ကမ္ဘာ့တတိယ အသန့်ရှင်းဆုံးကျေးရွာ - Property News in Myanmar from iMyanmarHouse.com
3222 Views

ကမ္ဘာ့တတိယ အသန့်ရှင်းဆုံးကျေးရွာ

ဘာလီကျွန်းတောင်ခြေမှာရှိတဲ့ Panglipuran ရွာကလေးဟာ ကမ္ဘာပေါ်မှာ တတိယအသန့်ရှင်းဆုံး ကျေးရွာအဖြစ် မဲပေးခံခဲ့ရပါတယ်။ ဒီရွာကလေးဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Danpasar မြို့ ကနေ ၄၅ ကီလိုမီတာ (၂၈ မိုင် ) အဝေးမှာ ရှိပါတယ်။

အဲဒီရွာကလေးမှာဆိုရင်တော့ အိမ်ခြေ ၁၀၀၀ လောက်ရှိပြီး အိမ်တွေအားလုံးကလည်း ရှေးဆန်ဆန် ဆောက်လုပ် ထားတဲ့အိမ်ကလေးတွေပါ။ ဒီရွာကလေးရဲ့ သန့်ရှင်းသပ်ရပ်မှုဂုဏ်သတင်းကြောင့် လည်း ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတဲ့နေရာတနေရာပါ။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီး သွားတွေနဲ့ အမြဲလိုလိုစည်ကားနေတတ်ပါတယ်။

ဒီရွာကလေးဟာ အခြား အင်ဒိုနီးရှားကကျေးရွာတွေလို ဘာသာရေးကိုင်းရှိုင်းတဲ့ကျေးရွာတရွာဖြစ် သလို ယဉ်ကျေးမှုဓလေ့တွေကလည်း ရွာသူရွာသားတွေအပေါ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါ တယ်။ ဒီအစဉ်အလာကို ပျောက်ပျက်မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုဦးစီးဌာနနဲ့ ခရီးသွားလာရေးလုပ်ငန်း စီမံခန့်ခွဲမှုအစီအစဉ်တွေရဲ့ အကူအညီနဲ့အတူ အုတ် ၊ အင်္ဂတေတွေနဲ့ဆောက်လုပ်ထားတဲ့နေအိမ်တွေကို တားမြစ်ထားတဲ့ဧရိ ယာတွေလည်း ရှိပါသေးတယ်။ အဲဒီလို တားမြစ်ထားတဲ့နေရာတွေမှာဆိုရင်တော့ ဝါးနဲ့ဆောက်လုပ် ထားတဲ့နေအိမ်အများအပြားကို တွေ့နိုင်ပါတယ်။

Penglipuran ရွာသားတွေဟာ ပလတ်စတစ်အသုံးပြုမှုကလည်း အတော်နည်းပါးပါတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ကလည်း မရှိသလောက်ဖြစ်ပြီး အမှိုက်တွေကို လမ်းပေါ်ပစ်မချကြဘဲ အမှိုက် ပုံးတွေအတွင်းမှာသာ စွန့်ပစ်လေ့ရှိကြပါတယ်။ ဆေးလိပ်သောက်တာကိုလည်း တားမြစ်ထားပါ တယ်။

ဒီရွာမှာနေထိုင်ကြသူတွေအားလုံးဟာ ငယ်စဉ်ကလေးဘဝကတည်း ကစလို့ ပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့ သင်ကြားခံခဲ့ရ သူတွေချည်းပါ။ ဒါကြောင့်လည်း စည်းကမ်းရှိရှိနေတတ်ဖို့ အသိပညာက ငယ်စဉ်က တည်းက ပါလာခဲ့ကြပါတယ်။

ကျောင်းဖျော်ဖြေပွဲလိုအခမ်းအနားတွေမှာဆိုရင်လည်း ဒီယဉ်ကျေးမှုကို ဆက်လက်သယ်ဆောင်ကြ ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ မိခင်ဖြစ်သူနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကလည်း ဒီအစဉ်အလာ ကို ဆက်လက်ထိန်းသိမ်းဖို့ ကလေးတွေကို အမြဲဆုံးမလေ့ရှိကြပါတယ်။

ဒီရွာကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေအနေနဲ့ အင်ဒိုနီးရှားပိုက်ဆံ ၃၀၀၀၀ ပေးရပါ တယ်။ ကောက်လို့ရတဲ့ပိုက်ဆံတွေကိုတော့ သန့်ရှင်းရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပါ တယ်။

 

Credit:  irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service