တန်ဖိုးသင့်၊ တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူရန် ယခင်က ကနဦးပေးသွင်းငွေကို ရာခိုင်နှုန်း ၃၀ ပေးသွင်းရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ရာခိုင်နှုန်း ၂၀၊ ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် ဝယ်ယူနိုင်ရန် ဗဟိုဘဏ်ဖြေလျှော့ပေး - Property News in Myanmar from iMyanmarHouse.com
4336 Views

တန်ဖိုးသင့်၊ တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူရန် ယခင်က ကနဦးပေးသွင်းငွေကို ရာခိုင်နှုန်း ၃၀ ပေးသွင်းရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ရာခိုင်နှုန်း ၂၀၊ ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် ဝယ်ယူနိုင်ရန် ဗဟိုဘဏ်ဖြေလျှော့ပေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း အခန်းများကို ဝယ်ယူရန်အတွက် ကနဦး ပေးသွင်းငွေ (Down Payment) ကို ယခင်က ရာခိုင်နှုန်း ၃၀ ပေးသွင်းရန် သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ကနဦးပေးသွင်းငွေအား ရာခိုင်နှုန်း ၂၀ သာ ပေးသွင်းပြီး ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် ဝယ်ယူနိုင်ရန် ဗဟိုဘဏ်က ဖြေလျှော့ပေးလိုက်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဗဟိုဘဏ်က ပြည်သူတွေစုထားတဲ့ ပိုက်ဆံမဆုံးရှုံးအောင် အဲဒီပိုက်ဆံတွေနဲ့ ပြန်ချေးတဲ့ မည်သည့်အိမ်ရာမဆို ရာခိုင်နှုန်း ၃၀ ထားတယ်။ အခုက ဂျပန်ချေးငွေ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု ချေးငွေဖြစ်နေလို့ ပြည်သူပိုက်ဆံ မဟုတ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးမှုချေးငွေ အစီအစဉ်နဲ့ ပတ်သက်လို့ ဒါကိုပေးဖို့ ဗဟိုဘဏ်က ဖြေလျှော့ပေးတာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ် ၆ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှု ကော်မတီမှ ပြည်သူ့အိမ်ရာ တိုက်ခန်းများ ရောင်းချနိုင်ရေးအတွက် မိသားစုဝင်ငွေ ငါးသိန်းနှင့်အောက်ကို ပထမအုပ်စုအဖြစ် လည်းကောင်း၊ မိသားစုဝင်ငွေ ငါးသိန်းအထက်ကို ဒုတိယအုပ်စုအဖြစ် လည်းကောင်း၊ အုပ်စုနှစ်ခုခွဲခဲ့ပြီး ၎င်းအုပ်စုနှစ်စုကို အများပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစား ဝန်ထမ်းဟူ၍ ရည်မှန်းအုပ်စုလေးစု ထပ်မံခွဲခြားခဲ့ပြီး လျှောက်ထားလာသူ ၆၀၂၇ ဦး အနက် ပထမသုတ်အဖြစ် ၇၂၂ ဦးကိုရောင်းချခဲ့ရာ စုစုပေါင်း လျှောက်ထားသူ ၄၈၆ ဦးမှ ဆက်သွယ်ဝယ်ယူခဲ့ကြောင်း၊ ၎င်းတို့အနက် ငွေအကြေပေးသွင်းသူ ၄၁ ဦးနှင့် အိမ်ပေါင် ချေးငွေစနစ်ဖြင့် ဝယ်ယူလိုကြောင်း ဆန္ဒပြုသူ ၄၄၅ ဦးရှိခဲ့ကြောင်း သိရသည်။

အိမ်ပေါင်ချေးငွေ စနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် အသိပေး ကြေငြာထားသည့်အတိုင်း ဝယ်ယူခွင့်ရရှိနိုင်ရေး ညှိနှိုင်းခဲ့ရာ လုပ်ငန်းစဉ်များကြောင့် အနည်းငယ်ကြန့်ကြာခဲ့ရပြီး ယခုအခါ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ခွင့်ပြုပြီး ဖြစ်ပါသဖြင့် ကနဦးပေးသွင်းငွေ ရာခိုင်နှုန်း ၂၀၊ ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ချေးငွေကာလကို ၁၅ နှစ်အထိ ချေးယူခွင့်ရရှိခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ ပထမအသုတ် ဝယ်ယူခွင့်ရရှိပြီး အိမ်ပေါင်ချေးငွေစနစ်ဖြင့် ဝယ်ယူမည့် ပြည်သူများအနေဖြင့် ကနဦး ပေးသွင်းငွေ ပေးသွင်းရန်နှင့် အိမ်ပေါင်ချေးငွေဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၉ ခုနှစ် မတ် ၈ ရက်မှစတင်၍ ၂၀၁၉ ခုနှစ် ဧပြီလကုန်အတွင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) သို့မဟုတ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ဆက်သွယ် ဆောင်ရွက်သွားရန် အကြောင်းကြားထားကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၈၆၀ ကျော်ကို ရောင်းချပေးတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ၃၅ ရာခိုင်နှုန်း၊ နိုင်ငံဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများ အတွက် ၂၅ ရာခိုင်နှုန်းစီနှင့် အငြိမ်းစား ဝန်ထမ်းများအတွက် ၁၅ ရာခိုင်နှုန်းဖြင့် ၂၀၁၈ ခုနှစ် အတွင်းက မဲနှိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့အရောင်းအိမ်ရာ ဝယ်ယူခွင့် တန်းစီဇယားသည် လူမှုရေးအုပ်စု (ပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ အငြိမ်းစား)၊ ဝင်ငွေအုပ်စု (ပထမအုပ်စု ငါးသိန်းနှင့်အောက်၊ ဒုတိယအုပ်စု ငါးသိန်းအထက်) ဖြင့် ခွဲခြားဖော်ပြထားကြောင်း သိရသည်။

ထုတ်ပြန်ထားသည့် ဇယားများတွင် အရောင်ဖြင့် ဖော်ပြထားသော လျှောက်ထားသူများသည် ပထမအသုတ် ဝယ်ယူခွင့်ရရှိသူများ ဖြစ်ကြောင်း၊ ကျန်ရှိသော တန်းစီဇယားပါ လျှောက်ထားသူများကို နောင်တွင်ထပ်မံ ထုတ်လုပ်မည့် တိုက်ခန်းများအား တန်းစီဇယားအတိုင်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service