စံချိန်တင်အောင်မြင်မှုတွေနဲ့  ရခိုင်ရင်းနှီးမြှပ်နှံမှုဖိုရမ် - Property News in Myanmar from iMyanmarHouse.com
3766 Views

စံချိန်တင်အောင်မြင်မှုတွေနဲ့  ရခိုင်ရင်းနှီးမြှပ်နှံမှုဖိုရမ်

ရှည်လျားလှတဲ့ကမ်းရိုးတမ်းနဲ့ သဘာဝအရင်းအမြစ်တွေပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပြပွဲဟာ မျှော်မှန်းတာထက် စံချိန်တင်အောင်မြင်ခဲ့ပါတယ်။

ကမ္ဘာတဝန်းကရင်းနှီးမြှပ်နှံသူ ၆၀၀ကျော် တက်ရောက်ခဲ့တဲ့ အဲ့ဒီ့ ဆွေးနွေးပွဲဟာ ရှေ့ကပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာ လုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေထက်အောင်မြင်ခဲ့တယ်လို့  မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အဲ့ဒီ့ရင်းနှီးမြှပ်နှံမှုပြပွဲဟာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကိုပါ အထိုက်အလျောက် ရရှိခဲ့တာပါ။

“ ရခိုင်မှာ မတို့ မထိရသေးတဲ့လုပ်ငန်းတွေကအများကြီးပဲ ဒီထဲကမှ ခုလို ရင်းနှီးမြှပ်နှံနိုင်မဲ့အခွင့်အလမ်းတွေထုတ်ဖော်ပြသတာအကောင်းဆုံးရလာဒ်တွေ ရလာမှာသေချာပါတယ် "ဟု တက်ရောက်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ဇောကဆိုပါတယ်။

ရင်းနှီးမြှပ်နှံသူတွေကို ရခိုင်ပြည်နယ်ကဖိတ်ခေါ်ခဲ့ပေမဲ့ လာရောက်ပြီးစီးပွားရေးလုပ်ကိုင်သူတွေ အနေနဲ့  တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင် ပင်ခံပုဂ္ဂိုလ်က သူ့ ရဲ့မိန့် ခွန်းထဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

သဘာဝသယံဇာတတွေကို ကောင်းမွန်စွာအသုံးမချနိုင်ခဲ့လို့ ရခိုင်ပြည်နယ်ဟာဖွံ့ ဖြိုးတိုးတက်မှု နောက်ကျခဲ့တယ်လို့ လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောကြားခဲ့တာပါ။

ရင်းနှီးမြှပ်နှံမှုဆွေးနွေးပွဲအပြီးမှာတော့ ရခိုင်ပြည်နယ်အတွက်အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ် အမေရိကန်ဒေါ်လာလေးဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ဝင်စားမှုဆိုင်ရာ အဆိုပြုလွှာ၂၈ခုကို စာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါ။ ဒီလုပ်ငန်း၂၈ခုထဲမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကအများဆုံးဖြစ်ခဲ့ပြီး တစ်နှစ်အတွင်းအကောင်အထည်ဖော်ရင်းနှီးမြှပ်နှံမယ်ဆိုတဲ့ကတိကဝတ်တွေနဲ့  ဆွေးနွေးပွဲဟာ အပေါင်းလက္ခဏာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service