အဟောင်းပေါ်တွင် ဆင့်ကာထွင်၍ - Property News in Myanmar from iMyanmarHouse.com
666 Views

အဟောင်းပေါ်တွင် ဆင့်ကာထွင်၍

မဟာရန်ကုန်မြို့ဟောင်းကြီးသည် အိုမင်းလာ ပါပြီ။ အရေခွံတို့အသစ်လဲဖို့ကောင်းပြီ၊ အသွေး အသားတို့ အသစ်မွေးဖွားဖို့ ကောင်းပါပြီ။ စိတ်ဓာတ်တို့ ပြောင်းလဲမြင့်တတ်ဖို့ ကောင်းပါပြီ။ အသစ်တို့ဖြစ်ထွန်းလာ ဖို့ ကြိုးစားနေသည်ကိုလည်း တွေ့နေရပါပြီ။ ကျပ်တည်းနေ သည်တို့ကို ချောင်လည်အောင်၊ နိမ့်ပါးနေသည်တို့ကို မြင့်မား လာအောင်၊ နှေးကွေးနေသည်တို့ကို လျင်မြန်လာအောင်၊ ကြမ်းတမ်းရိုင်းပြနေသည်တို့ကို ယဉ်ကျေးပြေပြစ်လာအောင်၊ ဒုစရိုက်မှုတို့ လျော့နည်းပပျောက်လာအောင်၊ အဂတိတရား တို့ ကင်းစင်လာအောင် စသဖြင့် လုပ်စရာများ ပြားလှသည့် မြို့ဟောင်းကြီးတစ်ခုဖြစ်နေသည်။

ယိုင်နဲ့နေသည်တို့ကို ခိုင်မြဲတည့်မတ်အောင်လုပ်ရ တော့မည်။ ဆွေးမြေ့မှုတို့နေရာတွင် ကျစ်လစ်မာကျောမှုတွေ နှင့် အစားထိုးရပါတော့မည်။ ပြိုကျမည်တို့ကို ဖြိုချပြီးပြန် တည်ဆောက်ရမည်။ ပြောင်းလဲသင့်သည့် အဟောင်းတို့ကို တော့ မြန်မြန်ပြောင်းနိုင်အောင် လုပ်ရပေတော့မည်။

သမိုင်းတန်ဖိုးအရ သိပ်မရှိလှဘဲ နေထိုင်သူလူတို့ အတွက် အချိန်မရွေးအသက်အန္တရာယ် ဒုက္ခပေးနိုင်သည့် တိုက် ဟောင်းတိုက်ဆွေး အဆောက်အအုံဟောင်း၊ အိမ်ရာအဟောင်း များ ရန်ကုန်မြို့၏နေရာအတော်များများတွင် ရှိနေပါသည်။ထိုအဆောက်အအုံဟောင်းတို့ကို ဖြိုချဖျက်စီးပြီး အစားထိုးမှု တို့လုပ်ရပါတော့မည်။ ထိုနေရာကို နောက်ထပ်နှစ်ကာလအပိုင်း အခြားတစ်ခုထိတိုးပွားလာမည့် ရန်ကုန်မြို့လူဦးရေကို တွက်ဆထားပြီး ဆောက်လုပ်မည့်အဆောက်အအုံတို့ကို ကြိုတင် ဖန်တီးထားရပါလိမ့်မည်။

မြို့ဟောင်းကိုမှနေချင်သူများအတွက် မြို့ဟောင်း တွင် တည်ဆောက်နိုင်မည့် ခေတ်မီအဆောက်အအုံတို့ကို ဖန်တီးကြရပါမည်။ ကိုလိုနီခေတ်က သတ်မှတ်ထားသော ရန်ကုန်မြို့၏လူဦးရေနှင့် အဆောက်အအုံသည် ယခုရှိနေ သည့် လူဦးရေတို့နှင့် တွက်ဆကြည့်ရာ များစွာကွာခြားသွားပြီ ဖြစ်သည်။ နှစ်လွှာသုံးလွှာအမြင့်ဖြင့်သာ တည်ဆောက်ခဲ့သည့် တိုက်တာအိမ်ရာတို့သည် ခေတ်ကာလအရ အဆင်မပြေတော့ပေ။ ၎င်းစီမံကိန်းအိမ်ရာဟောင်းတို့နေရာတွင် အလယ်အလတ် နှင့် အောက်ခြေလူတန်းစား အများအပြားနေထိုင်နိုင်ကြမည့် အထပ်မြင့် အိမ်ရာစီမံကိန်းအသစ်တို့ကို ပုံဖော်ဖန်တီးသင့်နေပါပြီ။ မြေနေရာသစ်တို့တွင်လည်းကောင်း၊ အိမ်ရာဟောင်း တို့နေရာတွင်လည်းကောင်း ယခင်လူဦးရေထက် ပိုမိုဆံ့ဝင်နိုင် သည့် လူဦးရေရရှိဖို့ ကြံဆောင်ကြရပါတော့မည်။

မြေနေရာနည်းပါးလှသော ရန်ကုန်မြို့ဟောင်းကြီးတွင် လူတို့ ထိုက်သင့်သမျှတိုးပွားနေထိုင်နိုင်ဖို့ အထပ် မြင့်အဆောက် အအုံတို့ တိုးချဲ့မြှင့်တင် တည်ဆောက်ရပါမည်။ ယခင်အိမ်ရာ အဟောင်းတို့သည်လည်း ဆွေးမြည့်ယိုယွင်းလာသော လက္ခဏာ တို့တွေ့နေရသည်။ နေထိုင်သူတို့အနေနှင့် အန္တရာယ်ရှိလာပြီ ဖြစ်သည်။ ၎င်းတိုက်အို တိုက်ဆွေးတို့အား တပြိုင်တည်း ဖျက်သိမ်းပြီး ခေတ်အရလိုအပ်လာသည့် လူနေမှုပုံစံနှင့်ကိုက်ညီမည့်အဆောက် အအုံသစ်တို့ဖန်တီးရပါမည်။ ရေ၊ မီး၊ မိလ္လာတို့ ကို စနစ်ကျနစွာ သုံးစွဲစွန့်ထုတ်နိုင်သည့် အနေအထားထိ ရောက်အောင်လုပ်ကြရပါမည်။

၁၉၅၁ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့သော အိမ်ရာတို့သည် နှစ်ခြောက်ဆယ်ကျော်သက်တမ်းရှိလာပြီဖြစ်ရာ မြို့ပြ လူတို့နေထိုင်မှုနှင့် ကိုက်ညီဖို့ ခက်ခဲလာသည်။ ထိုစဉ်ကဆောက် ခဲ့သော အိမ်ရာအဆောက်အအုံတို့တွင် နေထိုင်နေကြသောသူ များအနေနှင့် အသားကျနေပြီဖြစ်ရာ ထိုအဆောက်အအုံတို့ အတွက် တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်လာမည်ကို စိုးရိမ်ကောင်းစိုးရိမ်ကြမည်။ သို့သော် အိမ်ရာတိုက်တာအသစ်တို့ အစားထိုး တည်ဆောက်ပြီး နေရာတို့ပြန်လည်ရရှိလျှင် ကျေနပ် ကြပါလိမ့်မည်။ ထိုသို့မဟုတ်ပါကလည်း ထိုက်တန်သော ပေး လျော်မှုကိုတော့ရကြပါလိမ့်မည်။

လူနေထူထပ်လာမှုကို ဖြေရှင်းနိုင်ဖို့ အထပ်မြင့်အ ဆောက်အအုံတို့ ပိုမိုဆောက်လာကြသည့်အပေါ်တွင်လည်း စည်းစနစ်ကျနမှုနှင့် အရည်အသွေးစံနှုန်းမီစေရန်အတွက် စစ်ဆေးစိစစ်မှုတို့ကို သက်ဆိုင်ရာဌာနတို့အနေနှင့် မပြတ်ပြုလုပ် သင့်သည်။ နောင်နှစ်ရှည်စီမံကိန်တို့နှင့်ကိုက်ညီမည့် မြို့ပြစီမံ ကိန်းထုတ်ထားမှုတွင် ဘောင်ဝင်သည့် အဆောက်အအုံတို့ဖြစ်ရန် လိုပါသည်။ တစ်ခါတစ်ရံတွင် အချို့သောအဆောက်အအုံ တို့သည် မြို့ပြ၏ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းဖို့ကြိုးစား ရာတွင် အနှောင့်အယှက်ဖြစ်ကောင်းဖြစ်လာနိုင်သည်။

အဆောက်အအုံတို့တည်ဆောက်မှုကို ထင်တိုင်းလုပ် ခွင့်၊ တည်ဆောက်ခွင့် မပြုကြရန် လိုပါသည်။ ထောင့်ပေါင်းစုံက နေ၍ ချင့်ချိန်စဉ်းစားပြီးမှ ခွင့်ပြုသင့်ပါသည်။ ရန်ကုန်မြို့၏ အိမ်ရာဟောင်းတို့၏နေရာတွင် အိမ်ရာသစ်တို့ဖော်ထုတ်ကြ ရာတွင် ဘက်စုံထောင့်စုံစဉ်စားပြီး အနာဂတ်တွင် တိုးပွားဖွံ့ဖြိုး လာမည့်ပုံစံနှင့် သမူဟမဖြစ်သည့် အဆောက်အအုံတို့ကိုတည် ဆောက်ခွင့်မပြုသင့်ပေ။ ဆောက်ချင်သည့်ပုံစံနှင့် ဆောက်ချင် သလို ဆောက်နေကြသည်ကများပြားလာရာ စံချိန်မမီ မလှမပ သောပုံစံတို့နှင့် အဆောက်အအုံတို့ များလာခြင်းသာဖြစ်လာ ပေတော့မည်။

လူနှစ်ယောက်မရှောင်သာသည့် လှေကား၊ အလင်း ရောင်နှင့် လေကောင်းလေသန့် မ၀င်သည့်လှေကား၊ လှေကား ရှိ အသေပိတ်ထားသည့် အလင်းရောင်ဝင်မှန်များကြောင့်လည်း နေထိုင်သူများ အဆင်းအတတ်တွင် အမောဆို့မတတ်ဖြစ်ရသည့် အဆောက်အအုံတို့နှင့် မိုးရေပက်လျှင် ရေ၀င်သည့်အဆောက် အအုံတို့ ဆောက်လုပ်ရောင်းချမှု များပြားခဲ့ပါပြီ။ အခန်းအတွက် လိုအပ်သော အိမ်ထောင်ပရိဘောဂတို့ ၀ယ်ယူသုံးစွဲလိုသော် လည်း ကျဉ်မြောင်းလှသောလှေကားတို့ကြောင့် လက်လျော့ခဲ့ ရပေါင်းလည်း များလှပြီဖြစ်သည်။

အဆောက်အအုံတို့ကို အပြိုင်းပြိုင်းဆောက် နေကြသည်။ တစ်ခါတစ်ရံ ကိုယ်ဝယ်ယူနေထိုင်မည့် အဆောက် အအုံတို့ကိုကြည့်ပြီး မွန်းကျပ်သည့်စိတ်တို့ခံစားရသည်။

ရန်ကုန်မြို့ကြီး၏ ရှားပါးလာသော မြေနေရာတို့ ကြောင့် ဟောင်းနွမ်းဆွေးမြေ့လာသည့် အိမ်ရာတိုက်တာ အဟောင်းတို့နေရာတွင် တိုက်အသစ်တို့အစားထိုး ပြောင်းလဲတည်ဆောက်ဖို့ မဖြစ်မနေလုပ်ကြရပါတော့မည်။ ထိုအခါ ရန်ကုန်မြို့ကြီး၏ တိုးပွားလာသောလူဦးရေ၏ အိမ်ရာလိုအပ်ချက်ကိုလည်း အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်နှင့် နေထိုင် သူတို့အတွက် စိတ်လက်ချမ်းသာ သက်သောင့်သက်သာဖြစ်စေ မည့် အဆောက်အအုံတို့ ဖန်တီးတည်ဆောက်ကြဖို့ ပညာရှင် များ၊ အစိုးရတာဝန်ရှိပုဂိ္ဂုလ်များအနေနှင့်စဉ်းစားသင့်သည်။

အဟောင်းတို့ကိုဖျက်သိမ်းပြီး၊ အဟောင်းလောက် မှ မကောင်းသည့် အဆောက်အအုံတို့ကို ထပ်ဆောက်ကြမည် ဆိုလျှင် အနာဂတ်အမြင်နည်းရာကြသည်ဟု ပြောကြပေလိမ့်မည်။ အဟောင်းတို့နေရာမှာ အကောင်းတို့ ဖြည့်ဆည်းအစားထိုး ပေးနိုင်ကြဖို့ လက်တို့လိုက်ရပါသည်။

 

ဦးအောင်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Upcoming Property Events

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service