ကွန်ဒိုစီမံခန့် ခွဲရေးကော်မတီက ကွန်ဒိုတွေရဲ့အရည်အသွေးကိုစစ်ဆေးမယ် - Property News in Myanmar from iMyanmarHouse.com
860 Views

ကွန်ဒိုစီမံခန့် ခွဲရေးကော်မတီက ကွန်ဒိုတွေရဲ့အရည်အသွေးကိုစစ်ဆေးမယ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံစီမံခန့်ခွဲရေးကော်မတီက ကွန်ဒိုမီနီယံအဆင့်မီ အဆောက်အအုံများဖြစ်မဖြစ်ကိုလည်း လိုက်လံ စစ်ဆေးမယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကွန်ဒိုမီနီယံဥပဒေထွက်ပေါ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နည်းဥပဒေထုတ်ပြန်ပြီးနောက် ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ကွန်ဒိုမီနီယံနှင့် ပတ်သက်သော စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းပေးခဲပြီလည်းဖြစ်ပါတယ်၊ ဒါ့ကြောင့် အဆိုပါ အဖွဲ့ ကလိုင်စင်ထုတ်ပေးခြင်းနဲ့  အဆင့်မှီအဆောက်အုံတွေဖြစ်မဖြစ်စစ်ဆေးမှုတွေလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

အဆိုပါကော်မတီအနေဖြင့် ယခုအခါ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ရန် စိစစ်နေပြီး ကော်မတီသို့ လိုင်စင်လျှောက်ထားမှု ၄၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ရရှိပြီးသူများအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံတည်ထောင်ခွင့် ခွင့်ပြုမိန့်ကို ထပ်မံလျှောက်ထားရမည်ဖြစ်ကာ ကော်မတီမှခွင့်ပြုလျှင် တည်ဆောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကွန်ဒိုမီနီယံဥပဒေသည် ၂၀၁၉ ခုနှစ်တွင် စတင် အသက်ဝင်လာပြီဖြစ်ကာ ယင်းဥပဒေကိုအကောင်အထည် ဖော်ဆောင်နိုင်မည့် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်သောကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီးစီးခဲ့ခြင်းဖြစ်ကာ ကော်မတီဥက္ကဌမှာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် အတွင်းရေးမှူးမှာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်တို့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service