မြေယာမှတ်ပုံတင်စီမံကိန်း ရှေ့ပြေးအဖြစ် တာမွေမြို့နယ်ကို ဆောင်ရွက်ခဲ့ပြီး ဗဟန်းမြို့နယ်ကိုဆက်လက် လုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1069 Views

မြေယာမှတ်ပုံတင်စီမံကိန်း ရှေ့ပြေးအဖြစ် တာမွေမြို့နယ်ကို ဆောင်ရွက်ခဲ့ပြီး ဗဟန်းမြို့နယ်ကိုဆက်လက် လုပ်ဆောင်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် မြေယာမှတ်ပုံတင်ခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုစီမံကိန်း အား တာမွေမြို့နယ်ကို ရှေ့ပြေးအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ နောက်ထပ် မြို့နယ်အဖြစ် ဗဟန်း မြို့နယ်ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်တွင် ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေယာမှတ်ပုံတင်ခြင်း စီမံခန့်ခွဲမှုစီမံကိန်းကို ပြီးစီးခြင်း အစီရင်ခံစာ အပြီး သတ်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသိရသည်။

အဆိုပါ စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းဆောင်ရွက်ချက်များနှင့် အပြီးသတ်အစီရင်ခံစာအရ မြေနှင့်အဆောက်အအုံဆိုင်ရာ မြေပြင် အချက်အလက်များသည် ကွဲလွဲမှုရှိနေသည်ကို တွေ့ရပြီး ရန်ကုန်မြို့မြေပုံ ရေးဆွဲရေး လုပ်ငန်းမှ ရရှိလာသော မြေနှင့်အဆောက်အအုံဆိုင်ရာ GIS Data base ကို အခြေခံပြီး ပေါင်းစည်းထားသည့် ပြည့်စုံသည့်သတင်းအချက်အလက်စနစ်ကို ရယူအခြေခံပြီး ပြည်သူများ၏ မြေနှင့်အဆောက်အအုံပိုင်ဆိုင်မှု ၊မြေနှင့်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းများ၊ပစ္စည်းခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ စသည်တို့တွင်သာမက တိုင်းဒေသအစိုးရ၏အခြားသော စီမံကိန်းနှင့် လုပ်ငန်းများတွင်ပါ အထောက်အကူပြုနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်ကို ရှေ့ပြေးအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ နောက်ထပ် မြို့နယ်အဖြစ် ဗဟန်းမြို့နယ်ကိုဆက်လက်လုပ်ဆောင်သွားမည် ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

စီမံကိန်းကို ဇန်န၀ါရီလ ၂၃ ရက်၌ kick-0ff Meeting စတင်ဆောင်ရွက်ခဲ့ ကာ ရက်သတ္တပတ် ၇ပတ် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း Project Consultant Team နှင့် ဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွက် စတင်လုပ်ဆောင်ခြင်းဖြစ်သော်လည်း အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက်လည်း လေ့လာစရာ တစ်ခုဖြစ်ကြောင်း ၊စီမံကိန်းအား တာမွေမြို့နယ်နှင့် ဗဟန်းမြို့နယ်များသာမက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service