မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
748 Views

မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု

နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ပြန်လည်ဖော် ထုတ်ကာ မြို့ရွာစီမံချက်အဖြစ် စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရေး အဆိုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန က ထောက်ခံကာ ပြည်သူ့လွှတ်တော်က ယမန်နေ့အစည်းအဝေး တွင် အတည်ပြုခဲ့သည်။

တိုင်းပြည်၏ လူဦးရေတိုး ပွားလာသည်နှင့်အမျှ နေထိုင်စရာ အခက်အခဲဖြစ်လာပြီး ကျူး ကျော်နေထိုင်မှုများ တစ်နေ့တခြား များပြားလာသည့် ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သဖြင့် ယင်းကဲ့သို့ နေရာချပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုတင်သွင်းခဲ့သည်။

စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့ ပြကျေးရွာများအဖြစ် ဖော်ဆောင် ပေးခြင်းဖြင့် ယင်းမြေများကိုအသုံးပြုကာ ကိုယ်ကျိုးရှာနေသည့် စီးပွားရေးသမားများ၏ အန္တရာယ် မှ ကာကွယ်နိုင်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

အချို့ စီးပွားရေးလုပ်ငန်းရှင်များသည် မြေလွတ်၊ မြေလပ် များပေါ်တွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည်ဆိုကာ လက်တွေ့ ၌ မည်သည့်လုပ်ငန်းမျှမလုပ်ဘဲ ဦးထားကာ စီးပွားရေးအရ အမြတ်ထုတ်နေသည်များရှိကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ထောက်ပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း နှစ်သန်းကျော်ရှိပြီး ယင်းအနက် အချို့ကို စီမံကိန်းများဆောင်ရွက်ရန် ချပေးထားသည်။ စီမံကိန်းဆောင်ရွက်ရန် ချပေးထားသည့်အထဲမှ သတ်မှတ်ကာလ လေးနှစ်အတွင်း ဆောင်ရွက်ခြင်းမရှိသည့် မြေယာများကို ပြန်လည်သိမ်းယူခဲ့ရာ လက်ရှိတွင် မြေဧက ကိုးသောင်းကျော် သိမ်းယူပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအ၀င် လွှတ်တော်ကိုယ်စား လှယ် ၁၈ ဦးက ထောက်ခံဆွေး နွေးခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service