လင်မယားနှစ်ဦးပိုင်ကို ဝယ်လျှင် တစ်ဦးသဘောမတူပါက ဝေစုတစ်ဝက်သာ ပိုင်ဆိုင်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
2323 Views

လင်မယားနှစ်ဦးပိုင်ကို ဝယ်လျှင် တစ်ဦးသဘောမတူပါက ဝေစုတစ်ဝက်သာ ပိုင်ဆိုင်ခြင်း

Knowledge | Posted by Si Thu Aung

ကျွန်တော်၏ ကျောင်းနေဖက်သူငယ်ချင်း ဒေါ်တင်တင်သိမ့်မှ ကမာရွတ်မြို့နယ် ဂျန်းရှင်းစကွဲယားတွင် တွေ့ ဆုံရင်း အကူအညီတောင်းခံလာသည့်ကိစ္စမှာ သူငယ်ချင်းမတစ်ဦးထံမှ သူမ၏အမျိုးသားသဘောမတူသည့် မြေကွက်တစ်ကွက်ကိုဝယ်ယူမိခဲ့ပြီး မဝယ်မှီကလည်း ထိုမြေကွက်ကို ရောင်းချရန် သဘောမတူကြောင်း သတင်းစာတွင် ကြေညာထားကြောင်း သိရ၏ ။

ယခုအခါ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ပြီး ဝယ်ယူထားသော်လည်း တစ်ဝက်ပိုင်ဆိုင်မှု ၊ ပစ္စည်းခွဲဝေပေးးစေလိုမှုများနဲ့ တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသဖြင့် ကျွန်တော့်အား မည်သို့ ပြုလုပ်ရမည်ကို တိုင်ပင်လာဖြင်း ဖြစ်၏ ။

ထိုအခါ နှစ်ဦးပိုင်ပစ္စည်းကို နှစ်ဦးသဘောတူညီလျှင် ရောင်းချ ၊ ပေါင်နှံ ၊ လွှဲပြောင်းပြုလုပ်ပိုင်ဆိုင်ခွင့် ရှိသလို လင်ကဖြစ်စေ ၊ မယားကဖြစ်စေ ၄င်း၏သဘောဆန္ဒကို အထင်အရှားမဟုတ်ဘဲ အဓိပ္ပာယ်သက်ရောက်သည့် သဘောတူညီချက်ရလျှင်လည်း လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိတယ် ။ဒါပေမဲ့ လင်မယား ၂ ဦးအနက် တစ်ဦးတည်း ကျန်တစ်ဦး၏သဘောတူညီမှုများမရလျှင် လွှဲပြောင်းရောင်းချခွင့် မပြုနိုင်ဘူးလေ ။

“ အခုလည်း မသိမ့် ဖြစ်နေတဲ့ ပုံစံမျိုးကို ဆုံးဖြတ်ထားတဲ့ စီရင်ထုံးရှိတယ် ။အဲဒီအမှုမှာဆိုရင် လင်မယားနှစ်ဦးအတူပိုင်ဆိုင်သော မြေကွက်ကို မယားဖြစ်သူက လင်သဘောမတူဘဲ သူတစ်စိမ်းအား မှတ်ပုံတင်စာချုပ် ချုပ်ဆို၍ ရောင်းချခဲ့ရာ မယားဖြစ်သူ၏ဝေစုသာ အတည်ဖြစ်ပြီး ခင်ပွန်ဖြစ်သူ၏ဝေစု၏ အတည်မဖြစ်သော အခြေအနေတွင် ခင်ပွန်းဖြစ်သူနှင့် မြေကွက်ဝယ်ထားသူတို့သည် မြေကွက်ကို တစ်ဝက်စီသာ ပိုင်ခွင့်ရှိပြီး လင်ဖြစ်သူက မြေကွက်ဝယ်ထားသူအပေါ် အတည်မဖြစ်သော ၄င်းဝေစုအတွက် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုခွင့်ရှိတယ်ဆိုပြီး “ ဒေါက်တာ ဦးတင်ဦး (၄င်း၏ကိုယ်စားလှယ်ရသူဦးကျော်ကျော်) နှင့် ဒေါ်အေးအေးသန်း ၊ ၂၀၀၅ ခုနှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၆ ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စား-၅၂ ” မှာ ဆုံးဖြတ်ထားတယ် ”

“ အမှုမှာ ဒေါက်တာတင်ဦး၏ သဘောတူညီချက် မရရှိဘဲ ဇနီးဖြစ်သူ ဒေါ်ခင်သက်ထား (ခ) ဒေါ်သက်ထား ဒေါ်အေးအေးသန်းကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ် ၁၁၄၆/၉၇ ဖြင့် အချင်းဖြစ် ပစ္စည်းကို ရောင်းချခြင်းသည် ဒေါ်ခင်သက်ထား (ခ) ဒေါ်သက်ထား၏ ဝေစုဖြစ်သော အစိတ်အပိုင်းသာ အတည်ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ ဒေါက်တာ ဦးတင်ဦး၏ဝေစုဖြစ်သည့် အစိတ်အပိုင်းနှင့်ပတ်သက်၍ တရားဝင်လွှဲပြောင်းရောင်းချရာ မရောက်ချေ ”

“ အဆိုပါ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်တွင် မူလရုံးတရားလို ဒေါက်တာဦးတင်ဦး၏ အကျိုးခံစားခွင့်နှင့် သက်ဆိုင်သမျှ ပျက်ပြယ်ကြောင်းကို တရားရုံးချုပ် တရားမ ပထမအယူခံမှု အမှတ် ၂၇၁/ ၂၀၀၀ ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်လျက်ရှိပါသည် ။ လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် လင်နှင့်မယားတို့ သည် အညီအမျှ အကျိုးခံစားခွင့်ရှိကြောင်းကို “ မခင် နှင့် မောင်ဖိုးစိန်အမှု ၊ (၃)၆ ရန်ကုန် စာ-၁ ” မှာ တွေ့နိုင်ပါတယ် ။ရောင်းချခဲ့သော အချင်းဖြစ်ပစ္စည်းတွေကို လင်ဖြစ်သူ တရားလို ဒေါက်တာဦးတင်ဦး၏ ဝေစုထက်ဝက်သည် ပယ်ဖျက်ခဲ့ပြီး ဖြစ်ရာ ၊ ယင်းပစ္စည်းပေါ်တွင် ဒေါက်တာဦးတင်ဦးအနေဖြင့် ဒေါ်အေးအေးသန်းနှင့်အတူ ပူးတွဲပိုင်ဆိုင်ခွင့် ရရှိသည်မှာ ထင်ရှားပါတယ် ”

“ ဤအခြေအနေတွင် ဝယ်ယူသူမူလရုံးတရားပြိုင် ဒေါ်အေးအေးသန်းနှင့်မူလရုံးတရားလို ဒေါက်တာဦးတင်ဦးတို့သည် အချင်းဖြစ်မြေကွက်ပေါ်တွင် တစ်ဝက်စီ ပူးတွဲပိုင်သူများအဖြစ် တည်ရှိနေမှာဖြစ်တယ် ။ အချင်းဖြစ်မြေကွက်ကို ဒေါ်အေးအေးသန်းက မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူပြီး လက်ရောက်ရယူထားသည် ဟု ဆိုသော်လည်း အချင်းဖြစ်မြေကွက်တွင် ဒေါက်တာဦးတင်ဦးသည် ပူးတွဲပိုင်ရှင်အဖြစ် အခွင့်အရေးအညီအမျှ ရရှိပါတယ် ။ထို့ပြင် လင်မယားနှစ်ဦးပိုင် လက်ရှိထားသော မြေကွက်ကို လင်သဘောတူညီချက်မရဘဲ ရောင်းချရာတွင် ဥပဒေသဘောအရ လင်သည် လက်ရှိထားမြဲဖြစ်သည်မှာ မြင်သာပါတယ် ။ သို့ဖြစ်၍ အချင်းဖြစ်ပစ္စည်းကို တရားလိုနှင့်တရားပြိုင်တို့ အကျိုးခံစားမှု သို့မဟုတ် အခွင့်အရေး အညီအမျှ ရရှိသည့်အပြင် အချင်းဖြစ်ပစ္စည်းတွင် တရားလိုနှင့်တရားပြိုင်တို့သည် အညီအမျှ လက်ရှိဖြစ်ကြောင်း ပေါ်ပေါက်သည့် အခြေအနေတွင် ပူးတွဲပိုင်ဆိုင်သူတစ်ဦးက အခြားပူးတွဲပိုင်ဆိုင်သူတစ်ဦးအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုရန်သာ ရှိပေတော့သည် ။

“ ရန်ကုန်တိုင်း တရားရုံး ၂၀၀၃ ခုနှစ် ၊ တရားမကြီးမှု အမှတ် ၃၉၀ တွင် တရားလို ဒေါက်တာဦးတင်ဦးက ၄င်း၏အခွင့်ရကိုယ်စာလှယ် ဦးကျော်ကျော်မှ တစ်ဆင့် တရားပြိုင် ဒေါ်အေးအေးသန်းအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုရာအနိုင်ဒီကရီရရှိတယ် ”

“ တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို ဒေါ်အေးအေးသန်းက ကျေနပ်မှုမရှိသဖြင့် တရားရုံးချုပ်တွင် ၂၀၀၄ ခုနှစ် တရားမ ပထမအယူခံအမှတ် ၁၁ အရ အယူခံဝင်ရောက်ရာ တရားရုံးချုပ်က မူလရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ချက်ပြီး တရားလိုစွဲဆိုသော အမှုကို စရိတ်နှင့်တကွ ပလပ်ခဲ့တယ်”

“ ထို့ကြောင့် ဒေါက်တာဦးတင်ဦးက တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ၂၀၀၀ ပြည့်နှစ် ၊ တရားစီရင်ရေးဥပဒေပုဒ်မ ၇ အရ အထူးအယူခံဝင်ခွင့်ပြုရန် လျှောက်ထားသည့်အခါ တရားရုံးချုပ်အထူးခုံရုံးက ကြားနာရန် အထူးအယူခံ ဝင်ခွင့်ပြုခဲ့တာပါ ”

“ အမှုဖြစ်စဉ်မှာ မူလရုံးတရားလို ဒေါက်တယဦးတင်ဦးက ရန်ကုန်တိုင်း ၊မရမ်းကုန်းမြို့နယ် ၊ ရွှေနှင်းဆီလမ်း ၊ အမှတ် ၁၀၀၈ အက်ဖ် ၊ မြေတိုင်းရပ်ကွက် ၄၅ ၊သမိုင်း ၊ မြေကွက်အမှတ် ၁-ခ/၁၅၈ ဟုခေါ်တွင်သော မြေကွက်ကို ၄င်းနှင့်ဇနီးဒေါ်ခက်သက်ထား (ခ) ဒေါ်သက်ထားတို့က တရားဝင်ပိုင်ဆိုင်ပြီး ဒေါ်ခင်သက်ထားက တရားပြိုင်သို့ မှတ်ပုံတင်စာချုပ်အမှတ် ၁၁၄၆/၉၇ ဖြင့် ရောင်းချခဲ့တယ် ။ထိုသို့ ရောင်းဝယ်ခြင်း မပြုမီကပင် မူလရုံးတရားလိုဖြစ်သူက ရပ်ကွက်ရုံးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် အရောင်းအဝယ်မပြုလုပ်ရန် တရားဝင်ကန့်ကွက်တားမြစ်ခဲ့ကြောင်းနှင့် ရန်ကုန်တိုင်း တရားရုံး တရာမကြီးမှု အမှတ် ၂၅၉/၉၈ တွင် မြေကွက်အရောင်းအဝယ် စာချုပ် ပယ်ဖျက်စေရန်နှင့် မြေကွက်အား လက်ရောက်ပြန်လည်ပေးအပ်စေရန် အဆိုပြုတောင်းဆိုခဲ့ရာ တိုင်းတရားရုံးက အရောင်းအဝယ်စာချုပ်အား ပယ်ဖျက်ပေးခဲသော်လည်း မြေကွက်အား ပြန်လည်ပေးအပ်ရမည့် သက်သာခွင့်ငြင်းပယ်ခဲ့ပါတယ် ။ထိုတရားမကြီးမှုတွင် တရားလို၏ အကျိုးခံစာခွင့်ကို ရယူလိုပါက ဝယ်သူအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုခွင့်ရှိသည်ဟု စီရင်ဆုံးဖြတ်ခဲ့ပါတယ် ။

“ နောက်ဆုံး တရားရုံးချုပ်၏ အထူးခုံရုံးက ဆုံးဖြတ်သည်မှာ ခင်ပွန်းဖြစ်သူနှင့် မြေကွက်ဝယ်ယူထားသူတို့သည် မြေကွက်ကို ထက်ဝက်စီသာပိုင်ဆိုင်ခွင့် ရှိကြောင်းနှင့် မြေကွက်ဝယ်ယူထားသူအပေါ် ခင်ပွန်ဖြစ်သူက အတည်မဖြစ်သော၎င်း၏ဝေစုအတွက် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုပိုင်ခွင့်ရှိကြောင်းဖြင့် ဤတရားမအထူးအယူခံမှုကို ခွင့်ပြုပြီး တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်က တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို စရိတ်နှင့်တကွ ပြန်လည်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ။”

“ ကဲ စီရင်ထုံးကတော့ အဲဒီအတိုင်းပဲ မသိမ့်ရေ ။ရောင်းချခဲ့သူတို့ရဲ့ ဆန္ဒအတိုင်းသာ လုပ်ပေးရမှာပေါ့ကွာ ။တစ်ခုတော့ရှိပါတယ် ။ဝယ်ထားတဲ့မြေကွက်ကတေ့ ပြန်ပေးရမှာ မဟုတ်ပေမယ့် ကိုယ်ပေးခဲ့မြေကွက်တန်ဖိုးဟာ မြေတစ်ဝက်ကိုပဲ ရတယ်လို့သာ မှတ်လိုက်ပါကွာ ” ဟု နှစ်သိမ့်လိုက်ရပါတော့သည် ။

 

Credit: ကြယ်နီလေး (ဥပဒေ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service