Smart Car Parking လုပ်ငန်းတင်ဒါအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သည့် ကုမ္ပဏီ ၁၈ ခုရှိပြီး ပြည်ပကုမ္ပဏီများပါဝင်ကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
1122 Views

Smart Car Parking လုပ်ငန်းတင်ဒါအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သည့် ကုမ္ပဏီ ၁၈ ခုရှိပြီး ပြည်ပကုမ္ပဏီများပါဝင်ကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း Smart Car Parking လုပ်ငန်းတင်ဒါအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သည့် ကုမ္ပဏီ ၁၈ ခုရှိပြီး ပြည်ပကုမ္ပဏီများလည်း ပါဝင်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မတ် ၆ ရက်တွင် ပြောကြားသည်။

Smart Car Parking လုပ်ငန်းတင်ဒါ ကို ဝယ်ယူခဲ့သူ ၆၀ ရှိပြီး မတ် ၅ ရက်က ပြုလုပ်သည့် တင်ဒါအမှတ် EDRB/03/2018-2019 အတွက် စိတ်ဝင်စားမှု ဖော်ပြခြင်း အဆိုပါပြုလွှာ (REOI ) ဖွင့်ဖောက်ခြင်း အခမ်းအနားတွင် ကုမ္ပဏီ ၁၈ ခု ရှိခဲ့ကြောင်း သိရသည်။

“ဒီတင်ဒါကို စိတ်ဝင်စားလို့ ဝယ်ထားတဲ့သူက ၆၀ ကျော်လောက်ရှိတယ်။ တင်ဒါ ဖောက်ဖွင့်ပြီး EOI တင်ဒါကို ဖောက်ဖွင့် စစ်ဆေးတဲ့အခါမှာ ၁၈ ဦးပါတယ်။ ၁၈ ဦး ကို တင်ဒါရွေးချယ်ရေးကော်မတီကနေပြီးတော့ ပြန်ပြီး အစည်းအဝေးထိုင်ရဦးမယ်။ စာရွက်စာတမ်းမပြည့်စုံတဲ့ ဘဏ္ဍာငွေကြေး ဘယ်လိုလုပ်မယ်ဆိုတဲ့ မပြည့်စုံတဲ့ဟာမျိုးတွေ တချို့ပါတယ်။ ရန်ကုန်တိုင်းအစိုးရမှာ ကုမ္ပဏီ မှတ်ပုံမတင်ထားတဲ့သူတွေပါတာ ရှိတယ်။ နောက်တစ်ခု ထူးခြားတာတစ်ခုရှိ တယ်။ ဂျပန်ကဆူမီတိုမိုကုမ္ပဏီက Joint venture လုပ်မှာမဟုတ်ဘူး။ နိုင်ငံခြားကုမ္ပဏီ ဒါပေမဲ့ ဒီမှာတိုက်ရိုက်လုပ်မှာပေါ့။ အဲဒါတစ်ခုတော့ထူးခြားတယ်။ ဘယ်လို သတ်မှတ်ချက်နဲ့ဖြတ်မလဲတော့ မသိဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ စင်ကာပူနိုင်ငံစသည့် ပြည်ပကုမ္ပဏီလေးခု ခန့်က ပြည်တွင်းကုမ္ပဏီများနှင့် Joint venture အဖြစ် ဆောင်ရွက်ရန်လျှောက်ထားခဲ့ကြောင်းနှင့် အဆိုပါ Smart Car Parking တင်ဒါ ရွေးချယ်ရေးကော်မတီတွင် အင်ဂျင်နီယာပညာရှင်များ၊ အိုင်တီပညာရှင်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရသည်။

တင်ဒါအောင်မြင်မှုရရှိသည့် ကုမ္ပဏီ က Smart Car Parking ပထမအပိုင်းအဖြစ် ရန်ကုန်မြို့တွင်းခြောက်မြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်ကြောကျပ်တည်းမှုများသော မြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Smart Car Parking တင်ဒါစိတ်ဝင်စားမှု အဆိုပြုလွှာတင်ထားသည့် ကုမ္ပဏီပေါင်း ၁၈ ခုနှင့် ပတ်သက်၍ တင်ဒါအတွက် စာရွက်စာတမ်းများပြည့်စုံမှု၊ ကုမ္ပဏီမှတ်ပုံတင်နှင့် ဖွဲ့စည်းပုံ၊ ရင်းနှီးမြှုပ်နှံငွေနှင့်ဝင် ငွေရပေါက်ရလမ်း၊ ဆက်သွယ်ရေးလိုင်စင် သုံးနှစ်၊ လုပ်ငန်းအတွေ့အကြုံငါးနှစ်နှင့်ပြစ်မှု ကင်းရှင်းမှု စသည့်စံသတ်မှတ်ချက်များဖြင့် အမှတ်ပေး စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service