မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
736 Views

မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု

နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ပြန်လည်ဖော် ထုတ်ကာ မြို့ရွာစီမံချက်အဖြစ် စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရေး အဆိုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန က ထောက်ခံကာ ပြည်သူ့လွှတ်တော်က ယမန်နေ့အစည်းအဝေး တွင် အတည်ပြုခဲ့သည်။

တိုင်းပြည်၏ လူဦးရေတိုး ပွားလာသည်နှင့်အမျှ နေထိုင်စရာ အခက်အခဲဖြစ်လာပြီး ကျူး ကျော်နေထိုင်မှုများ တစ်နေ့တခြား များပြားလာသည့် ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သဖြင့် ယင်းကဲ့သို့ နေရာချပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုတင်သွင်းခဲ့သည်။

စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့ ပြကျေးရွာများအဖြစ် ဖော်ဆောင် ပေးခြင်းဖြင့် ယင်းမြေများကိုအသုံးပြုကာ ကိုယ်ကျိုးရှာနေသည့် စီးပွားရေးသမားများ၏ အန္တရာယ် မှ ကာကွယ်နိုင်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

အချို့ စီးပွားရေးလုပ်ငန်းရှင်များသည် မြေလွတ်၊ မြေလပ် များပေါ်တွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည်ဆိုကာ လက်တွေ့ ၌ မည်သည့်လုပ်ငန်းမျှမလုပ်ဘဲ ဦးထားကာ စီးပွားရေးအရ အမြတ်ထုတ်နေသည်များရှိကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ထောက်ပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း နှစ်သန်းကျော်ရှိပြီး ယင်းအနက် အချို့ကို စီမံကိန်းများဆောင်ရွက်ရန် ချပေးထားသည်။ စီမံကိန်းဆောင်ရွက်ရန် ချပေးထားသည့်အထဲမှ သတ်မှတ်ကာလ လေးနှစ်အတွင်း ဆောင်ရွက်ခြင်းမရှိသည့် မြေယာများကို ပြန်လည်သိမ်းယူခဲ့ရာ လက်ရှိတွင် မြေဧက ကိုးသောင်းကျော် သိမ်းယူပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအ၀င် လွှတ်တော်ကိုယ်စား လှယ် ၁၈ ဦးက ထောက်ခံဆွေး နွေးခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service