ဧရာဝတီတိုင်းတွင် မြေစစ်အမှု ၇၇ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း တိုင်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
680 Views

ဧရာဝတီတိုင်းတွင် မြေစစ်အမှု ၇၇ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း တိုင်းဝန်ကြီးပြော

မြေယာသိမ်းဆည်းမှုများကို စီစစ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်တွင် ဒီဇင်ဘာလအထိ မြေစစ်အမှုပေါင်း ၇၇ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

“ ဒီဇင်ဘာလကုန်အထိ ဧရာဝတီတိုင်းထဲမှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရတာတွေ ပြန်လည် စိစစ်လုပ်ငန်းအနေနဲ့ တင်ပြလာတဲ့အမှုပေါင်း ၁၂၃၉ မှု မှာ ဆောင်ရွက်ပြီးစီးသွားတာ ၉၅၇ မှု ရှိတယ်၊ ကျန်တာ ၂၈၇ မှု ကျန်တာပေါ့၊ ဆောင်ရွက်ပြီးသွားတာ ၇၇ ရာခိုင်နှုန်းပေါ့။ ကျန်တာက ၂၃ ရာခိုင်နှုန်းပေါ့” ဟု ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

ကျန်သည့် ၂၃ ရာခိုင်နှုန်းကို အမြန်ဆုံးပြီးအောင် တွန်းအားပေးဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။မြေစစ်အမှုများ ကြန့်ကြာနေခြင်းနှင့် ပတ်သက်ပြီး “အောက်က အခြေအနေမှာ တင်ပြလာတဲ့အချက်အလက်မပြည့်စုံလို့ ပြန်ပြီး စိစစ်ခိုင်းနေရတာတွေ တက်လာတဲ့အမှုတိုင်းက ပြည့်ပြည့်စုံစုံ မပါတာပေါ့။ ပြည့်ပြည့်စုံစုံရအောင် ပြန်စိစစ်ခိုင်းနေရတာ ရှိတယ်။ အချို့ မြေယာတွေမှာ မူလပိုင်ရှင် ဟုတ်၊မဟုတ် ပြန်စိစစ်ခိုင်းရ တာတွေ ရှိတယ်၊ မူလပိုင်ရှင်လက်ထဲကို သက်ဆိုင်ရာမြေပြန်အပ်ဖို့ မူလပိုင်ရှင် အစစ်အမှန်ဖြစ်ဖို့ စိစစ်ရတာ တွေ ရှိတာပေါ့ ” ဟု ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

မြေစစ်ကော်မတီ စိစစ်ပြီးသည့်အမှုများတွင် ကန်ကြီးထောင့်မြို့နယ်မှ အမှုတစ်မှုသာ ကန့်ကွက်ပြီး စာချွန်တော် တက်ထားခြင်းရှိကြောင်း သိရှိရသည်။

“ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံရတဲ့မြေတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပြန်လည်စွန့်လွှတ်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တဲ့အခါမှာလည်း မူလလက်ငုပ်နဲ့ လက်ရှိလက်ငုပ် အမျိုးမျိုးပြဿနာတွေ ရှိနေပါတယ်။ တောင်သူလယ်ဝယ် မြန်မြန်ဆန်ဆန်ရရှိဖို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ- ၃တွေ တကယ်ခိုင်မာသွားပြီး ပြဿနာလည်း မရှိတော့ဘူးဆိုရင် ပုံစံ-ရတွေ ထုတ်ပေးနေပါတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမြင့်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် ကြံခင်းမြို့နယ်ရှိ မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်မြေ ၅၀၃ ဧကအား တောင်သူ ၁၈၇ ဦးထံ ဇန်နဝါရီလအတွင်း ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service