ကန်ဒေါ်လာတန်ဖိုး ရက်ပိုင်းအတွင်း တစ်ဒေါ်လာ ၁,၅၄၇ ကျပ်သို့ ပြန်ရောက် - Property News in Myanmar from iMyanmarHouse.com
1438 Views

ကန်ဒေါ်လာတန်ဖိုး ရက်ပိုင်းအတွင်း တစ်ဒေါ်လာ ၁,၅၄၇ ကျပ်သို့ ပြန်ရောက်

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာ တန်ဖိုးသည် လေးရက်အတွင်း ၂ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်ပြီး ဇန်နဝါရီ ၁၈ ရက်၌ တစ်ဒေါ်လာ ၁,၅၄၇ ကျပ်သို့ ရောက်ရှိလာသည်။

ဇန်နဝါရီ ဒုတိယပတ်တွင် ကန်တစ်ဒေါ်လာလျှင် ၁,၅၀၇ ကျပ်အထိ ကျဆင်းခဲ့သည်။ ပြည် တွင်းငွေကြေးဈေးကွက်တွင် ယခုနှစ်၌ တစ်ဒေါ်လာ ၁,၅၄၇ ကျပ်ဖြင့်စတင်ပြီးနောက် ဆက်တိုက်ကျ ဆင်းလာခြင်းကြောင့် တစ်ဒေါ်လာ ၁,၅၀၀ ကျပ်အောက် ဈေးကျဆင်းမည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ခန့်မှန်းခဲ့သည်။

ဗဟိုဘဏ်က ဇန်နဝါရီ လလယ်ပိုင်းအထိ ပြည်တွင်း ငွေကြေးဈေးကွက်မှ ကန်ဒေါ်လာ ၃၇ သန်းကို ရည်ညွှန်းငွေလဲနှုန်း ဖြင့် ဝယ်ယူခဲ့သည်။ ရည်ညွှန်းငွေလဲနှုန်းက ပြင်ပပေါက်ဈေးထက် အနည်းငယ်များသည်ကိုလည်း ဗဟိုဘဏ် နေ့စဉ်ထုတ်ပြန်ချက်တွင် တွေ့ရသည်။

သို့သော် ဇန်နဝါရီ ၁၅ ရက် ညနေကစတင်ပြီး ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ကန်ဒေါ်လာ တန်ဖိုး ပြန်လည်မြင့်တက်လာပြီး တစ်ရက်လျှင် ၁၀ ကျပ်ခန့် မြင့် တက်လာသည်။

ကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုက တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၂ ရာခိုင်နှုန်းကျော် (၄၀ ကျပ်ခန့်) ပြန်လည်မြင့်တက်လာသည်ဟု ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးပြန်လည်မြင့်တက်လာခြင်းနှင့် ပတ်သက်၍ ‘‘လိုအပ်ချက်များရင် ပြန်တက်ပြီး နည်းရင်တော့ ကျမှာ ပေါ့လေ’’ ဟု မြန်မာနိုင်ငံ မော် တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

ပြည်တွင်း ဈေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်လာသည့် ဇန်နဝါရီ ၁၅ ရက်ကစတင် ပြီး ဗဟိုဘဏ်က လေလံဈေးကွက်ဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များထံမှ တစ်ရက်လျှင် ဒေါ်လာ ၁၀၀ ခန့် ပြန်လည်ရောင်းချခဲ့သည်။ ‘‘ ၁၀၀ ရောင်းတော့လည်း ၁၀၀ ရတာပေါ့’’ဟု ဒေါက်တာစိုးထွန်း က ပြောသည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးကျဆင်း ချိန်က ဗဟိုဘဏ်မှ လေလံဈေး ကွက်ဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များထံမှ တစ်ရက်လျှင် ဒေါ်လာပမာဏ သန်းချီဝယ်ယူပေးခဲ့ သည်။

ဗဟိုဘဏ်က ပြည်တွင်းငွေကြေး ဈေးကွက်တည်ငြိမ်ရေးဆိုသည့် အကြောင်းပြချက်ဖြင့် ဒေါ်လာများ ဝယ်ယူခြင်းဖြစ်သည်။

ဒေါ်လာတန်ဖိုး မြင့်တက်လာချိန်တွင် ဗဟိုဘဏ်က ဒေါ်လာရောင်းချပေးမှုပမာဏ နည်းပါးနေခြင်းနှင့် ပတ်သက်၍ ငွေကြေးဈေးကွက် ကျွမ်းကျင်သူ အချို့က ဝေဖန်မှုများ ရှိနေသည်။

ဗဟိုဘဏ်က ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုးကို ကျပ် ၁,၅၅၀ ၌ ထိန်းထားလိုသည်ဟု ငွေကြေးဈေးကွက် ကျွမ်းကျင်သူ အချို့ကသုံးသပ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service