မန်းမြို့မြောက်ဘက်အစွန်း အကွက်ရိုက်မြေအချို့ အရောင်းအဝယ်ပြန်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
934 Views

မန်းမြို့မြောက်ဘက်အစွန်း အကွက်ရိုက်မြေအချို့ အရောင်းအဝယ်ပြန်ဖြစ်နေ

တစ်နှစ်ဆိုင်း အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ မန္တလေးမြို့ မြောက်ဘက်အစွန်းဘက် ပတ်ဝန်းကျင်က အကွက်ရိုက်မြေအချို့ သည်ရက်ပိုင်း အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့ဆီက စုံစမ်းသိရပါတယ်။

မန္တလေး ပုသိမ်ကြီးမြို့နယ် ရှိ လယ်ယာမြေကို တရားမဝင်ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေပြုလုပ်နေပြီးနောက် အဆိုပါဒေသတွေရှိ မြေအရောင်းအဝယ်ဈေးကွက် ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် အကွက်ရိုက်မြေဝယ်ယူပြီး ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှုတွေကြောင့် ဥပဒေအရ တရားစွဲဆိုခံရမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

သို့ပေမဲ့ လူနေအကွက်အကွင်း ကောင်းမွန်လာတာ၊ မြေဈေးနှုန်း အဆမတန် နိမ့်ကျနေတာ၊ ဝန်ထမ်းနဲ့ အခြေခံ လူတန်းစားတွေ တတ်နိုင်တဲ့ပမာဏ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တာစတာတွေကြောင့် မန္တလေးပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားတာဖြစ်ပြီး အဆိုပါနေရာတွေမှာ ယခုရက်ပိုင်း အရောင်းအဝယ် ပြန်ဖြစ်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။

နယ်ခံအကျိုးဆောင် ကိုတိုးက ‘ ခုဟာက လူက တဖြည်းဖြည်းနဲ့ စည်လာနေပြီ၊ ဘာပဲပြောပြော ကိုယ်တတ်နိုင်တာလေးနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်တဲ့သူကျတော့ အဆင်ပြေတာပေါ့ ‘ လို့ ပြောပါတယ်။

အဆိုပါနေရာရှိ မြေကွက်တွေရဲ့ဈေးနှုန်းဟာ မန္တလေးမြို့ရှိ အခြားနေရာတွေက မြေဈေးနဲ့ယှဉ်ရင် လက်ရှိအချိန်မှာ အဆမတန် လျော့နည်းနေတယ်။ သည်နေ့ မတ်လ (၃)ရက် နံနက်ပိုင်းမှာ ယင်းပတ်ဝန်းကျင်မှာ မေးမြန်းခဲ့မှုတွေအရ မျက်နှာစာတစ်ပေ ကျပ် (၂)သိန်းမှ (၄)သိန်းခွဲ ပတ်ချာလည် မြေကွက်အချို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ပြည်တွင်းအခြေစိုက် တရုတ်စီးပွားရေးသမားအချို့ အိမ်ခြံမြေဈေးကွက်ထဲ စုပြုံဝင်ရောက် ရင်းနှီးလာရာကစလို့ မန္တလေးအိမ်ခြံမြေဈေးကွက် ဈေးအဆမတန် ပြောင်းလဲမြင့်တက်လာပါတယ်။

မြို့တွင်းအိမ်ခြံမြေဈေး အဆမတန် မြင့်တက်လာခဲ့ပြီး သည်မြင့်မားတဲ့ဈေးနှုန်းတွေကြောင့် ကိုယ်ပိုင်အိမ်ရာမရှိတဲ့ အခြေခံလူတန်းစားဝန်ထမ်းအများအပြားအတွက် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင် အိမ်ခြံဝိုင်းလေး ပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ဟာ အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ မြင့်မားတဲ့ ဈေးနှုန်းကြောင့် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင်အိမ်ခြံဝိုင်းလေးပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက် အိမ်မက်မက်နေသူတွေအတွက် အဆိုပါအကွက်ရိုက်မြေဈေးကွက်က လက်ရှိအချိန်အထိ ဆွဲဆောင်နိုင်ဆဲဖြစ်တာ တွေ့ရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service