ငပလီမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ဖော်ဆောင်ပေးရန် လွှတ်တော်အမတ် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
940 Views

ငပလီမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ဖော်ဆောင်ပေးရန် လွှတ်တော်အမတ် တောင်းဆို

သာယာလှပ သောကမ်းခြေရှိ၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက် လည်ပတ်သည့် ငပလီမြို့ ဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံးအကောင် အထည်ဖော်ပေးရန် သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးမင်းကြည်က မတ်လ ၁၄ ရက်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ မေး ခွန်းမေးမြန်းပြီး တောင်းဆိုသည်။

ငပလီမြို့ အဆိုပြုမြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းကို ၂၀၁၆ မတ် လက စတင်ဆောင်ရွက်ခဲ့သော် လည်း အကောင်အထည်ဖော်ရာ တွင် နောက်ကျနေကြောင်း၊ငပလီ ကမ်းခြေဖွံ့ဖြိုးတိုးတက်မှု လိုအပ် ချက်များနှောင့်နှေးနေရခြင်း၊ နွေ ရာသီ၌ ခရီးသွားများတည်းခိုရန် တည်းခိုခန်းလုံလောက်မှုမရှိခြင်း၊ အဆိုပြုစီမံကိန်းအတွင်းကျ ရောက်နေသည့် လယ်ယာမြေ များကို မြေဖို့ပြီးအကွက်ချရောင်း စားနေခြင်းကြောင့် မလိုလားအပ် သည့် ပြဿနာများဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းက ဆိုသည်။

‘‘လိုအပ်ချက်အရ စီမံကိန်းလျာထားချက်ရှိပြီးသား ဖြစ်ခြင်း ကြောင့် ငပလီမြို့ မြို့ပြဖွံ့ဖြိုးရေး အဆိုပြုပုံစံအားဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ပါရန်’’ဟု ဦးမင်းကြည်က တင်ပြဆွေးနွေးသည်။

ယင်းသို့ မေးမြန်းမှုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားရာ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဆောင်ရွက်ရန် ငပလီကမ်းခြေဖွံ့ဖြိုးမှု လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ယင်း ကမ်းခြေဖွံ့ဖြိုးရေး ငပလီမြို့ကို မြို့ပြဖွံ့ဖြိုးရေး Town Plan ရေး ဆွဲထားပြီး အကောင်အထည်ဖော်နိုင်ရန် Local Development Plan ရေးဆွဲ ဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း တစ်ခု ရေးဆွဲအကောင်အထည် ဖော်နေကြောင်း ပြောကြားသည်။

ငပလီမြို့နှင့် ၀န်းကျင်ဒေသဖွံ့ဖြိုးရေးစီမံကိန်းပုံစံများ ရေး ဆွဲရာတွင် Tourism Promotion အတွက် ဟိုတယ်ဇုန်ဖွံ့ဖြိုးရေးသာမက နိုင်ငံတကာအစည်းအဝေးပွဲ များ၊ အထူးဆွဲဆောင်မှုပေးသည့် ၀န်ဆောင်မှုများ၊ ညီလာခံများ၊ နှင့် ပြပွဲကြီးများဖြင့် အထူးဇုန်အ ဖြစ် မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ လိုအပ်သည့် မြေအသုံးချမှု များလည်း အဆိုပြုထားကြောင်း ဒုဝန်ကြီးက ပြောသည်။

ဒုဝန်ကြီး၏ ဖြေကြားချက် တွင် မည်သည့်အချိန်၌ စတင်မည်ဆိုသည့် အချက်မပါဝင်ခြင်း နှင့် ပတ်သက်ပြီး မေးခွန်းရှင်ကဆက်စပ်မေးခွန်းမေးမြန်းရာ ဒုဝန်ကြီးက စီမံကိန်းနှင့်ပတ်သက်ပြီး အဆင့်ဆင့် ဆောင်ရွက်ရသည့် ကိစ္စများကို ရှင်းပြပြီး ဆက်စပ်မေးခွန်းကို ရခိုင်ပြည်နယ်အစိုးရ ထံတင်ပြမည်ဟု ဖြေကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service