ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် အချို့နေရာများအား ဖျက်သိမ်းဖြင်း၊ ရွှေ့ပြောင်းခြင်းများအား ပြုလုပ်နိုင်ရန် ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
988 Views

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် အချို့နေရာများအား ဖျက်သိမ်းဖြင်း၊ ရွှေ့ပြောင်းခြင်းများအား ပြုလုပ်နိုင်ရန် ညှိနှိုင်းနေ

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု၊ ကုန်သိုလှောင်ရုံတစ်ခုနှင့် အများသုံးအိမ်သာတအချို့ကို ရွှေ့ပြောင်းနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် အဆိုပါနေရာများအား ဖျက်သိမ်းဖြင်း၊ ရွှေ့ပြောင်းခြင်းများအား ပြုလုပ်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Contreact Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်-ဒလမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ GS Engineering & Construcion ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားပြီး ယင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ ပန္နက်တင်အခမ်းအနားအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများစတင်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာ နှင့် အကျယ် ၃၇၀ မီတာ ထားရှိရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီး ပင်မတံတားပုံစံအား ကိုရီးယားအကြံပေး ကုမ္ပဏီမှ ရေးဆွဲနေခြင်းဖြစ်သည်။

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

 

 

Credit: Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service