ကိုယ့်အိမ်လေး သပ်ရပ်သန့်ရှင်းနေစေဖို့အတွက် မွေးမြူထားသင့်တဲ့အလေ့အကျင့်လေးများ - Property Knowledge in Myanmar from iMyanmarHouse.com
1037 Views

ကိုယ့်အိမ်လေး သပ်ရပ်သန့်ရှင်းနေစေဖို့အတွက် မွေးမြူထားသင့်တဲ့အလေ့အကျင့်လေးများ

Knowledge | Posted by Shwe Zin Win

ဘယ်သူမှ ပွထနေတဲ့အိမ်ကို သဘောမကျပါဘူး ။ကိုယ်ကိုယ်တိုင်က ဖွတတ်တဲ့သူဖြစ်ပေမယ့် ကိုယ့်အမြင်မှာတော့ အိမ်လေးရှင်းလင်းနေတာကိုပဲ သဘောကျကြမှာပါ ။ဒါပေမယ့် အခုပြောပြမယ့်အလေ့အကျင့်လေးတွေကို လိုက်လံလုပ်ဆောင်ပေးမယ်ဆိုရင် သင့်အိမ်လေးက အမြဲတမ်းသပ်ရပ်သန့်ရှင်းနေပါလိမ့်မယ်။

၁။ သန့်ရှင်းရေးပစ္စည်းအပြည့်အစုံထားရှိပါ ။

ဒါပေမယ့် ပစ္စည်းတွေအားလုံးကို ဘီရိုတစ်လုံးထဲ ပြုံပြီးထည့်မထားပါနဲ့ ။မီးဖိုချောင်နဲ့ပတ်သတ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ဘေစင်အောက် ၊ ရေချိုးခန်းနဲ့ပတ်သတ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ရေချိုးခန်းထောင့်တစ်နေရာ..အစရှိသဖြင့် သူ့နေရာနဲ့အသီးသီးထားရှိပါတယ်။ဒါဆိုရင် ညစ်ပေနေတဲ့အရာမျိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် မျက်စိအောက်မှာရှိနေတဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ သန့်ရှင်းလိုက်ရုံပဲပေါ့ ။

၂။ အာရုံစိုက်ပါ ။

ဥပမာ- ဖိနပ်ချွတ်မယ်ဆိုရင် ဒီအတိုင်းချွတ်မပစ်ခဲ့နဲနဲ့ ဖိနပ်စင်ပေါ်မှာ သေချာလေးတင်ထားခဲ့ပါ ။အချိန်အများကြီးပေးရတာမဟုတ်ပဲ အနည်းငယ်လောက် အသေးအမွှားကိစ္စတိုင်းကို သတိထားလိုက်ရုံနဲ့ သပ်ရပ်သန့်ရှင်းနေတဲ့ အိမ်လေးဖြစ်သွားပါလိမ့်မယ်။

၃။ အိမ်ထဲမှာ သွားလာတဲ့အခါ လက်ဗလာနဲ့ သွားမနေပါနဲ့ ။

အိပ်ခန်းထဲကနေ စာအုပ်စင်ဆီသွားမယ်ဆိုရင် အိပ်ခန်းထဲမှာရှိတဲ့စာအုပ်တွေကို ယူသွားပြီး စာအုပ်စင်ပေါ်ပြန်တင်ထားခဲ့ပါ။ စားသောက်ပြီးတော့လက်ဆေးမယ်ဆိုရင်လည်း စားထားတဲ့ပန်းကန်တွေကို ဘေစင်ဆီယူသွားပါ ။

၎။ ကိုယ့်ကိုပို့တဲ့စာတွေကို သေချာစီထားပါ ။

ပြေစာတွေ ၊ Invoices စာရွက်တွေ အစရှိတဲ့အရေးကြီးစာရွက်တွေကိုတော့ တစ်နေရာမှာသတ်သတ်မှတ်မှတ်သိမ်းထားပါ ။အရေးမကြီးတဲ့ ကြေငြာစာရွက်တွေကတော့ အမှိုက်ပုံးထဲကို သွားပါစေ ။

၅။ ချက်ပြုတ်တဲ့အခါမျိုးမှာလည်း အလုပ်နှစ်ခုပြိုင်တူလုပ်ပါ ။

အသီးအရွက်လှီးပြီးတဲ့အခါ ဓါးကို ရေဆေးပြီး စင်ပေါ်ပြန်တင်ထားပါ ။ချက်ပြုတ်ထားတဲ့ အိုးခွက်ပန်းကန်တွေကိုလည်း ဘေစင်ထဲမှာ ရေစိမ်ထားခဲ့ပါ ။ဒီလိုအလေ့အကျင့်လေးရှိမယ်ဆိုရင်စားပြီးသောက်ပြီးမှ စုပြုံပြီးဆေးနေစရာမလိုပဲ အေးအေးလူလူ တီဗီထိုင်ကြည့်နေလို့ရပါတယ် ။

၆။ ရေခဲသေတ္တာထဲက အစားအသောက်တွေကို သတိထားပါ ။

အစားအသောက်တွေ ဒိတ်အောက်နေရင် လွှင့်ပစ်ရတတ်ပါတယ် ။လိုအပ်တဲ့ပစ္စည်းတွေကို ရုံးကအပြန်ဝယ်လာရင် အချိန်ကုန်သက်သာတာပေါ့ ။ဒိတ်ကုန်ခါနီးအစားအသောက်တွေကိုလည်း ဒိတ်မကုန်ခင်စားသုံးမယ်ဆိုရင် အစားအစာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။

၇။ သဘက်တွေကိုလှမ်းထားပါ ။

သဘက်တွေဆိုတာ စိုစွတ်နေတတ်တဲ့အရာတွေဖြစ်တဲ့အတွက် ဘတ်တီးရီးယားတွေ တွယ်ကပ်နေလေ့ရှိပါတယ် ။ဒီတော့ မျက်နှာသုတ်ပြီး သို့မဟုတ် သဘက်ကိုအသုံးပြုပြီးတဲ့အခါ ရေခြောက်အောင် ပြန်လှမ်းထားပေးပါ ။

 

Credit:  Min Thu (Daily Hot News )

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service