ရန်ကုန် - ဒလတံတားတည်ဆောက်ရန် ကိုရီးယား GS ကုမ္ပဏီ ခွင့်ပြုချက်ရရှိ - Property News in Myanmar from iMyanmarHouse.com
6643 Views

ရန်ကုန် - ဒလတံတားတည်ဆောက်ရန် ကိုရီးယား GS ကုမ္ပဏီ ခွင့်ပြုချက်ရရှိ

ကန်ဒေါ်လာသန်း ၁၅၀ တန် ရန်ကုန် - ဒလတံတားကို ကိုရီးယား GS အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီကတည် ဆောက်ခွင့်ရကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန် သည်။

တံတားတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုသည့်စာကို GS ကုမ္ပဏီက ယခုသီတင်းပတ်အတွင်း ရရှိခဲ့သည်ဟု Korea Herald သတင်းဌာနက ရေးသားထားသည်။

ရန်ကုန် - ဒလတံတားသည် နှစ်မိုင်ခွဲခန့် ရှည်လျားမည်ဖြစ်ပြီး ရန်ကုန်မြို့ဘုန်းကြီးလမ်းနှင့် ဒလ မြို့ဆက်သွယ်မည်ဖြစ်ကာ ၂၀၂၂ တွင် တံတားတည်ဆောက်မှု ပြီးဆုံးမည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ဆောင်မှုမှာ ပါဝင်ကူညီဖို့စွမ်းပကားအားလုံးကို အသုံးပြုသွားမည်’’ ဟု GS E&C ကုမ္ပဏီ အခြေခံအဆောက်အအုံလုပ်ငန်းဆိုင်ရာတာဝန်ခံ ဒုတိယဥက္ကဋ္ဌလီဆန်ကီကပြောသည်။

GS ကုမ္ပဏီသည် စွမ်းအင် နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အပါအ၀င်လုပ်ငန်းခွဲအမြောက် အမြားရှိသည့် ကိုရီးယားနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးကုမ္ပဏီ တစ်ခုဖြစ်သည်။

ရန်ကုန် - ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၄ ရက်တွင်စတင်မည် ဟု အစိုးရက ကြေညာထားသည်။

ယင်းစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၂ ကတည်း ကတည်ဆောက်ရန်စီစဉ်ခဲ့ပြီး ကိုရီးယားနိုင်ငံက ဒေါ်လာသန်း ၁၄၀ ခန့်ထုတ်ချေးရန် ၂၀၁၅ တွင်သဘောတူခဲ့သည်။

ပြီးခဲ့သည့် ကိုးလခန့်က မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ဦး ဆောင်၍ အခြားပုဂ္ဂလိကဆိပ် ကမ်းငါးခုသည်ဒလတံတားတည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် အစိုးရထံတင်ပြပြီး တံတားတည်ဆောက်ခြင်းမပြုဘဲ ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် တင်ပြခဲ့သည်။

ဥမင်လိုဏ်ခေါင်း တည်ဆောက်ခြင်းက တံတားတည်ဆောက်မည့်ကုန်ကျစရိတ်ထက် အဆပေါင်းများစွာပိုမိုကုန်ကျနိုင်သဖြင့် မဖြစ်နိုင်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည် အကြောင်းကြားခဲ့သည်။

ထို့ကြောင့် တံတားဒီဇိုင်းကို ပြန်လည်ပြင်ဆင်ခဲ့ရပြီး ထိုပြောင်းလဲမှုကြောင့် ကိုရီးယား နိုင်ငံမှ ဒေါ်လာသန်း ၂၀ ထပ်မံ ချေးယူရသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service