စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ( ၆ ) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
982 Views

စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ( ၆ ) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှကြီးမှူး၍ " ( ၆ ) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး " ကို စင်္ကာပူနိုင်ငံရှိ The Capitol Kempinski Hotel တွင် ၂၀၁၉ ခုနှစ် ၊ မတ်လ ( ၂ ၊ ၃ ) ရက်များ၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အရောင်းပြပွဲတွင် Golden City ၊ Kanbae Towers ၊ Riverfront Garden ၊ The Leaf Residence ၊ SMT Construction ၊ Royal Theikdi Residence ၊ Grand Hill Garden Residence ၊ Ayar Chanthar Condominium ၊ Grand Wireless Condominium ၊ Shwe Myanmar Mya Minicondo ၊ Real Home Minicondo များပါဝင်ပြသမည်ဖြစ်သည်။ သိန်း ( ၂၀၀ ) ကျော်မှစသော တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း နှင့် မြေကွက်များကို အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ အိမ်ရာချေးငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“ စင်္ကာပူနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ငွေစုပြီး ကိုယ်တိုင်နေထိုင်ဖို့ဖြစ်စေ ၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ မြန်မာပြည် ပြန်လာစရာမလိုဘဲ စင်္ကာပူမှာတင် ဝယ်ယူလို့ရအောင် ဒီလိုပွဲမျိုးကို စီစဉ်ရခြင်းဖြစ်ပါတယ်။ အခုနောက်ပိုင်းက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ စီစဉ်ပေးထားလို့ ပိုပြီးဝယ်နိုင်လာကြပါတယ်။ ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူနဲ့ အိမ်ခြံမြေကို ဝယ်ယူလို့ ရရှိအောင် ကျွန်တော်တို့ iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ အမြဲ ကြိုးစားသွားမှာပါ ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

“ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ဝယ်ယူနိုင်စေဖို့ လုပ်ငန်းဆောင်တာတိုင်းကို အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေတွေ ရှာဖွေနေကြပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်ကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း ( ၂.၃ ) သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အကျိုးဆောင်ပေါင်း ( ၂၃၀၀ ) ကျော်ရှိပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ( ၆၀၀ ) ကျော်ရှိပါတယ်။  ကျွန်တော်တို့နဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို ကြိုဆိုပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

iMyanmarHouse.com မှ ကြီးမှူး၍ စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး

ကျင်းပမည့်ရက် : 2 & 3 March 2019 ( စနေ ၊ တနင်္ဂနွေ )

ကျင်းပမည့်အချိန် : မနက် 10 နာရီမှ ည 8 နာရီအထိ

ကျင်းပမည့်နေရာ : The Capitol Kempinski Hotel ပင်နီဆူလာပလာဇာဘေး ၊ City Hall MRT ရှေ့

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service