အိမ်ရာငွေကြေးစနစ် ဖြည့်ဆည်း အကောင်အထည်ဖော်ပေးနိုင်မည့် ဦးဆောင်ဘဏ်ကြီးတစ်ခုဖြစ်ပေါ်လာရေး ကြိုးစားတည်ဆောက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
677 Views

အိမ်ရာငွေကြေးစနစ် ဖြည့်ဆည်း အကောင်အထည်ဖော်ပေးနိုင်မည့် ဦးဆောင်ဘဏ်ကြီးတစ်ခုဖြစ်ပေါ်လာရေး ကြိုးစားတည်ဆောက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် အိမ်ရာငွေကြေးစနစ်ဖြည့် ဆည်းအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည့် ဦးဆောင်ဘဏ်ကြီးတစ်ခု ဖြစ်ပေါ်လာရေး သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် ကြိုးစားတည်ဆောက်သွားကြရန် ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပသည့် ဆောက်လုပ်ရေး ၊အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တိုက်တွန်းခဲ့သည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ နိုင်ငံသားတိုင်း အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးကို ဆောင်ရွက်နိုင်မည့် ထိရောက်သည့် ဘဏ္ဍာငွေကြေးစီမံခန့် ခွဲမှုစနစ်တစ်ခု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် ဘဏ်လုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ငါးနှစ်သက်တမ်းကာလအတွင်း ဘဏ်ခွဲ ၁၁ ခုဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများက တည်ဆောက်သွားမည့် ဆောက်လုပ်ရေးလုပ်ငန်းရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းဆုံးဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်းနှင့် လက်ရှိတည်ဆောက်နေသည့် Core Banking System ပြီးလျှင် ဘဏ်ခွဲများအပေါ် အခြေခံသည့်လုပ်ငန်းထက် Digital Banking ကို ကူးပြောင်းဆောင်ရွက်သွားရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။

“ယခင်က ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဟာ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ရည်မှန်းချက်ထားဆောင်ရွက်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေးချေးငွေ(Construction Loan) နှင့် အိမ်ရာချေးငွေ (Housing Mortgage Loan) လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အိမ်ရာလိုအပ်နေတဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲကို ပံ့ပိုးကူညီနိုင်ဖို့အတွက် အိမ်ရာဝယ်ယူလိုသူတွေကို ငွေစုဆောင်းတဲ့ အလေ့အထပြုစုပျိုးထောင်ပေးတဲ့ အိမ်ရာစုဆောင်းငွေစာရင်းကို စတင်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်နေတဲ့ အငှားဝန်ထမ်းအိမ်ရာနဲ့ အရောင်းဝန်ထမ်းအိမ်ရာတွေ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်နေတဲ့ ဝန်ထမ်းအိမ်ရာတွေကို အကောင်အထည်ဖော်ဖို့အတွက် PPP စနစ်နဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာလည်း ပါဝင်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါဘဏ်ကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအပြင် နိုင်ငံ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အား၊ လမ်း၊ တံတားစသည့် အခြေခံအဆောက်အအုံများ အပြင်လူမှုရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးကိုပါ ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ဘဏ်၏အမည်ကို Infrastructure ပါ ထည့်သွင်းပြီး ၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်တွင် CHD Bank (Construction Housing Development Bank) မှ CHID Bank (Construction ,Housing and Development Bank) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service