စုပေါင်းပိုင်အဆောက်အအုံကို အသစ်ဆောက်လိုရင်... - Property Knowledge in Myanmar from iMyanmarHouse.com
1151 Views

စုပေါင်းပိုင်အဆောက်အအုံကို အသစ်ဆောက်လိုရင်...

Knowledge | Posted by Hnin Ei Khin

စုပေါင်းပိုင်အဆောက်အအုံတစ်ခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့ ဆန္ဒအလျောက် ဖြိုဖျက်ပြီးအသစ် ပြန်လည်ဆောက်လုပ်လိုလျှင် အသင်းရဲ့အသင်းသားစုံညီ အစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အစည်းအဝေး အထူးအစည်းအဝေးမှာ အသင်းဝင် (၇၅)ရာခိုင်နှုန်းရဲ့ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

၁။ အမှုဆောင်အဖွဲ့က ပုဒ်မ (၂၈)အရ ချမှတ်တဲ့ သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ သတ်မှတ်ချက်များနဲ့အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို တင်ပြရပါမယ်။

၂။ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက တင်ပြချက်ကို စိစစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနဲ့ညှိနှိုင်းပြီး အတည်ပြုခြင်း ဒါမှမဟုတ် ငြင်းပယ်ခြင်း ပြုနိုင်ပါတယ်။

၃။ အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူများသိရနိုင်ရန် သတင်းစာတွင် ကြေညာရပါမယ်။

၂။ (က) အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုတဲ့နေ့မှ ရက်ပေါင်း (၃၀)အတွင်း ယင်းအတည်ပြုချက်မိတ္တူနဲ့ အသင်းသားစုံညီ အစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေးရဲ့ သဘောတူဆုံးဖြတ်ချက်မိတ္တူတို့ကို မှတ်ပုံတင်အရာရှိထံ တင်ပြရပါမယ်။

၂။ (ခ) မှတ်ပုံတင်အရာရှိက သက်ဆိုင်ရာမှတ်ပုံတင်စာအုပ်တွင် လိုအပ်တဲ့ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရပါမယ်။

၃။ (က) အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုချက်နဲ့အညီ စုပေါင်းပိုင်းအဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်ရာတွင်လည်းကောင်း၊ စုပေါင်းပိုင်းအဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည်ဆောက်လုပ်ရာတွင်လည်းကောင်း ယင်းစုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင် အဆောက်အအုံ ဖယ်ရှားပေးရန် ပျက်ကွက်သူတွေရဲ့ စာရင်းကို ဦးစီးဌာနသို့ တင်ပြရပါမယ်။

၃။ (ခ) ဦးစီးဌာနက ပုဒ်မခွဲ(က)အရ တင်ပြချက်နဲ့စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အကူအညီကို ရယူဖယ်ရှားနိုင်ပါမယ်။

၎။ (က) စုပေါင်းပိုင်အဆောက်အအုံဟာ ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာကသတ်မှတ်လာရင် သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမယ်။

ဖြိုဖျက်ခဲ့တဲ့ စုပေါင်းပိုင်မြေပေါ်မှာ စုပေါင်းပိုင် အဆောက်အအုံအဖြစ် ဆောက်လုပ်တာတွေ သို့မဟုတ် တခြားနည်းလမ်း အသုံးပြုတာကို သတ်မှတ်နည်းလမ်းတွေနဲ့အညီ ဆောင်ရွက်သင့်ကြောင်း သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
platinum-garden
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service