သန်လျင် “ အောင်ချမ်းသာမြေ ” ကို ဝယ်ဖို့ စိတ်ဝင်စားနေပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
3851 Views

သန်လျင် “ အောင်ချမ်းသာမြေ ” ကို ဝယ်ဖို့ စိတ်ဝင်စားနေပါသလား

Knowledge | Posted by Aye Myat Thu

ထမင်းဟင်းကောင်းကောင်း စားရတဲ့အခါ မိတ်ဆွေဟောင်းတွေကို သတိရတတ်တာ ဓမ္မတာပါ ။ထို့အတူပါပဲ ယုံကြည်စွာနဲ့ အပ်နှံခဲ့တဲ့ လုပ်ငန်းတစ်ခုကို အခက်အခဲမရှိ အောင်မြင်ပြီးဆုံးအောင်ဆောင်ရွက်ပေးခဲ့ဖူးရင်လည်း အဲဒီမိတ်ဆွေဟာ မိမိအတွက် မိတ်ဆွေကောင်းပါပဲ ။ကိစ္စရှိရင် သတိရတာပဲ ။

ထို့အတူပါပဲ စာရေးသူတို့ အိမ်ခြံမြေအရောင်းအ၀ယ်လောကမှာလည်း မိတ်ဆွေစစ် ၊ မိတ်ဆွေကောင်း တွေ့ဖိုဆိုတာရတနာအတုတွေထဲက ရတနာအစစ်ကို ရွေးချယ်ရတာ ခက်သလိုပါပဲ ။စိန်ကဲ ၊ ရွှေကဲ ဤနှစ်ကဲထက် လူကဲခတ်ရတာ ပို၍ခက်ပါတယ် ။ ရွှေအကြောင်း ဖယောင်းမှသိ ဆိုသလို လူအကြောင်းကလည်း ပေါင်းကြည့်မှ စိတ်သဘောထားပြည့်မပြည့်နဲ့ တည်ကြည်ဖြောင့်မတ်မှန်ကန်သူ ဟုတ်မဟုတ် သိနိုင်တာပါ ။

အဲဒါကြောင့်မို့လို့ အိမ်ခြံမြေအိမ်ဝယ်ကြတဲ့ သူတိုင်းအဖို့ တိုက်အိမ်ဝယ်တော့မယ် ။ခြံမြေကွက်ဝယ်တော့မယ်ဆိုရင် အိမ်ခြံမြေအကျိုးဆောင်ကောင်းကို ရှာရသလို အိမ်ခြံမြေစာချုပ်စာတမ်း ကျွမ်းကျင်သူကို ရှာဖွေတတ်ကြပါတယ် ။ အိမ်ခြံမြေကွက်ဝယ်မယ်ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ် ။လောကမှာက ရတနာအတုနဲ့ အစစ်ယှဉ်ကြည့်ရင် ရတနာအတုက ပိုများပါတယ် ။ အသေအချာစိစစ်နိုင်ကာမှ တန်ကာကျပါတယ် ။တစ်ခါတစ်ရံ ရတနာအတုတွေက ရတနာအစစ်ထက်တောင် တောက်ပြောင်နေတတ်တာမျိုးလည်း ရှိတတ်ပါတယ် ။

ဒီလိုအတုအစစ်တွေကို ခွဲခြားစိစစ်တတ်သွားရင် အတွေ့အကြုံရှိသွားရင်တော့ ထွင်းဖောက်မြင်တတ်တဲ့ ကျောက်ပညာရှင် တစ်ယောက်လိုပဲ အခက်အခဲသိပ်မရှိတော့ပါဘူး ။အခုလည်း ဗိုလ်ချုပ်ဈေးက “ မေမြင့်မိုရ် ” က သန်လျင်အောင်ချမ်းသာရပ်ကွက်မှာ ခြံနဲ့တိုက် ဝယ်ချင်လို့ စာရွက်စာတမ်းလိုက်စစ်ပေးဖို့ ကျွန်ုပ်ထံ ဖုန်းဆက်အကြောင်းကြားလာပြန်ပါတယ် ။လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သန်လျင် ဗိုလ်ချုပ်ရွာဘက်မှ ခြံကွက်တစ်ကွက် ဝယ်စဉ်က လိုက်ပါဆောင်ရွက်ပေးခဲ့ဖူးလို့ “ မေမြင့်မိုရ် ” ကို မှတ်မိနေပါတယ် ။အဲဒီတုန်းက ခြံကွက်ဆိုတော့ ရင်းနှီးမြှုပ်နှံထားတဲ့အနေနဲ့ ဝယ်ထားတာပါ ။

အခုဝယ်မယ့် ခြံကွက်ကျတော့နေဖို့ပါ ။ အောင်ချမ်းသာ VIP ရပ်ကွက်ဟာ ကိုယ်ပိုင်ခြံ ၊ ကိုယ်ပိုင်တိုက်မှာ ကိုယ်ပိုင်ကားရှိမှ သွားရေးလာရေး အဆင်ပြေတဲ့နေရာပါ ။အတွင်းလမ်းမကြီးရဲ့ ကျောကပ်မှာရှိတယ် ။ဟိုတယ်နဲ့နီးတယ် ။လူတိုင်းသိတဲ့ အောင်ချမ်းသာရပ်ကွက်က တောင်ကြောပြေပြေလေးမှာ အကွက်ချထားတာဆိုတော့ ရေအိုင်နေတယ်ဆိုတာမျိုး မရှိနိုင်ဘူး ။သန်လျင်မြေက ရန်ကုန်မြို့သစ်တွေလို လယ်ကွင်းကို မြို့ကွက်ဖော်ထားတာမဟုတ်တဲ့အတွက် ။မြေသြဇာကလည်းကောင်းတယ် ။ အိမ်ခြံမြေအတွင်းက စိုက်ပျိုးပင်တွေလည်း အမြဲတမ်း စိမ်းလန်းနေကြတာကို တွေ့ရတယ် ။ အေးအေးချမ်းချမ်းနေချင်သူတွေအတွက်တော့ ဒုတိယရွှေတောင်ကြားရပ်ကွက်လို့တောင် တင်စားပြောနိုင်ပါတယ် ။

မေမြင့်မိုရ်က ကြိုက်နေပြီဆိုတော့လည် မြေအကြောင်း တစ်စေ့တစောင်းအိမ်ခြံမြေအကျိုးဆောင်ထံမှာ မေးကြည့်ရပြန်တာပေါ့ ။ အောင်ချမ်းသာရပ်ကွက် ၃ကွက် ရှိတယ်လို့သိရတယ် ။၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်ကတော့ လယ်ကွင်းတွေကို ရပ်ကွက်ဖော်တာလို့ပြောတယ် ။ ၃ ရပ်ကွက်ကတော့ မူလအစက ရွာကြီးတစ်ရွာရှိခဲ့တယ် ။အဲဒီရွာကြီးကို မြေကွက်ဖော်ထားတာလို့ သိရတယ် ။ ၃ ရပ်ကွက်ကတော့ လူကြိုက်အများဆုံးပေါ့ ။အကွက်အကွင်း အကျဆုံးဖြစ်သလို သန်လျင် ကျောက်တန်းလမ်းမကြီးနဲ့လည်း နီးတယ် ။လမ်းတွေအားလုံးလိုလို ကွန်ကရစ်ခင်းထားတယ် ။ ဥယျာဉ်တစ်ခုအတွင်းကိုဝင်သွားရသလို ခံစားရပါသည် ။

မြေကွက်တွေကို ၁၉၉၃ ခုနှစ်ကချထားပေးတယ်လို့ သိရပါတယ် ။မြေကွက်အကျယ်တွေကတော့ မတူညီကြဘူး ။အနည်းဆုံး စတုရန်းပေ ၂၄၀၀ နီးပါး စီ (၀.၀၅၃) ဧကခန့် ချထားပေးတယ်လို့ သိရပါတယ် ။ ရရှိတဲ့ အကျယ်အဝန်းတွေကလည်း မတူညီကြဘူးလို့ သိရပါတယ် ။ လမ်းတွင်းဝင်သွားတာနဲ့ အထပ်မြင့်တိုက်တွေ သိပ်မရှိလှပါဘူး ။တစ်ထပ်တိုက်လေးတွေ ဆောက်ပြီး ခြံနဲ့ဝင်းနဲ့ အေးအေးချမ်းချမ်းနေကြသူတွေ ဖြစ်ပါတယ် ။

လက်ရှိအဲဒီရပ်ကွက်တွေဟာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကပဲ စီမံခန့်ခွဲပေးနေတယ် ။သန်လျင်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မြေနဲ့ အိမ်အရောင်းအဝယ်စာချုပ်ချုပ်ရတယ် ။ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင် (ပုံစံ ၁၀၅ ၊ ပုံစံ ၁၀၆ ) ကူးယူရတယ် ။ ဝယ်သူအမည်ပြောင်းပြီး မြေငှါးဂရန် လျှောက်ယူလို့ရတယ် ။လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ယခင် (မြေစာရင်းဦးစီးဌာန) မှာပဲ မြေငှါးဂရန် လျှောက်ရတယ် ။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ဆက်လက်တင်ပြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးပြီး မြေငှါးဂရန် ထုတ်ပေးတယ်လို့ သိရပါတယ် ။ဒါကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်း ကျရောက်တဲ့ မြို့နယ်တွေ မဟုတ်လို့ပါပဲ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းပါတဲ့ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ ၊ တွံတေး ၊ ကွမ်းခြံကုန်း မြို့နယ်အတွင်းက မြေတွေဝယ်ရင်လည်း အဲဒီလိုပဲ “ လယ်-စီ-အင်း ” ဌာနမှာ သွားရောက်ဆောက်ရွတ်ရတယ်လို့ သိရပါတယ် ။

သုခီ အတ္တာနံ ပရိဟန္တု

 

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service