မုံရွာမြို့နန္ဒဝန် တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၄၄ဝ ဆောက်လုပ်ထားရာ တစ်နှစ်ကျော်အတွင်း ၂၇ ခန်းသာ ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
3304 Views

မုံရွာမြို့နန္ဒဝန် တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၄၄ဝ ဆောက်လုပ်ထားရာ တစ်နှစ်ကျော်အတွင်း ၂၇ ခန်းသာ ရောင်းထွက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်၊ စီးပွားရေးတက္ကသိုလ်အနီး၌ တည်ဆောက်ထားသော တန်ဖိုးမျှတအိမ်ရာများတွင် အခန်း ပေါင်း ၄၄ဝ ရှိရာ တိုက်ခန်း၂၇ ခန်းသာ လတ်တလော အရောင်းထွက် သေးကြောင်း တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

နန္ဒဝန်တန်ဖိုးမျှတအိမ်ရာများကို ဝန်ထမ်း (အငြိမ်းစား)များနှင့် ဝင်ငွေနည်း ပြည်သူများအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံမှာ ငါးထပ်အမြင့်ဖြစ်ကာ မြေညီထပ်အခန်းတန်ဖိုးမှာ ငွေကျပ် ၁၈၇ သိန်းဖြစ်သည်။ ပထမထပ်မှာငွေ ကျပ် ၁၇၇ သိန်း၊ ဒုတိယထပ်မှာ ငွေကျပ် ၁၆၇ သိန်း၊ တတိယထပ် မှာ ငွေကျပ် ၁၅၇ သိန်းနှင့် အပေါ် ဆုးံထပ်မှာ ငွေကျပ် ၁၄၇ သိန်း ဖြစ်သည်။

''မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်တယ်။ အခန်းတိုင်းက ရေ၊ မီးအပြည့်အစုံပါတယ်၊ အသင့်နေရုံ ပါပဲ''ဟု စစ်ကိုင်းတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နန္ဒဝန်တန်ဖိုးမျှတ အိမ်ရာများကို တိုင်းဒေသကြီး အစိုးရပိုင်မြေ ပေါ်တွင် အိမ်ရာတစ်လုံးလျှင် အခန်း ၄ဝ ပါသော ရှစ်ခန်းတွဲငါးထပ် အဆောက်အအုံ ၁၁ လုံးတည် ဆောက်ခဲ့ခြင်းဖြစ်သည်။ အိမ်ရာများ ကို၂ဝ၁၅-၂ဝ၁၆ ခုနှစ်ဘဏ္ဍာရေး နှစ်ကစတင်၍ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျပ်သိန်းပေါင်း ၇ဝဝဝဝ ကျော် အကုန်ကျခံ တည်ဆောက် ခဲ့ကြောင်း သိရသည်။

အိမ်ခန်းများဝယ်ယူရာတွင် ၁ဝ နှစ်အရစ်ကျနှင့် ၁၅ နှစ်အရစ်ကျ မိမိတို့စိတ်ကြိုက် ဝယ်ယူနိုင်ပြီး တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို လက်ငင်းငွေချေ၍ ယာယီနေထိုင် ခွင့်ပြုကာ ကျန် ၇ဝ ရာခိုင်နှုန်းကို အိမ်ရာစုဆောင်းငွေဘဏ်စာရင်းဖွင့်ကာ ဝယ်ယူနိုင်ကြောင်းသိရသည်။

 

Credit:  Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service