မိုးပျံအမြန်လမ်း မြို့တွင်းပိုင်း အပိုင်း (က)ဆောက်လုပ်ခွင့်ကုမ္ပဏီကို မေလတွင် ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
1149 Views

မိုးပျံအမြန်လမ်း မြို့တွင်းပိုင်း အပိုင်း (က)ဆောက်လုပ်ခွင့်ကုမ္ပဏီကို မေလတွင် ထုတ်ပြန်မည်

ရန်ကုန်မိုးပျံအမြန်လမ်း မြို့တွင်းပိုင်း အပိုင်း (က) တည် ဆောက်ခွင့်ရကုမ္ပဏီကို မေလ တွင် ထုတ်ပြန်မည်ဖြစ်ပြီး အပိုင်း (ခ)ကို ၂၀၁၉ နှစ်လယ်တွင် တင်ဒါခေါ်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

မြို့တွင်းပိုင်း အပိုင်း (က)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၈ ဇွန်လတွင် တင်ဒါခေါ်ယူ ပြီး လက်ရှိ၌ နောက်ဆုံးကုမ္ပဏီ တစ်ခုကို ရွေးချယ်ရန်အဆင့်သာ ကျန်ရှိ၍ အပိုင်း (ခ)ကို ဆက် လက်လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

‘‘အနောက်ဘက်အပိုင်းက ပိုမြန်မှာပါ။ အရှေ့ခြမ်းက ပထမ ဦးဆုံး ပရောဂျက်ဆိုတော့ နည်း နည်းကြာသွားတယ်။ အရှေ့ခြမ်းအပိုင်းကို ဖရိန်ပေါင်ယူပြီး လုပ် မှာဆိုတော့ အနောက်ခြမ်းက ပိုမြန်မှာ’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံ ကိန်းတစ်ခုလုံးတွင် ရန်ကုန်မြို့ တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ် လမ်းဟူ၍ နှစ်ပိုင်းရှိပြီး မြို့တွင်းပတ်လမ်းသည် စုစုပေါင်း ၅၄ ကီလိုမီတာနှင့် မြို့ပြင်ပတ်လမ်း မှာ ၁၂၄ ကီလိုမီတာဖြစ်သည်။ မြို့တွင်းပတ်လမ်းအတွင်းလမ်း ကို အပိုင်း (က)နှင့် အပိုင်း (ခ) ဟူ၍ နှစ်ပိုင်း ထပ်မံခွဲထားပြီး ကမ်းနားလမ်းမှ မင်္ဂလာဒုံ စက်မှုဇုန် အထိ ပတ်လမ်းဖြစ်သည်။

အပိုင်း (က)တွင် ရန်ကုန်မြို့ တွင်း ကမ်းနားလမ်းမှ မင်္ဂလာဒုံ စက်မှုဇုန်အထိအပြင် ရန်ကုန်၊ မန္တလေး ချိတ်ဆက်မည့် ၁၅ ကီလိုမီတာ လမ်းပိုင်းပါ ပါဝင်သည်။ အပိုင်း (ခ)သည် ရန်ကုန်မြို့တွင်း မှ ရန်ကုန်အနောက်ဘက်ခြမ်းကို ပတ်၍ အပိုင်း (က)ကို မင်္ဂလာဒုံ စက်မှုဇုန်၌ ချိတ်ဆက်ရန် ဖြစ် သည်။

မိုးပျံအမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ပူးပေါင်းပြီး Public Pri-vate Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန်ဖြစ်သည်။ ထိုသို့ အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက IFC ကို အကြံပေးအဖွဲ့ငှားထားပြီး IFC က တင်ဒါရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့်အပိုင်း ဆောင်ရွက်မည်ဟု ဦးကြည်ဇော်မြင့်က ပြောကြားသည်။

IFC သည် လက်ရှိစီမံကိန်း တစ်ခုလုံးအတွက် စီးပွားရေးအရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာပြီး ဆောက်လုပ်ခွင့်ရ ကုမ္ပဏီများသည် ထိုလေ့လာမှုအတိုင်း အကောင်အထည်ဖော်ရမည်ဟု ၎င်း က ဆိုသည်။

အဆိုပါ စီမံကိန်းအပိုင်း(က) ဆောက်လုပ်ရန် ကုမ္ပဏီ ၅၃ ခုက စိတ်ဝင်စားမှု ဖော်ပြလွှာတင်ပြ ပြီး နောက်ပိုင်းတွင် ကုမ္ပဏီများ က စုပေါင်းကာ ကုမ္ပဏီအုပ်စုများ အဖြစ် ပြောင်း၍ တင်ဒါတင်သွင်း ကြသည်။ လက်ရှိတွင် တင်ဒါတင် ပြထားသည့် ကုမ္ပဏီ ၁၀ ခုရှိ သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
area-one-business-complex
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service