ေျမရွင္လက္မွတ္မပါလည္းတိုက္ခန္းအေရာင္းအဝယ္စာခ်ဴပ္ခ်ဳပ္လိုရပါတယ္ - Property Knowledge in Myanmar from iMyanmarHouse.com
23243 Views

ေျမရွင္လက္မွတ္မပါလည္းတိုက္ခန္းအေရာင္းအဝယ္စာခ်ဴပ္ခ်ဳပ္လိုရပါတယ္

Knowledge | Posted by Hnin Ei Khin

#Zawgyi#

 

မိတ္ေဆြတစ္ဦးက တိုက္ခန္းဝယ္ရာမွာ စာခ်ဳပ္ခ်ဳပ္ဖို႕အတြက္ ငွားရမ္းပါတယ္။ တိုက္ခန္း နဲ႕ ပတ္သက္တဲ႕ ပိုင္ဆိုင္မႈ႕အေထာက္အထား ေတြကို စစ္ေဆးျပီး ျဖစ္ေၾကာင္း ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုရန္သာ က်န္တဲ့အေၾကာင္းအုပ္ခ်ဳပ္ေရးမႈး နဲ႕ေထြရာေလးပါး စကားေျပာျဖစ္တယ္။ အဲဒီေနာက္ေတာ့ အုပ္ခ်ဳပ္ေရးမႈးက စာခ်ဳပ္ခ်ဳပ္ဆိုရာမွာ ေျမရွင္မပါဘူးလား လို႕ေမးပါတယ္။ ဝယ္သူက မပါေၾကာင္း ျဖင့္ေျဖပါတယ္။ အုပ္ခ်ဳပ္ေရးမႈးက ဘာဆက္ေျပာသလဲဆိုေတာ့ ...........

" ေျမရွင္လက္မွတ္မပါလ်င္ တိုက္ခန္းအေရာင္းအဝယ္က လံုးဝတရားမဝင္ဘူး။ ေျမရွင္လက္မွတ္ရေအာင္ယူပါ " ပါးစပ္အေဟာင္းသားျဖစ္သြားမိပါတယ္။ ဘယ္ဥပေဒအရ တရားမဝင္တာလဲ လို႕ေမးလိုက္ခ်င္ေပမယ့္ မသိတဲ့သူ ကိုေမးေနလည္း ဘာမွမရႏိုင္ဘူးဆိုတာ သိေနေတာ့ မေမးမိခဲ့လိုက္ပါဘူး။

ဒါနဲ႕ ေျမရွင္ကို လက္မွတ္ထိုးခိုင္းရင္ လက္မွတ္ထိုးခက ဘယ္ေလာက္ေပးရတာလဲ လို႕ေမးၾကည့္ေတာ့ ၂ % ေပးရတယ္ ။ ဒါက ပံုမွန္ေစ်းတဲ့ဗ်ာ။

ဝယ္သူကလည္း ေဘးကပါတဲ့ေရွ႕ေနဆိုတာၾကီးကို ေမ့ေနျပီ။ အုပ္ခ်ဳပ္ေရးမႈး စကားကိုပဲအထင္တၾကီးနဲ႕။ ဒီလိုနဲ႕ေရာင္းသူ ေရာက္လာေတာ့ စာခ်ဳပ္ခ်ဳပ္ဆိုၾကပါတယ္။ အားလံုးျပီးေတာ့ ဝယ္သူကို ေခၚျပီး ရွင္းျပလိုက္ပါတယ္။

တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္မွာ ေျမရွင္လက္မွတ္မပါလ်င္ တရားမဝင္ဘူးဆိုတာ လံုးဝမဟုတ္ပါ။ ေျမရွင္ကို ေပးရမယ္ဆိုလ်င္ ေျမငွားခသာေပးရပါမယ္။ ယေန႕ေခတ္မွာ ေျမငွားခ ယူတဲ့ေျမရွင္ဆိုတာကလည္း နည္းပါးပါတယ္။ ဆိုျပီး ေသခ်ာရွင္းျပလိုက္ေတာ့မွ ဝယ္သူက သေဘာေပါက္ သြားပါတယ္။ အသိတစ္ခုေၾကာင့္ ၂ % ဆိုတဲ႕ေငြပမာဏ သက္သာရပါပီ။

ေျမရွင္လက္မွတ္ ဘာေၾကာင့္မျဖစ္မေန မလိုတာလဲ။ ရွင္းရွင္းေလးပါ။

တိုက္ခန္းေတြဘယ္သူပိုင္တယ္ဆိုတာေျမရွင္သိတယ္ေလလိမ္ေရာင္းလိုမရေအာင္ေျမရွင္လက္မွတ္ထိုးပါမွစာခ်ဴပ္ပါလို႕ထုံစံလုပ္ထားလို႕ပါ ေျမရွင္လက္မွတ္ပါမွ အေရာင္းအဝယ္တရားဝင္ပါသည္ဟု မည္သည့္ဥပေဒကမ်ွျပဌာန္းထား ျခင္းမရွိပါ။

 

Credit : Org...( စာခ်ဳပ္ေရွ႔ေန)

 

#Unicode#

 

မိတ်ဆွေတစ်ဦးက တိုက်ခန်းဝယ်ရာမှာ စာချုပ်ချုပ်ဖို့အတွက် ငှားရမ်းပါတယ်။ တိုက်ခန်း နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု့အထောက်အထား တွေကို စစ်ဆေးပြီး ဖြစ်ကြောင်း နှင့် စာချုပ်ချုပ်ဆိုရန်သာ ကျန်တဲ့အကြောင်းအုပ်ချုပ်ရေးမှုး နဲ့ထွေရာလေးပါး စကားပြောဖြစ်တယ်။ အဲဒီနောက်တော့ အုပ်ချုပ်ရေးမှုးက စာချုပ်ချုပ်ဆိုရာမှာ မြေရှင်မပါဘူးလား လို့မေးပါတယ်။ ဝယ်သူက မပါကြောင်း ဖြင့်ဖြေပါတယ်။ အုပ်ချုပ်ရေးမှုးက ဘာဆက်ပြောသလဲဆိုတော့ ...........

" မြေရှင်လက်မှတ်မပါလျင် တိုက်ခန်းအရောင်းအဝယ်က လုံးဝတရားမဝင်ဘူး။ မြေရှင်လက်မှတ်ရအောင်ယူပါ " ပါးစပ်အဟောင်းသားဖြစ်သွားမိပါတယ်။ ဘယ်ဥပဒေအရ တရားမဝင်တာလဲ လို့မေးလိုက်ချင်ပေမယ့် မသိတဲ့သူ ကိုမေးနေလည်း ဘာမှမရနိုင်ဘူးဆိုတာ သိနေတော့ မမေးမိခဲ့လိုက်ပါဘူး။

ဒါနဲ့ မြေရှင်ကို လက်မှတ်ထိုးခိုင်းရင် လက်မှတ်ထိုးခက ဘယ်လောက်ပေးရတာလဲ လို့မေးကြည့်တော့ ၂ % ပေးရတယ် ။ ဒါက ပုံမှန်ဈေးတဲ့ဗျာ။

ဝယ်သူကလည်း ဘေးကပါတဲ့ရှေ့နေဆိုတာကြီးကို မေ့နေပြီ။ အုပ်ချုပ်ရေးမှုး စကားကိုပဲအထင်တကြီးနဲ့။ ဒီလိုနဲ့ရောင်းသူ ရောက်လာတော့ စာချုပ်ချုပ်ဆိုကြပါတယ်။ အားလုံးပြီးတော့ ဝယ်သူကို ခေါ်ပြီး ရှင်းပြလိုက်ပါတယ်။

တိုက်ခန်းအရောင်းအဝယ်စာချုပ်မှာ မြေရှင်လက်မှတ်မပါလျင် တရားမဝင်ဘူးဆိုတာ လုံးဝမဟုတ်ပါ။ မြေရှင်ကို ပေးရမယ်ဆိုလျင် မြေငှားခသာပေးရပါမယ်။ ယနေ့ခေတ်မှာ မြေငှားခ ယူတဲ့မြေရှင်ဆိုတာကလည်း နည်းပါးပါတယ်။ ဆိုပြီး သေချာရှင်းပြလိုက်တော့မှ ဝယ်သူက သဘောပေါက် သွားပါတယ်။ အသိတစ်ခုကြောင့် ၂ % ဆိုတဲ့ငွေပမာဏ သက်သာရပါပီ။

မြေရှင်လက်မှတ် ဘာကြောင့်မဖြစ်မနေ မလိုတာလဲ။ ရှင်းရှင်းလေးပါ။

တိုက်ခန်းတွေဘယ်သူပိုင်တယ်ဆိုတာမြေရှင်သိတယ်လေလိမ်ရောင်းလိုမရအောင်မြေရှင်လက်မှတ်ထိုးပါမှစာချူပ်ပါလို့ထုံစံလုပ်ထားလို့ပါ မြေရှင်လက်မှတ်ပါမှ အရောင်းအဝယ်တရားဝင်ပါသည်ဟု မည်သည့်ဥပဒေကမျှပြဌာန်းထား ခြင်းမရှိပါ။

 

Credit : Org...( စာချုပ်ရှေ့နေ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service