Local Property News | Posted by Aye Myat Thu
မြန်မာနိုင်ငံရှိ ရွှေလုပ်ငန်းရှင်များအားလုံးပူးပေါင်းပါဝင်ပြီး ဖွဲ့စည်းထားတဲ့ ဗဟိုဈေးကွက်ကိုဖော်ဆောင်မယ့် ကော်မတီကြီးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။
အများပိုင်ကုမ္ဗဏီတစ်ခုတည်း လုပ်တော့ အခက်အခဲတွေ အများ ကြီးဖြစ်တယ်ဆိုပြီးသတင်းတွေထွက်ခဲ့ တာ ကြောင့် အခုလိုအားလုံးပူးပေါင်းပြီး ကော် မတီပုံစံပြောင်းသွားမယ့် သဘောပါ လို့ Myanmar Gold Development Public Co.,Ltd၊ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာရဲသူအောင်က ဇန်နဝါရီလ ၆ ရက် နေ့မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (၁၆) ကြိမ်မြောက်နှစ် ပတ်လည် အသင်းသားစုံညီအစည်းအဝေး မှာ ပြောပါတယ်။
ဒေါက်တာရဲသူအောင်က " ဒါနဲ့ပတ်သက်ပြီး လက်တွေ့မှာ အစည်းအဝေးနှစ်ခါ လုပ်ပြီးသွားပြီ၊ တစ်နှစ်အတွင်း ဒါကို အကောင်အထည်ဖော်မှာပါ၊ အဓိက ကျွန်တော်တို့မှာလိုအပ်နေတဲ့ နိုင်ငံတကာအဆင့်မှီအိုင်တီဆော့ဝဲကို နိုင်ငံတကာနဲ့ ကိုက်ညီမယ့်ပုံစံ၊ရေရှည်ကိုက်ညီမယ့်ပုံစံ ကိုအကောင်းဆုံးရွေးချယ်ဖို့ ဆောင်ရွက်နေ လို့ပါ ” လို့ ပြောပါတယ်။
နောင်လာမယ့်ကာလအတွင်းမှာ အစိုးရဌာနတွေကိုတင်ပြမှာဖြစ်ကာ ဆက်လက်လုပ်ဆောင်သွားဖို့ပဲကျန်တော့တယ် လို့လည်းသိရပါတယ်။
အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့၊ Panda Hotel မှာပြုလုပ်ခဲ့ပြီး ပြည်ထောင် စုလွှတ်တော်ဒုတိယနာယကနဲ့ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဌ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ စီးပွားရေး နဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ ပြည်ထောင်စုမြန်မာ နိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်ဥက္ကဌနဲ့ မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌတို့ တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအ သင်းဥက္ကဌဦးကျော်ဝင်းက “ရွှေဗဟိုဈေး ကွက်ဖော်ဆောင်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးပေါင်းစပ်လုပ်ကိုင်သွားရန် ရှိပါတယ်၊ ကျွန်တော်တို့ ဒီကော်မတီကနေပြီး တော့ တည်ဆဲဥပဒေနဲ့ကိုက်ညီမယ့် ကျွန်တော်တို့လုပ်ထုံးလုပ်နည်းတွေ ဒီဈေး ကွက်မှာ ဘယ်လိုတရားဝင်လုပ်ကြမလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေ ဝင်လို့ရမလဲ ဝင်ပြီး သား ပုဂ္ဂိုလ်တွေ ဘယ်လိုအရောင်းအဝယ်လုပ်တဲ့အခါစည်းကမ်းဖောက်ဖျက်ရင်ဘယ်လိုအရေးယူမလဲ စတဲ့ပေါ်လစီကို ကြိုးစားပြီးရေးဆွဲမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ရွှေလုပ်ငန်းတွေ ကျောက်မျက်ရတနာလုပ်ငန်းတွေပါ ပိုမို ဖွံ့ဖြိုးဖို့ လုပ်ကိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအား လုံးပါဝင်ထားတဲ့ကော်မတီကြီးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်နိုင်ဖို့ rule and regulation ၃ဝဝကျော် ၄ဝဝ ရေးဆွဲထားကာ အကောင်အထည်ဖော်နိုင် ဖို့ ၂ဝ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့တယ် လို့သိရပါတယ်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (၁၆) ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို အစိုးရ ဌာနတွေ၊အသင်းသားတွေပေါင်းပြီး အရင် နှစ်က လုပ်ခဲ့တာတွေ၊ ငွေစာရင်းရှင်းတမ်းတွေနဲ့ နောက်လာမယ့် အနာဂတ်မှာ ဘာတွေလုပ်ဆောင်သွားမလဲဆိုတာ တင်ပြ ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra