဆာက္ရာတြင္ မသံုုးအပ္ေသာ သစ္ (၁၁) မ်ိဳး 

၁။ မိေက်ာင္း

၂။ မအူ

၃။ သခြတ္

၄။ ေညာင္

၅။ သွ်ီသ်ွား

၆။ သီး(သား)

၇။ သေျပ

၈။ သစ္စိမ္ေရသား

၉။ ကေလာ

၁၀။ လက္ပံ

၁၁။ လဲ

အိမ္ ၊ ေက်ာင္း ေဆာက္ရာတြင္ မျပဳအပ္ေသာ အရာမ်ား 

၁။ တုိင္ေဟာင္းကုိ ပန္းမဆဲြရ 

၂။ ထုပ္မစြပ္ခင္ ယက္မ မတင္ရ 

၃။ တုိင္တို (ေထာက္တုိ) ကို ၾကမ္းေပၚ မပိုေစရ 

၄။ ၾကမ္းခင္းတုိင္တြင္ ၀ါးမတင္ရ 

၅။ ေခါင္ေလွ်ာက္ခြတြင္ မျပီးခင္ ၾကမ္းမေဖာက္ရ 

၆။ တုိင္ထူရာတြင္ တုိင္ခ်င္း မထိရ 

၇။ အိမ္ေဆာက္မျပီးခင္ ၀န္း မခတ္ရ 

၈။ ထုပ္ ၊ ေလွ်ာက္ ၊ ဒိုင္း ၊ ျမား ၊ ခါးပန္း တုိ့ကို အလယ္တည့္တည့္တြင္ မဆက္ရ 

၉။ အမ်ိဳးမတူေသာ သစ္ခ်င္း မဆက္ရ 

၁၀။ အိမ္ေဟာင္း၏ ေလွ်ာက္ေပၚတြင္ အိမ္သစ္၏ ေလွ်ာက္ကို တင္၍ မဆက္ရ 

တုိးတက္လာေသာ ယေန့ေခတ္ အေနအထားအရ အထက္ပါ အေၾကာင္းအရာတုိ႕အား လံုး၀ေရွာင္ၾကဥ္ရန္ မျဖစ္နုိင္ေတာ့ပါဘူး ။ ဒါေပမယ့္လုိ႔ ” ေရွးထံုးလည္းမပယ္နဲ႕ ေစ်းသံုးလည္း မၾကြယ္နဲ႔”

စကားလုိမ်ိဳးပါပဲ။ နွစ္ေပါင္းမ်ားစြာ တည္ျမဲခဲ့တဲ့ ျမန္မာလူမ်ိဳးတုိ့ရဲ့ ဓေလ့ထံုးတမ္းေတြကို မွ်ေ၀ခ်င္တဲ့ သေဘာပါ။ ဖတ္ရွဴ့သူအားလံုး သာယာေအးခ်မ္းတဲ့ အိမ္ေဂဟာေလးမ်ား ပိုင္ဆုိင္နုိင္ၾကပါေစ။

Credit : မူရင္းေရးသားသူ

 

#Unicode#

 

အိမ် ပတ်ဝန်းကျင် တွင် မစိုက်အပ်သော အပင်များ အိမ်ဆောက်ရက် ရွေးနည်း အိမ်ဆောက်လ ရွေးနည်း မသုံးအပ်သော သစ် (၈) မျိုး အိမ် ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများသစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာဝရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်ဝန်းကျင် ခြံ ထဲ၊ အိမ်ဝန်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

အိမ်ပတ်ဝန်းကျင်တွင် မစိုက်အပ်သောအပင်များ

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။ အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များမစိုက်ရ။ တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။ မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

အိမ်ဆောက်ရက် ရွေးနည်း

တနင်္ဂနွေ – ဒုက္ခဆင်းရဲ ရောက်တတ်သည်

တနင်္လာ – နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်ဝမည်

အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်ဝမည်

ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်

ကြာသပတေး – ချမ်းသာ ကြွယ်ဝမည်

သောကြာ – သုံးလ ကြာလျှင် သုခ ပွားမည်

အိမ်ဆောက်လ ရွေးနည်း

တန်ခူးလ – ချမ်းသာ ကြွယ်ဝမည်

ကဆုန်လ – ဆန်ရေစပါး ပေါများ ကြွယ်ဝမည်

ဝါခေါင်လ – ဥစ္စာ စီးပွား တိုးပွားမည်

နတ်တော်လ – ထင်ပေါ် ကျော်စောမည်

ပြာသိုလ – လူအများ ချီးမွမ်းမှု ရမည်

တပေါင်းလ – ချမ်းသာ ကြွယ်ဝမည်

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့်သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

မသုံးအပ်သော သစ် (၈) မျိုး

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)

၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)

၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)

၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)

၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)

၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)

၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)

၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

အိမ် ၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး

၁။ မိကျောင်း

၂။ မအူ

၃။ သခွတ်

၄။ ညောင်

၅။ သျှီသျှား

၆။ သီး(သား)

၇။ သပြေ

၈။ သစ်စိမ်ရေသား

၉။ ကလော

၁၀။ လက်ပံ

၁၁။ လဲ

အိမ် ၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ

၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ

၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ

၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ

၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ

၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ

၇။ အိမ်ဆောက်မပြီးခင် ဝန်း မခတ်ရ

၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ

၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ

၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ

တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။ ဒါပေမယ့်လို့ ” ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့”

စကားလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့ သဘောပါ။ ဖတ်ရှူ့သူအားလုံး သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Credit : မူရင်းရေးသားသူ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service